Аналитика Telegram-канала
Подписчики
1 574
Публикаций
494

Динамика подписчиков

7 дней 30 дней 6 месяцев Больше
15 ноя17 ноя20 ноя
Показаны последние 7 дней Больше истории →

Охваты публикаций

22.1026.1026.1031.10
142
Средний охват
214
Лучший результат
Показаны 4 публикации — последние в канале Больше статистики →

Упоминания

13
Упоминаний
9
Из них репостов
10
Каналов
Нет примеров за последние 90 дней
Все упоминания

Последние посты

3 из 494 2 из 494
🎃 HALLOWEEN – အောက်တိုဘာလရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ည အောက်တိုဘာလရဲ့ နောက်ဆုံးညမှာ လမ်းမတွေပေါ် ရွှေဖရုံသီးမီးအိမ်လေးတွေ လင်းလက်နေမယ်။ 🎃 အိမ်တံခါးတွေမှာ သရဲပုံစံ၊ လင်းနို့ပုံစံ အလှဆင်မှုတွေနဲ့အတူ ကလေးတွေရဲ့ "Trick or Treat!" ဆိုတဲ့ အသံတွေ ဆူညံနေမယ်။ 👻🍭 Yeener လေးတို့ရေ..ဒီလိုမြင်ကွင်းမျိုးကို မြင်ဖူးကြလား။ 🤫 ဒါဟာ ကမ္ဘာ့နိုင်ငံအချို့မှာ နှစ်စဉ် အောက်တိုဘာလ ၃၁ ရက်နေ့တိုင်း ကျင်းပလေ့ရှိတဲ့ Halloween ပွဲတော်ရဲ့ အငွေ့အသက်တစ်ခုပါပဲ။ 🕯️ Halloween ရဲ့ မူလအစ Halloween ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ ကျော်ခန့်က ရှေးခေတ် Celtic လူမျိုးတွေရဲ့ Samhain ပွဲတော်နဲ့ ဆက်စပ်နေပါတယ်။ အဲဒီခေတ်က လူတွေဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဝိညာဉ်လောကနဲ့ လူ့လောကကြား နယ်နိမိတ်ပါးလွှာသွားတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ခရစ်ယာန်ဘာသာရေးဆိုင်ရာ အစဉ်အလာတွေနဲ့ ပေါင်းစပ်လာပြီး ယနေ့ခေတ် Halloween ပွဲတော်အဖြစ် ပြောင်းလဲလာခဲ့တာပါ။ 🎃 ဒါဆို ရွှေဖရုံသီးမီးအိမ်တွေကို ဘာလို့ထွန်းကြတာလဲ။ Halloween မှာ တွေ့ရလေ့ရှိတဲ့ ရွှေဖရုံသီးမီးအိမ်တွေကို Jack-o'-Lantern လို့ ခေါ်ပါတယ်။ အိုင်ယာလန်ရိုးရာ Stingy Jack ပုံပြင်နဲ့ ဆက်စပ်ပြီး ပေါ်ပေါက်လာခဲ့တဲ့ ဓလေ့တစ်ခုပါ။ 🍬 Trick or Treat! ဒါကတော့ ကလေးတွေက ဆန်းကြယ်လှပတဲ့ဝတ်စုံအမျိုးမျိုးဝတ်ဆင်ပြီး အိမ်နီးချင်းတွေဆီ သွားကာ သကြားလုံးနဲ့ မုန့်တွေ တောင်းယူကြတဲ့ Halloween ရဲ့ အထင်ရှားဆုံး ဓလေ့တစ်ခုပါ။ ယနေ့ခေတ်မှာ Halloween ဟာ သမိုင်းကြောင်းနဲ့ ရိုးရာယုံကြည်မှုတွေကို ကျော်လွန်ပြီး လူတွေ အတူတကွ ပျော်ရွှင်ကြတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ပွဲတော်တစ်ခုရဲ့ အလှတရားဆိုတာ ပျော်ရွှင်မှုတစ်ခုတည်းမှာ မဟုတ်ဘဲ အဲဒီနောက်ကွယ်က သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေမှာလည်း ရှိနေတတ်ပါတယ်။ Happy Halloween! 🎃👻 #content_by_hsu #Halloween #yeenorg
ещё
140 0 6 31 окт, 15:01
မေတ္တာရောင်ခြည် ထိန်လင်းစေသည့် သီတင်းကျွတ်လပြည့်နေ့ 🪔 တစ်နှစ်တာရဲ့ ကြည်နူးအေးချမ်းဖွယ် အချိန်ကာလတွေထဲမှာ သီတင်းကျွတ်လပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ဆင်းသက်တော်မူတဲ့ နေ့ထူးနေ့မြတ်ဖြစ်သလို ဝါတွင်းကာလ ကုန်ဆုံးချိန်လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ မီးထွန်းပူဇော်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်းနဲ့ မိဘဘိုးဘွား၊ ဆရာသမားတို့ကို ရိုသေစွာ ကန်တော့ခြင်းတို့ဟာ ‌ဗုဒ္ဓဘာသာမြန်မာတို့ရဲ့ ချစ်မြတ်နိုးဖွယ်ရာ ရိုးရာအစဉ်အလာတွေကတစ်ခုပဲ ဖြစ်ပါတယ်။ 🙏🏻 သီတင်းကျွတ်ညရဲ့ မီးရောင်လေးတွေဟာ ပတ်ဝန်းကျင်ကို လင်းလက်စေရုံသာမက ကိုယ့်ဘဝကို အလင်းပေးခဲ့သူတွေရဲ့ မေတ္တာကိုလည်း ပြန်လည်အောက်မေ့စေပါတယ်။ ကိုယ်မသိတတ်သေးတဲ့ အရွယ်ကတည်းက စောင့်ရှောက်ပေးခဲ့တဲ့ မိဘတွေရဲ့ မေတ္တာ၊ ဘဝလမ်းကို မှန်ကန်စွာ လျှောက်လှမ်းတတ်ဖို့ သွန်သင်ပေးခဲ့တဲ့ ဘိုးဘွားတွေနဲ့ ဆရာသမားတို့ရဲ့ ကျေးဇူးတရားတွေဟာ ဘယ်အချိန်မှာမှ မမေ့သင့်တဲ့ တန်ဖိုးတွေပါ။ ဒီသီတင်းကျွတ်မှာတော့ လက်အုပ်ချီမိုးကန်တော့ခြင်း၊ တောင်းပန်ခွင့်လွှတ်ခြင်းနဲ့ ကျေးဇူးတင်စကားလေးတစ်ခွန်းတို့ကတစ်ဆင့် မေတ္တာတရားတွေကို ပိုမိုနီးကပ်စွာ မျှဝေကြရစို့လား။ 🪷 ဒီလို ကြည်နူးအေးချမ်းဖွယ် သီတင်းကျွတ်အခါသမယလေးမှာ YEEN (Youth Education Empowerment Network) မှ Yeener တစ်ယောက်ချင်းစီနဲ့ မိသားစုဝင်အားလုံးအတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ✨ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ သင်ယူလေ့လာမှုတိုင်းမှာ အောင်မြင်မှုတွေ ရရှိကြပြီး ရည်မှန်းချက်အိပ်မက်တွေကိုလည်း တစ်ဆင့်ချင်း အကောင်အထည်ဖော်နိုင်ကြပါစေ။ မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်ဖွယ် အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြသလို ကိုယ်တိုင်လည်း အခြားသူတွေအတွက် အလင်းရောင်တစ်စင်း ဖြစ်ပေးနိုင်ကြပါစေ။ ဒီသီတင်းကျွတ်မှာ စိတ်နှလုံးအေးချမ်းမှုတွေ ပွင့်လန်းပြီး မေတ္တာတရားတွေနဲ့ ဘဝလမ်းခရီးကို အတူတကွ လှပစွာ ဆက်လျှောက်နိုင်ကြပါစေလို့ YEEN မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။ 🤍 " ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ။ " 🏮 🌱 Yeen ကနေ ဗဟုသုတရစရာ postများ၊ ပြိုင်ပွဲများ၊ Knowledge sharing section များ ပြုလုပ်ပေး‌နေပြီး free class သင်တန်းများ ဖွင့်လှစ်ပေးနေတာကြောင့် အောက်မှာဖော်ပြထားတဲ့ social mediaက channelလေးတွေကို follow လုပ်ပေးခဲ့ကြပါဦးနော်။ Facebook https://www.facebook.com/share/1AqYpcYWcV/ Telegram channel https://t.me/YeenOrg Tik Tok : https://www.tiktok.com/@yeen_org?_r=1&_t=ZS-932PfW4B8sv #YeenOrganization #Yeen_Org #Thadingyut #Thadingyutfullmoonday #Firefestival #Content_by_ခ #Graphic_by_Owl
ещё
214 1 7 26 окт, 03:32
Фото
ещё
175 0 4 26 окт, 03:32
Больше постов

Продолжить анализ этого канала

  • История роста подписчиков
  • Просмотры и охваты публикаций
  • Кто упоминает канал и кого упоминает он
  • Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней