Каталог каналов Каналы в закладках Мои каналы Поиск постов Рекламные посты
Инструменты
Каталог TGAds beta Мониторинг Детальная статистика Анализ аудитории Бот аналитики
Полезная информация
Инструкция Telemetr Документация к API Чат Telemetr
Полезные сервисы

Не попадитесь на накрученные каналы! Узнайте, не накручивает ли канал просмотры или подписчиков Проверить канал на накрутку
Прикрепить Телеграм-аккаунт Прикрепить Телеграм-аккаунт

Телеграм канал «ပုလဲမြေ»

ပုလဲမြေ
14.1K
0
2.1K
2.1K
50.7K
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား
Подписчики
Всего
8 276
Сегодня
-3
Просмотров на пост
Всего
332
ER
Общий
3.98%
Суточный
3.6%
Динамика публикаций
Telemetr - сервис глубокой аналитики
телеграм-каналов
Получите подробную информацию о каждом канале
Отберите самые эффективные каналы для
рекламных размещений, по приросту подписчиков,
ER, количеству просмотров на пост и другим метрикам
Анализируйте рекламные посты
и креативы
Узнайте какие посты лучше сработали,
а какие хуже, даже если их давно удалили
Оценивайте эффективность тематики и контента
Узнайте, какую тематику лучше не рекламировать
на канале, а какая зайдет на ура
Попробовать бесплатно
Показано 7 из 14 082 постов
Смотреть все посты
Пост от 01.02.2026 08:20
4
0
0
1.2.2026
🇲🇲🇲🇲🇲🇲🇲🇲

Agent Of Myanmar အဖွဲ့အားကြိုဆိုကြမည်။
Видео/гифка
Изображение
Изображение
Изображение
Изображение
Изображение
Пост от 01.02.2026 08:17
17
0
0
အီရန်-ရုရှား-တရုတ် (၃) နိုင်ငံ ရေတပ်ပေါင်းပြီး ပူးတွဲစစ်ရေးလေ့ကျင့်ကြတယ်၊

အီရန်ရဲ့ရေအောက်မှာမြှုပ်ထားတဲ့ မစ်ဇိုင်းတွေကလဲ ကြီးကြီးမားမား (၂) ခုကိုလုပ်လာနှိုင်တယ်၊

✅ပထမတခုက အမေရိကန်ရေတပ်ကို အထိနာအောင်ပစ်ခတ်နှိုင်ပြီး

✅ နောက်တခုက ဟိုမုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်နှိုင်တယ်၊

ဟိုမုဇ်ကိုပိတ်ပစ်လိုက်ရင်တော့ ကမ္ဘာ့စီးပွားရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်တယ်၊

နောက် တချက်က ဟူသီနဲ့ ဟဇ်ဘိုလာတွေပဲ၊ အမေရိကန် F-18 (၂) စင်းကို ပစ်ချခဲ့လိုက်တာ ရက်ပိုင်းပဲရှိသေးတယ်၊ သူတို့ဆီမှာ ဘယ်လောက်အဆင့်မြင့်တဲ့လက်နက်တွေ ရှိထားသလဲ ဘယ်သူမှမသိဘူး၊

ရုရှားရဲ့ S-400 နဲ့ တရုတ်ရဲ့ S-400 နဲ့ညီတဲ့ ကြားဖြတ်ဒုံးတွေလဲ အီရန်မှာဆင်ထားပြီးပြီ၊ အထူးသဖြင့် ယူကရိမ်းစစ်မှာ အသုံးပြုခဲ့ပြီး အနောက်အုပ်စုက စိုးရိမ်ရတဲ့ ရုရှားရဲ့ Iskander-M တွေကိုလဲ ကျယ်ကျယ်ပြန့်ပြန့်ချထားတာတွေ့ရတယ်၊

ဆိုရရင်
အမေရိကန်က အဆင့်ပိုမြင့်တဲ့လက်နက်နဲ့ နည်းပညာကို မသုံးနှိုင်ရင် သိပ်ချောင်လှမှာမဟုတ်ဘူး၊

အမိန့်ပေးဌာနချုပ်ကိုသာ ခြေမှုန်းမှုမလုပ်နိုင်ရင် အမေရိကန်စစ်သင်္ဘော (၃) စင်းလောက်ထိခိုက်နိုင်တယ်၊

ပွဲဖြစ်ရင်ကြီးမယ်၊
အမေရိကန်အနေနဲ့လဲ နောက်ပြန်ဆုတ်လို့မရတော့ဘူး၊

အမေရိကန် " ဘာလဲ" ဆိုတာပြရတော့မယ်၊ မပြနိုင်ရင် ဦးကျိုးမယ်၊

Regime change လုပ်နိုင်ရင် ရုရှားနဲ့တရုတ် ခြေ လက်အဖြတ်ခံလိုက်ရပြီ၊

လောင်းကြေးကြီးတဲ့ပွဲပဲ
ယူကရိမ်းစစ်ထက်လောင်းကြေးပိုမြင့်တယ်
Пост от 01.02.2026 08:16
17
0
0
အီရန်-ရုရှား-တရုတ် (၃) နိုင်ငံ ရေတပ်ပေါင်းပြီး ပူးတွဲစစ်ရေးလေ့ကျင့်ကြတယ်၊ 👇👇👇
Изображение
Изображение
Изображение
Пост от 31.01.2026 14:19
354
0
0
အာရက္ခပြည်တွင် အစ္စလာမ်ဘာသာရေးဆုပေးပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ

One Nation News / ဇန်နဝါရီ ၃၁၊ ၂၀၂၆

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခပြည်လွတ်မြောက်နေရာတစ်ခုတွင် အစ္စလာမ်ဘာသာရေးဆုပေးပွဲကို ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာရေးကျောင်းသားများ၊ ULA/AA မှ သက်ဆိုင်ရာအကြီးအကဲများနှင့် အခြားဌာနဆိုင်ရာအသီးသီးမှ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဆုပေးပွဲအားတက်ရောက်လာသူများသည် ပထမဦးစွာ “အာရက္ခနိုင်ငံတော်သီချင်း” ကို သံပြိုင်ညီညာ သီဆိုကာ ဖွင့်ပွဲအခမ်းအနားအား စတင်ခဲ့ကြသည်။ ယင်းပွဲအား လူပေါင်း (၁၅၀၀) နီးပါးတက်ရောက်ခဲ့ကြသည်။

မြောက်ဦးခရိုင်အတွင်းရှိ မူဆလင်ကျေးရွာများတွင် အစ္စလာမ်ဘာသာရေးစာသင်ကျောင်း(မဒ္ဒရာဆာ) ၁၀ ကျောင်း ဖွင့်လှစ်ပညာသင်ကြားလျက်ရှိပြီး နှစ်စဉ် အတန်းတင်စာမေးပွဲများကို ကျောင်းတစ်ကျောင်းအား စာစစ်ဌာနအဖြစ် သတ်မှတ်ကာ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စာသင်ကျောင်း ၁၀ ကျောင်းမှ ဒုတိယတန်းမှ အဌမတန်းအထိ ကျောင်းသားစုစုပေါင်း ၄၀၂ ဦးသည် ဘာသာရပ် ၆ ခုကို ၆ ရက်ဆက်တိုက် စာမေးပွဲဖြေဆိုခဲ့ကြသည်ဟု သိရသည်။

ယင်းကျောင်းသားများအနက် ဘာသာရပ် ၆ ခုလုံးတွင် အမှတ် ၆၀၀ တိတိဖြင့် ဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသားတစ်ဦးလည်း ပါဝင်ခဲ့ပြီး ဂုဏ်ထူးရကျောင်းသား ၆၁ ဦး နှင့် စာမေးပွဲအောင်မြင်သူ ၂၄၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ဆုပေးပွဲအတွင်း လူမျိုးဘာသာမခွဲခြားဘဲ တစ်စုတစ်စည်းတည်းဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှနေကြသည့် ပုံရိပ်များကို မြင်တွေ့ရပြီး ဘာသာရေးခေါင်းဆောင်များနှင့် မူဆလင်အသိုင်းအဝန်းတစ်ရပ်လုံးမှာလည်း ဝမ်းမြောက်ပျော်ရွှင်မှုများ ပြည့်နှက်လျက်ရှိကြောင်း တွေ့မြင်ရသည်။

မူဆလင်လူမျိုးများအနေဖြင့် ယခင် စစ်ကောင်စီအဆက်ဆက် လက်ထက်များတွင် ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝမရရှိခဲ့ကြသော်လည်း ယခု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်ထက်တွင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ တန်းတူအခွင့်အရေးများ ရရှိလာကြောင်း မူဆလင်ဘာသာရေးအကြီးအကဲများက ဆိုကြသည်။

အဆိုပါပွဲအား တက်ရောက်လာသူ မောင်ကိုကိုစိုးက" အရင်စစ်ကောင်စီလက်ထက်ကဆိုရင်
ဒီလို ဘာသာရေးဆုပေးပွဲတွေ မလုပ်ဖူးဘူး။ မမြင်တွေ့ဖူးဘူး။ အခု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်မှာတော့ ဘာသာရေး ဆုပေးပွဲတွေလုပ်ပေး‌တော့
အရမ်းလည်းပျော်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်" ဟု ဆိုသည်။

ယင်းအပြင် ယခင်စစ်‌ကောင်စီ အုပ်ချုပ်ခဲ့သည့် ခေတ်အဆက်ဆက်က မတွေ့မမြင်ခဲ့ရသည့် အရောင်အသွေးစုံလင်သော လူမှုဘဝပုံရိပ်များကို ယနေ့ အာရက္ခပြည်တွင် မြင်တွေ့လာရပြီး လူမျိုးပေါင်းစုံ အတူတကွပူးပေါင်းနေထိုင်မှု၊ အတူတကွ ချစ်ခင်ရင်းနှီးမှုများကို လက်တွေ့မြင်တွေ့နေရကြောင်း ဒေသခံမူဆလင်များကလည်း ဆိုကြသည်။

မူဆလင်အသိုင်းအဝန်းတစ်ရပ်လုံးကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အုပ်ချုပ်နေမှုအပေါ် အထူးဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ကြပြီး နောက်လာမည့် အနာဂတ်တွင်လည်း လူမျိုးပေါင်းစုံ ညီညွတ်စွာ အတူတကွ တည်ဆောက်သွားမည်ဟု ဆိုကြသည်။

ဓာတ်ပုံ- One Nation News (အစ္စလာမ်ဘာသာရေး ဆုပေးပွဲမြင်ကွင်း)
😁 4
3
👍 1
Пост от 31.01.2026 14:19
327
0
0
Изображение
Изображение
Изображение
Изображение
Изображение
Изображение
Изображение
Изображение
Изображение
Изображение
Пост от 31.01.2026 14:12
274
0
0
၃၀.၁.၂၀၂၆ ရက်နေ့ ၁၅၅၀ အချိန် တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်ကျေးရွာအုပ်စု၊ ရဲတပ်ကျေးရွာထိပ် တောင်တွင်းကြီး- ပြည်ကားလမ်းမ ယာဘက်ခြမ်း လယ်ကွင်းတွင် အကြမ်းဖက် pdf များ ထောင်ထားသော လက်လုပ်ဗုံး ပေါက်ကွဲ၍ နွားကျောင်းနေသူ ရဲဝင်းသူ၊ ၃၀ နှစ်၊ ရဲတပ်ကျေးရွာနေသူတွင် ဒဏ်ရာများရရှိ။

ပြည်ဖျက် အကြမ်းဖက် လူသတ်ကောင် PDF တွေရဲ့ လုပ်ရပ်တွေက တော်တော်ရွံ့ဖို့ကောင်းနေပြီ။

မှိုင်းဝေ
Изображение
Изображение
Изображение
Изображение
Изображение
🤔 2
1
Пост от 31.01.2026 14:09
268
0
0
ICJ တရားရုံးကြားနာပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ပြောကြားသည့်မိန့်ခွန်း
လေးစားရပါသော တရားသူကြီးမင်းများခင်ဗျာ..
-
တရားရုံး၏ ခွင့်ပြုချက်ဖြင့် ဤနေရာတွင် မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် အဆိုပြုချက် တင်သွင်းခွင့်ရခြင်းအတွက် ကျေးဇူးတင်ပါသည်။ တင်သွင်းမည့် အဆိုပြုချက်မတိုင်မီ အနှစ်ချုပ်ပြောကြားလိုပါသည်။
-
ပထမဆုံးအနေဖြင့် ယခုသုံးပတ်ကြာ ကြားနာမှုကာလအတွင်း ပါဝင်ဆောင်ရွက်သူအားလုံးအနေဖြင့် အားထုတ်မှု များစွာပြုလုပ်ခဲ့ကြပါသည်။ တရားရုံးတွင်လည်း ယခုကဲ့သို့ ရှည်လျားသည့် ကြားနာပွဲမရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ တရားသူကြီးများအနေဖြင့် နှစ်ဖက်၏ ချေပချက်များကို ဂရုတစိုက် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ တရားရုံး၏ အလုပ်များပြားသည့်ကာလတွင် အချိန်ပေးပြီး ဤကိစ္စကို ထူးခြားစွာ ဆောင်ရွက်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါသည်။
-
ဒုတိယအနေဖြင့် ဤကိစ္စသည် အလွန်အရေးကြီးပါသည်။ ထူးခြားသောကိစ္စတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုအတွက် အထူးအရေးပါပါသည်။ ပြည်တွင်းရှိ ပြည်သူများသည် ဤအမှုကို စိုးရိမ်စွာဖြင့် မျက်ခြည်မပြတ် စောင့်ကြည့်နေကြပါသည်။ သုံးပတ်တာကာလအတွင်း ပြည်တွင်းပြည်ပ စောင့်ကြည့်သူများသည် ဤအမှု၏ ရှုပ်ထွေးနက်နဲမှုကို သိရှိနားလည်လာကြမည်ဟု ယုံကြည်ပါသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ဤမျှကြီးမားသော စွပ်စွဲချက်ကို ရင်ဆိုင်ကာကွယ်ရသည့်အခြေအနေကို အနည်းဆုံး သိရှိခွင့်ရကြမည်ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူများသာမက နောင်မျိုးဆက်သစ်များအတွက် အရေးပါသောအကျိုးစီးပွားအတွက် ဤအမှုကို မည်သို့ရင်ဆိုင်ခဲ့ကြောင်း၊ အဆင့်အတန်းမီ သက်သေများကို မည်သို့တင်ပြခဲ့ကြောင်းတို့ကို သိရှိခွင့်ရကြမည်ဖြစ်ပါသည်။
-
တတိယအနေဖြင့်၊ မနေ့က ဂမ်ဘီယာမှ တင်ပြခဲ့သော သက်သေသုံးဦးသည် ၎င်းတို့၏ ပြောဆိုချက်များဖြင့် ဤအမှုအတွက် ခိုင်မာသော အထောက်အထား မဖြစ်နိုင်ကြောင်းကို မြန်မာနိုင်ငံ၏ ရှေ့နေက လျှောက်လဲပြီးဖြစ်ပါသည်။ ကြားနာမှုကာလအတွင်း မြန်မာနိုင်ငံဘက်မှ ထိုကဲ့သို့သော မေးခွန်းများကို ထပ်ခါထပ်ခါ မေးမြန်းခဲ့ပါသည်။ ကျွန်ုပ်တို့သည် လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေး သဘောတူစာချုပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မေးခွန်း ထုတ်ခဲ့သည်။ တစ်ဖက်က တင်ပြသည့် အချက်အလက်များ၏ ခိုင်မာမှုကိုလည်း မေးခွန်းထုတ်ခဲ့သည်။ ထိုသို့ မေးခွန်းထုတ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ဖြစ်ရပ်မှန်ကို အလင်းပြလိုသော ဆန္ဒကြောင့်ဖြစ်ပါသည်။ ဤသို့ မေးခွန်းထုတ်နိုင်ရခြင်းမှာ တရားရုံး၏ တရားမျှတမှုနှင့် အမှန်တရားကို ရှာဖွေစီရင်မည်ဟူသော ယုံကြည်ချက် ကြောင့်လည်း ဖြစ်ပါသည်။
-
နောက်ဆုံးအနေဖြင့်၊ ဤကြားနာမှုကို ချောမွေ့စွာဆောင်ရွက်နိုင်ရန် ကူညီပေးခဲ့သူများအားလုံးအား ကျေးဇူးတင်ရှိ ပါသည်။ တရားရုံးမှတ်တမ်းတင်သူများ၊ စကားပြန်များ၊ လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် အားလုံးကို ကျေးဇူးတင်ပါသည်။ နှစ်ဖက်လုံး၏ ချေပချက်များကို ဂရုတစိုက် နားထောင်ပေးခဲ့သည့် တရားသူကြီးများအားလုံးကိုလည်း ကျေးဇူးတင်ရှိ ပါသည်။
-
ယခု ကျွန်ုပ်၏တာဝန်မှာ တရားရုံး၏ စည်းမျဉ်းစည်းကမ်း ပုဒ်မ ၆၀၊ အပိုဒ်ခွဲ ၂ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကိုယ်စား အောက်ပါဆုံးဖြတ်ချက်ကို တောင်းဆိုရန်ဖြစ်ပါသည်-

💯 ဂမ်ဘီယာ သမ္မတနိုင်ငံမှ တရားရုံးသို့ မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေး သဘောတူ စာချုပ်ကို ချိုးဖောက်သည်ဟု တင်သွင်းထားသော စွဲချက်အားလုံးသည် ဥပဒေနှင့် အချက်အလက် မညီညွတ်သဖြင့် ပယ်ချပေးပါရန်။

💯 ဂမ်ဘီယာ သမ္မတနိုင်ငံမှ တရားရုံးသို့ မြန်မာနိုင်ငံအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့သည့် ကြားဖြတ် စီမံဆောင်ရွက်ချက်ကို ချိုးဖောက်သည်ဟု တင်သွင်းထားသော စွဲချက်အားလုံးသည် ဥပဒေနှင့် အချက်အလက် မညီညွတ်သဖြင့် ပယ်ချပေးပါရန်။

💯 ဂမ်ဘီယာမှ တင်သွင်းထားသော နစ်နာကြေးပေးရန်အပါအဝင် အခြားသော တောင်းဆိုချက် အားလုံးသည် ဥပဒေနှင့် အချက်အလက် မညီညွတ်သဖြင့် ပယ်ချပေးပါရန်၊

ကျေးဇူးတင်ပါသည်။
5
Смотреть все посты