Не попадитесь на накрученные каналы! Узнайте, не накручивает ли канал просмотры или подписчиков Проверить канал на накрутку
Прикрепить Телеграм-аккаунт Прикрепить Телеграм-аккаунт

Телеграм канал «Veil & Echo 🌘»

Veil & Echo 🌘
48
0
6
3
0
ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေပြောပြချင်တယ်ဆို ဒီ က တစ်ဆင့် @Megan_Han25 လာပြောပါနော်
Подписчики
Всего
323
Сегодня
0
Просмотров на пост
Всего
19
ER
Общий
5.88%
Суточный
4.95%
Динамика публикаций
Telemetr - сервис глубокой аналитики
телеграм-каналов
Получите подробную информацию о каждом канале
Отберите самые эффективные каналы для
рекламных размещений, по приросту подписчиков,
ER, количеству просмотров на пост и другим метрикам
Анализируйте рекламные посты
и креативы
Узнайте какие посты лучше сработали,
а какие хуже, даже если их давно удалили
Оценивайте эффективность тематики и контента
Узнайте, какую тематику лучше не рекламировать
на канале, а какая зайдет на ура
Попробовать бесплатно
Показано 7 из 48 постов
Смотреть все посты
Пост от 20.10.2026 13:01
8
0
0
https://vt.tiktok.com/ZSgSym7GS/

မင်မင် Halloween အတွက် mini film လေး ရိုက်ဖို့ရှိပါတယ် ဒါလေးက အမြည်းလေးပါ🙏🏻

Link ထဲက video မှာ လိုအပ်တာရှိနေရင် အကြံပေးလို့ရပါတယ်နော်
❤ 1
Пост от 19.10.2026 22:01
8
0
0
ကျွန်မ အိပ်တော့ အိပ်မက်လိုလိုဘာလိုလိုနဲ့ အိပ်မက်စမက်တယ်

အိပ်မက်ထဲမှာ ကျွန်မက မနက်က တည်းခဲ့တဲ့ မိုတယ်ကိုပြန်ရောက်နေတယ်

ကျွန်မ မိုတယ်မှာ ရေချိုးပြီလို့ရေချိုးခန်းကနေထွက်လာချိန်မှာ ကောင်လေးတစ်ယောက်က အိပ်ယာပေါ်မှာ ဖုန်းကြည့်နေတယ် ရုတ်တရက်အဲ့ကောင်လေးက ထထိုင်ပြီငိုနေပြန်တယ်

ကျွန်မက ဟဲ့ ဘယ်သူကြီးလဲ အခန်းမှားနေပြီလို့အော်ပြောပေမဲ့ ဘာမှမတုန့်ပြန်ဘူး သူကငိုပဲငိုနေတာ အဲ့တာနဲ့ကျွန်မလဲ သူ့အနားသွားပြီ အခန်းကထွက်သွားမလို့သွားပြောမလို့အလုပ်မှာ အဲ့လူက ကုတင်ပေါ်ကနေ ရုတ်တရက် ထပြီ သူ့အိတ်ထဲက ကြိုးခွေတစ်ခုကို ကိုင်လျက်သား မတ်တပ်ရပ်နေတယ်

ကျွန်မက ကြိုးကိုကိုင်တာရောနဲ့ သူ့နောက်ကျောကိုပဲမြင်တော့ ကျွန်မကိုအန္တာရယ်လုပ်မှာစိုးလို့ တံခါးသွားဖွင့်တာ တံခါးက ဖွင့်မရပြန်ဘူး တံခါးကိုထုပြီ ကယ်ကြပါဦးလို့ အော်နေခဲ့တယ် ကျွန်မ အော်နေတုန်းသူ့ဘက်ကို လှည့်ကြည့်တဲ့ချိန်သူက ကျွန်မကို နောက်ကျောပေးထားလျက်နဲ့ ခေါင်းကို 45* လောက်စောင်းကြည့်နေတာကိုတွေ့သွားတယ်

သူအဲ့လိုစောင်းကြည့်နေတာမြင်တော့သူ့ခေါင်းကအရှေ့ကိုပြန်လှည့်သွားပြီတော့ ဘေးကခုံပုကိုယူပြီ ပြတင်းပေါက်နားကိုကပ်ခဲ့တယ်

နောက်ပြီတော့သူ လိပ်ကာတန်းကိုကြိုးတွေချီပြီတော့ ကျန်တဲ့ကြိုးကိုသူ့ခေါင်းမှာစွတ်ပြီ ပြတင်းပေါက်ပေါ်ကနေ ခုန်ချကာ အဆုံးစီရင်ခဲ့တယ် လို့မက်တယ်

အဲ့လိုမက်တော့ကျွန်မလဲ အိပ်ယာက နိုးလာပြီ ဘာလုပ်ရမှန်းမသိနေတုန်းအချိန်မှာ ကျွန်မအခန်းထောင့်ကနေ

“ချွတ်..ချွတ်” ဆိုပြီ လှမ်းခေါ်တဲ့အသံကြားရတယ် ကျွန်မလှည့်ကြည့်တော့ဘာမှမမြင်ရဘူး အသံလာတဲ့နေရာလို့ထင်တဲ့နေရာကိုစိုက်ကြည့်နေတုန်း တံခါးဘေးက ခုံပုမှာလူတစ်ယောက်က မျက်လုံးကိုပိတ်ထားတယ်နောက်ပြီ တင်ပလွေခွေထိုင်လျက်သားအရိပ်ကိုမြင်နေရတယ် ကျွန်မ အဲ့တာလဲမြင်တော့မီးဖွင့်မလို့ မီးခလုတ်ရှာနေတုန်းမှာ ထပ်ပြီ ချွတ်..ချွတ် လုပ်ပြန်တယ်

ကျွန်မလဲ လှည့်ကြည့်မိတော့ပဲ မျက်စိပိတ်ထားတဲ့လူက မျက်လုံးကြီးပွင့်လာပြီ တရားနာမယ်ဆို ဘယ်မှာလဲ တရားဆိုပြီ လှမ်းပြောပါတယ်

ကျွန်မ ကိုအဲ့လိုပြောတော့ မီးကိုအမြန်ဖွင့်လိုက်တော့ ထုံးစံအတိုင်းဘယ်သူမှမရှိနေဘူး အဲ့တာနဲ့ကျွန်မလဲ ဘုရားစင်ကိုအမြန်ပြေးသွားပြီ ဘုရားစရှိခိုးပါတော့တယ် ကျွန်မ ဘုရားရှိခိုးအပြီး အမျှဝေခါနီးမှာ ကျွန်မ နောက်ကျောကနေ လေအေးအေးတိုက်လာတာကိုခံစားမိလာတယ်

ကျွန်မလဲ သာဓု ၃ ခါ ခေါ်အပြီးမှာ လေသံခပ်တိုးတိုးတစ်ခုက ကျွန်မနောက်ကနေ သာဓု သာဓု ဆိုပြီ နှစ်ခါခေါ်တဲ့အသံကိုကြားလိုက်ရတယ်

ကျွန်မလဲ သူလွတ်ကျွတ်သွားလောက်ပြီးလို့ စိတ်ကနေတွေးနေမိတယ် ကြောက်ကလဲကြောက်နဲ့ဆိုတော့ ငိုချမိသွားတယ်

ဒီလိုနဲ့အခန်းထဲပြန်လာပြီ ပြန်အိပ်လိုက်တယ်

မနက်ရောက်တော့ကျွန်မလဲ အိပ်ယာနိုးတော့ မျက်နှာသစ်ဘာညာလုပ်တာပေါ့ ကျွန်မမောင်လေးကလဲ ကျောင်းသွားမို့ ရေချိုးခန်းအလာ ကျွန်မကိုတွေ့တော့လှမ်းအော်တယ် သူ့အိပ်ခန်းကနေ ရေချိုးခန်းဘက်ကို လှမ်းအော်တယ်

“ကျွန်တော်ဝင်မယ်အမ နောက်ကျနေလို့တဲ့”ကျွန်မကလဲ ငါအရင်ရောက်တာငါအရင်ချိုးမယ်ဆိုပြီ ပြန်စလိုက်တယ်

ကျွန်မ မောင်လေးရေချိုးပြီတဲ့အချိန်က ကျွန်မ အိမ်အောက်ထပ်ကဆိုင်မှာ တစ်ယောက်တည်း ဆိုင်ခင်းနှင့်နေတယ်

မောင်လေးက လှေကားပေါ်ကနေ ဆင်းလာရင်း ကျွန်မကိုစမလို့ဆိုပြီ လှေကားလက်ကိုင်ကနေခေါင်းလေးကိုထွက်ပြီ ကျွန်မ “ဝါးး” ဆိုပြီ လှမ်းအော်တယ်

ကျွန်မလဲလန့်သွားတော့သူက ရယ်တယ်ပြီခါကျ လှေကားကနေပဲ “အမ အမ စောနက ဆိုင်ပုံးရှေ့မှာ ယောင်္ကျားတစ်ယောက်ရပ်နေတယ် စျေးဝယ်မလို့ထင်တယ်” လို့ပြောတော့ကျွန်မလဲ ဟင်ဘယ်သူမှမရှိပါဘူး နင်မစနဲ့လို့ပြောတော့မဟုတ်ဘူး “ကျွန်တော်တကယ် မြင်လိုက်ရတာ ခုမရှိတော့ဘူး”

ကျွန်မ မယုံလို့ CCTV ပြန်ကြည့်တော့တကယ်ပဲ ကျွန်မ နားက ဆိုင်ပုံးရှေ့မှာလူတစ်ယောက်ရပ်နေတယ် ကျွန်မ လှည့်ကြည့်တဲ့ချိန် အဲ့ CCTV မှာ အဲ့လူက ရုတ်တရက်ကြီးပျောက်သွားတယ်

ကျွန်မ ဘာဆက်လုပ်ရမှန်းမသိဘဲ ကျန်နေခဲ့တော့တယ်
Пост от 19.10.2026 21:20
4
0
0
ကျွန်မ အိပ်ခန်းလဲရောက်တော့ ၁ နာရီခွဲနေပါပြီ ဒီလိုနဲ့ကျွန်မ ကြောက်စိတ်ပြေအောင်ဆိုပြီ TikTok ဆက်သုံးနေမိတယ်

တော်တော်ကြာကြာ ကြည့်နေရင်း ကျွန်မရဲ့ ဘေးဘက်ခြမ်းမှာ အရိပ်တစ်ခုကိုမြင်မိလို့ လှည့်ကြည့်လိုက်တာ ပုံထဲကအတိုင်း ယောင်္ကျားသားတစ်ယောက်က ကျွန်မကို မျက်လုံးပြူးပြူးနဲ့ကြည့်နေတာ

ကျွန်မလဲ လှန့်ပြီ အော်လိုက်တယ် ပြီတော့မီးထဖွင့်တော့ ဘယ်သူမှရှိမနေပြန်ဘူး

ကျွန်မ အော်လိုက်တဲ့အသံကြောင့်အဖေလဲနိုးသွားတယ် ဘာဖြစ်လဲမေးတော့ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်တယ် အဖေက ကျွန်မကို အရူးတစ်ယောက်လိုပဲကြည့်ပြီ ဆူပါတော့တယ် ကျွန်မလဲအငြင်းမပွါးချင်လို့ မျက်စိမှားတာလို့ပဲပြောပြီ အိပ်ပျော်အောင်အိပ်လိုက်တော့တယ်
Пост от 19.10.2026 21:11
3
0
0
မိုတယ် ကနေ ပါလာတယ်
Part-2
👏 1
Пост от 19.10.2026 20:46
8
0
0
စာလုပ်တာ မိနစ် ၃၀ လောက်အကြာ ကျွန်မ နောက်ကျောမလုံလာသလိုခံစားလာရတယ် ကျွန်မကို တစ်ယောက်ယောက်ကြည့်နေသလိုခံစားလာရတယ်

အဲ့လိုနဲ့ ထိုင်ရာကနေ ထကြည့်ရင်း မီးမဖွင့်ထားတဲ့ ထမင်းစားခန်းမှာ အရိပ်မဲမဲက ကျွန်မကို ရပ်ကြည့်နေတာလှမ်းမြင်နေရတယ်

ကျွန်မလဲ အဖေ ထင်လို့ အဖေလားလို့ မေးတော့လဲ ဘာမှပြန်မဖြေဘူး အဲ့လိုနဲ့ကျွန်မလဲ ထမင်းစားခန်းနားက မီးကိုဖွင့်ကြည့်တော့ဘယ်သူမှမရှိနေဘူး

ကျွန်မလဲကြောက်ကြောက်နဲ့စာအုပ်တွေကိုသိမ်းပြီ အပေါ်ထပ်အိပ်ခန်းကို ပြန်လာခဲ့တယ်
🍓 1
Пост от 19.10.2026 20:43
9
0
0
ကျွန်မအဲ့လိုနဲ့ မေ့မေ့ပျောက်ပျောက်ရှိသွားပြီနေလာခဲ့တာ ည ၁၁ နာရီလောက်ရှိသွားတယ် ကျွန်မလဲ စာလုပ်တော့မယ်ဆိုပြီ အိမ်အလယ်ထပ်ဆင်းလာခဲ့တယ်

အကုန်လုံးကလဲ အိပ်ကုန်ပြီဆိုတော့ ကျွန်မတစ်ယောက်တည်း မီးလေးဖွင့်ပြီ စာလုပ်နေခဲ့တယ်
🍓 1
Пост от 19.10.2026 20:38
10
0
0
ကျွန်မကလဲ မဟုတ်တာလုပ်တာဆိုလို့ အိမ်ကနေ ဆင်းခဲ့တာပဲရှိတယ်လို့ပြောအပြီ စကားမှားခဲ့တာကိုပြန်သတိရသွားခဲ့ပါတယ်

ဒီလိုနဲ့ ကျွန်မ ဒီညစောင့်ကြည့်မယ်ဆိုပြီသူငယ်ချင်းကိုပြောအပြီ ဖုန်းချလိုက်ပါတယ်
❤ 1
🍓 1
Смотреть все посты