Аналитика Telegram-канала
Подписчики
12 883
Охват за 24 ч
204
ER за 24 ч
1,58%
Публикаций
1 753

Динамика подписчиков

7 дней 30 дней 6 месяцев Больше
31 окт3 ноя6 ноя
Показаны последние 7 дней Больше истории →

Охваты публикаций

02.1102.1102.1106.1106.1106.11
23
Средний охват
112
Лучший результат
Показаны 6 публикаций — последние в канале Больше статистики →

Упоминания

721
Упоминаний
451
Из них репостов
58
Каналов
Все упоминания

Последние посты

3 из 1 753 2 из 1 753
Фото
Mission Mompossible (2026) မေမေတို့ရဲ့ မစ်ရှင် (၂၀၂၆) Ep-29 Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော် တစ်သက်လုံး မိသားစုအတွက် ရှင်သန်လာခဲ့ပေမဲ့လည်း တစ်ခါလောက်တော့ ရူးချင်ဟန်ဆောင်ပြီး ပုန်ကန်ပစ်လိုက်ချင်သားဆိုပြီး စိတ်ကူးဝင်မိကြတဲ့ မေမေတွေ ရှိကြမှာပါ။ ဒီလိုမေမေတွေအတွက် တစ်ဆင့်ခံ စိတ်ကျေနပ်မှုလည်း ရရှိစေမယ်.. သားသမီးတွေဘက်ကနေလည်း မိခင်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို စာနာမိစေမယ့် မိသားစုဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ We Are All Trying Here ထဲက မင်းသမီး Jeong Min-A နဲ့ Judge vs. Judge ထဲက မင်းသား Dong Ha တို့အပြင် ကေဒရမ်မာပရိသတ်တွေနဲ့ မစိမ်းကြတဲ့ Kim Hee-Jung၊ Kang Kyung-Heon၊ Yang Hee-Kyung၊ Kim Young-Ok တို့လို ဇာတ်ပို့သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - သားသမီးတွေ ကိုယ့်ရှေ့လမ်းကိုယ် အဆင်ပြေပြေ လျှောက်လှမ်းနေနိုင်ရုံနဲ့တင် အတိုင်းထက်အလွန်ပါပဲဆိုပြီး ကျေနပ်ပျော်ရွှင်နေတဲ့ ဂျိုမီမီ (Kim Hee-Jung)... ဒါပေမဲ့လည်း လောကဓံကတော့ သူ့ကို မျက်နှာသာမပေးခဲ့ပါဘူး။ အိမ်ထောင်ကွဲသွားတဲ့ သားကြီးနဲ့ အကြွေးပင်လယ်ဝိုင်းနေတဲ့ သားလတ်တို့က ခရီးဆောင်အိတ်ဆွဲပြီး သူ့ရင်ခွင်ထဲ ပြန်တိုးဝင်လာသလို ယုံကြည်အားကိုးထားတဲ့ သမီးငယ် ဂန်ဒါမီ (Jeong Min-A) ကပါ အကောင်းအတိုင်းလုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ထွက်ချလာပါတော့တယ်။ ဒီကြားထဲ အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ဘူးဆိုတဲ့ သတင်းဆိုးကိုပါ ကြားသိလိုက်ရတဲ့အခါ သားသမီးတွေကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် နောက်ဆုံးအနေနဲ့ လမ်းပြပေးဖို့အတွက် "ငါ နောက်အိမ်ထောင်လည်း ပြုတော့မယ်... ပိုင်ဆိုင်မှုအကုန်လုံးကိုလည်း လူမှုအဖွဲ့အစည်းဆီ လှူဒါန်းပစ်တော့မှာ"ဆိုပြီး အယောင်ဆောင်ကြေညာချက်ကို ပြုလုပ်ကာ ပုန်ကန်ပြတဲ့အခါမှာတော့... "သားသမီးတွေ မလိမ္မာဘူးမလား... ရတယ်လေ သူတို့ထက် ဆယ်ဆမက ပိုရူးသွပ်ပြလိုက်မယ်" ဆိုတဲ့ မိခင်တစ်ဦးရဲ့ တောက်ပတဲ့ နောက်ဆုံးခရီးစဉ်လေးကို အပတ်စဉ် စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။ #MissionMompossible #koreaseries #2026series #mmsub #blackhole
ещё
6 0 6 ноя, 09:36
Фото
Francesca Next Door (2026) အိမ်နီးချင်း ဗမ်ပိုင်းမလေး (၂၀၂၆) Ep-1,2 Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော် Vampire မလေးနဲ့ သာမန်လူသားကောင်လေးကြားက အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး ပုံဖော်ထားတဲ့ Teen Romance Fantasy စီးရီးသစ်လေး တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားထဲမှာတော့ Love Phobia, Cheer Up တို့ထဲက မင်းသား Kim Hyun Jin, မင်းသမီးချော Han Soo A နဲ့ မင်းသား Lee Seung Gyu တို့က အဓိက ပါဝင်ထားပါတယ်။ ရိုမေးနီးယားနိုင်ငံကနေ ကိုရီးယားနိုင်ငံကို ပြောင်းရွှေ့လာတဲ့ Pi Na-young (Han Su-ah) ဟာ လူသားတွေနဲ့အတူ သာမန်ကျောင်းသူတစ်ယောက်လို နေထိုင်ဖို့ ကြိုးစားနေတဲ့ Vampire မလေး တစ်ယောက်ပါ။ ဒါပေမဲ့ လူသားတွေရဲ့ နေထိုင်မှုပုံစံ၊ ကျောင်းစည်းကမ်းတွေနဲ့ ပတ်ဝန်းကျင်အသစ်ကို အသားကျဖို့က သူမအတွက် ထင်ထားသလောက် မလွယ်ကူလှပါဘူး။ ကျောင်းပြောင်းလာတဲ့ ပထမဆုံးနေ့မှာပဲ ကျောင်းသားခေါင်းဆောင် Jang Woo-ju (Kim Hyun-jin) နဲ့ ဆုံတွေ့ခဲ့ပြီး Na-young ရဲ့ Vampire ဖြစ်တည်မှုကို Woo-ju တစ်ယောက် မတော်တဆ သိရှိသွားပြီးတဲ့နောက် သူမရဲ့လျှို့ဝှက်ချက် မပေါ်သွားစေဖို့ လိုက်ကူညီစောင့်ရှောက်ပေးရတဲ့အခြေအနေ ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ Vampire မလေးဟာ လူသားတစ်ယောက်အပေါ် ပထမဆုံးအကြိမ် ရင်ခုန်မိလာခဲ့ပြီး တစ်ဖက်မှာလည်း သူမရဲ့ပင်ကိုယ်ဗီဇဖြစ်တဲ့ သွေးစုပ်လိုစိတ်ကို လှုံ့ဆော်ပေးမယ့် တခြား Vampire တစ်ယောက် ‌ရောက်လာတဲ့အခါမှာတော့ .... #FrancescaNextDoor #koreaseries #2026series #mmsub
ещё
5 0 6 ноя, 09:36
Фото
Family Register (2026) မိသားစုမှတ်တမ်း (၂၀၂၆) Ep-74 Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။ channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာ‌မို့ joinထားကြပါနော် အလှည့်အပြောင်းများစွာနဲ့ အပိုင်းတိုင်း လောင်နေရမဲ့ ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်သူများအတွက် School 2013 ထဲက မင်းသမီးလေး Park Se-Young , မင်းသမီးကြီး Han Go-Eun , မင်းသမီးကြီး Lim Ji-Eun စတဲ့ ရှယ်မင်းသမီး သုံးဦးကို အပြိုင်မြင်တွေ့ရမဲ့ ဒရမ်မာသစ်လေး ထွက်ရှိလာပါပြီ ။ ဒါ့အပြင် The Woman Who Swallowed the Sun ထဲက မင်းသားကြီး Jeon No-Min ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ထားပေးပါတယ် ။ - ဇာတ်လမ်းအကျဉ်း - ဟန်းဂုတက္ကသိုလ်ကနေ ကိုးရီးယားပန်းချီ မေဂျာနဲ့ ဘွဲ့ရထားပြီး ကိုယ်ရဲ့ ပန်းချီကားတွေကို အသက်သွင်းကာ တစ်ကမ္ဘာလုံးက နှစ်သက်အားပေးကြတဲ့ အန်နီမေးရှင်းကို ဖန်တီးဖို့ အိပ်မက်မက်နေတဲ့ အန်နီမေးရှင်း ဖန်တီးသူလေး နာဂျီနီ (Park Se-Young) ဟာဆိုရင်... အပြင်ပန်းမှာတော့ ထုတ်လုပ်ရေးကုမ္ပဏီ ကိုယ်စားလှယ် ဖခင် ချာမင်ဂီ (Jeon No-Min) နဲ့ နာမည်ကြီး တယောကြီးပညာရှင် မိခင် နာဆယ်ရီ (Han Go-Eun) တို့ရဲ့ အရိပ်အောက်မှာ ကြီးပြင်းလာတဲ့ ရွှေမင်းသမီးလေးလို့ ထင်ရပေမဲ့လည်း ဆယ်ကျော်သက်အရွယ်မှ သိလိုက်ရတဲ့ အမှန်တရားကတော့ .. သူဟာ မိသားစုတစ်စုကို ပျက်စီးစေပြီးမှ မွေးဖွားလာတဲ့ တရားမဝင်ကလေးဆိုတာပါပဲ ။ တစ်ဖက်မှာလည်း ခင်ပွန်းဖြစ်သူ ချာမင်ဂီရဲ့ သစ္စာဖောက်မှုကြောင့် ပျော်ရွှင်မှုတွေ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေခဲ့ရတဲ့ မယားကြီး နိုယောင်းဂျူ (Lim Ji-Eun) ကတော့ လက်ရှိမှာ အဆိုသင်တန်းဖွင့်လှစ်ရင်း ဘဝကို ဆက်လက် ဖြတ်သန်းလို့နေပါတယ်...။ အပြစ်သားလို့ တံဆိပ်တပ်ခံရပြီး မွေးဖွားလာတဲ့ မိန်းကလေး ၊ အချစ်ကို ခိုးယူခဲ့တဲ့ အမျိုးသမီး ၊ အချစ်ကို လုယူခံလိုက်ရတဲ့ အမျိုးသမီး... အမုန်းတရားတွေနဲ့ ရစ်ပတ်ထားတဲ့ သူတို့သုံးဦးရဲ့ ကံကြမ္မာက ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ။ #FamilyRegister #koreaseries #2026series #mmsub #blackhole
ещё
4 0 6 ноя, 09:36
Больше постов

Продолжить анализ этого канала

  • История роста подписчиков
  • Просмотры и охваты публикаций
  • Кто упоминает канал и кого упоминает он
  • Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней