Аналитика Telegram-канала
Подписчики
2 308
Охват за 24 ч
395
ER за 24 ч
17,11%
Публикаций
10 341
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
17 ноя20 ноя23 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
16:2417:3018:4618:5118:5118:52
48
Средний охват
75
Лучший результат
Показаны 6 публикаций за 23 ноября
Больше статистики →
Упоминания
58
Упоминаний
52
Из них репостов
5
Каналов
90
Упоминаний за 90 дней
85
Из них репостов
8
Каналов за 90 дней
Последние посты
3 из 10 341 2 из 10 341Daily Highlight 2
Nov 23 (09:50 PM)
ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- အင်းတော်နယ် မော်လူးဒေသ ၃ ကြိမ်
- ပေါက်တောနယ် ၁ ကြိမ်
- မင်းတုန်းနယ် ၂ ကြိမ်
- မိုးမိတ်နယ် ၃ ကြိမ်
- ထီးချိုင့်နယ် ၁ ကြိမ်
- ပုဏ္ဏားကျွန်း/ကျောက်တော်နယ်အစပ် ၂ ကြိမ်
-ဘုတလင်နယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ပုဏ္ဏားကျွန်းနယ် ၁ ကြိမ်
- ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။
(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)
#Thadinsubue
Crd to original uploader with respect
ещё
37
0
23 ноя, 18:52
ဆက်လက်စစ်ဆေးနေကြောင်း၊ လက်ရှိ နေအိမ်ကိုလည်း ချိတ်ပိတ်သိမ်းဆည်းထားကြောင်း၊ ထို့ပြင် အဆိုပါကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်သည့် မစိုးရိမ်ကျောင်းလမ်းရှိ အိမ်အမှတ် (၄၃/၁) ကိုလည်း ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွင် အသုံးပြုသည့် All-in-One ကွန်ပျူတာ ၁ လုံးနှင့် လက်ကိုင်ဖုန်း ၁၂၁ လုံးကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ယမန်နေ့ ညပိုင်းကလည်း ရန်ကင်းမြို့နယ်ရှိ Golden City အိမ်ရာဝင်းကိုလည်း စခ ရခ များက ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန့်သံသယတရားခံ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း၊ လတ်တလော ဖမ်းဆီးသည့်သတင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရ။
- ကောလင်းနယ်အရှေ့ခြမ်းရှိ စစ်တပ်စစ်ကြောင်းထိုးသွားသော လမ်းတလျှောက်ရှိကျေးရွာများမှ စခများ နိုဝင်ဘာလ ၂၀ ရက်နေ့က ပြန်လည်ထွက်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စစ်ခွေးများ ဖမ်းဆီးသတ်ဖြတ်သွားသော ညောင်ပင်သာရွာမှ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး၊ ဂွေ့ကုန်းမှ ပြည်သူ ၃ ဦး၊ ဥတုံးပင်ရွာနှင့် တောင်ပုံရွာတို့မှ ပြည်သူ ၈ ဦး၊ စုစုပေါင်း ပြည်သူ ၁၅ ဦး ၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း၊ သေဆုံးသူများကို မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်စိစစ်လျက်ရှိကြောင်း သိရ။
- ယနေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်အကြား ကားလမ်းမပေါ်ရှိ အောင်ဖြူပြင်ရွာနှင့် ယိုးတရုတ်ရွာတို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကျေးရွာနှစ်ခုအကြားရှိ ဘုန်းကြီးကျောင်းအနီးတွင် ကျ ရောက်ပေါက်ကွဲခဲ့ပြီး ယိုးတရုတ်ရွာမှ ရွာသား ၁ ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရ။
- နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းက ငပုတောနယ် ငရုတ်ကောင်းမြို့ သဲဖြူရွာတွင် တပ်စွဲထားသော စစ်တပ်မှ ဗိုလ်ကြီးသန်းထိုက်အောင်ဆိုသူနှင့် တပည့်ဖြစ်သူ ဗိုလ် ၁ ဦးတို့ သစ်ရောင်းရွာဘက်သို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် လမ်းတွင် စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ ထို့နောက် ဗိုလ်ဖြစ်သူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးသန်းထိုက်အောင်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားကြောင်း သိရ။ (စိတ်မကောင်းလိုက်တာ 😂)
- မုံရွာနယ် ပလ္လင်ရွာတွင် ဝင်ရောက်တပ်စွဲထားသော စခများက ယနေ့မနက်ပိုင်းတွင် အရှေ့ဘက်သို့ ထွက်ခွာလာပြီး ကျေးရွာအတွင်း လှည့်ပတ်၍ ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေ၊ အဆိုပါစစ်ကြောင်းမှာ ပလ္လင်ရွာအရှေ့ဘုန်းကြီးကျောင်းဝင်းအတွင်းတွင်လည်း ပြည်သူအများအပြားကို ဖမ်းဆီးထားကြောင်း သိရ။
- ယမန်နေ့က ငဖဲနယ် နတ်ရေကန်ဗျူဟာကုန်းသို့ ပဒါန်းမြို့မှ စေလွှတ်လိုက်သော အင်အားအလုံးအရင်းပါ စစ်ကူစစ်ကြောင်းကို AA ကဂုတ်ကြီးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စခများ ဆယ်ချီသေဆုံးပြီး အထိနာကာ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထို့နောက် အထိနာသွားသောစစ်တပ်က ညနေပိုင်းတွင် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုပြင် ထိုသို့ ပြန်လည်ဆုတ်ခွာသွားသော စစ်ကြောင်းမှာ ပဒါန်း-နတ်ရေကန်လမ်းဟောင်းရှိ ပဇီရွာဘက်မှ ထပ်မံ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသဖြင့် ပဇီရွာဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရ။
- ယမန်နေ့ မနက်ပိုင်းက KNU ဖာပွန်ခရိုင်အတွင်းရှိ နော်ယိုထာ့ရွာ ဘုရားကျောင်းကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ၊ ဒဏ်ရာရရှိသူများတွင် ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း သိရ။
- ရိုဟင်ဂျာ(ဘင်္ဂါလီ) များအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်နေ့တွင် စီရင်ချက်ချမှတ်ခဲ့ပြီးနောက် လန်ဒန်မြို့မှာရှိတဲ့ မြန်မာစစ်တပ်သံမှူးကို ဗြိတိန်အစိုးရက ချက်ချင်းနှင်ထုတ်လိုက်ပြီးနောက် စကစ ကို ထပ်မံအရေးယူမည့် အစီအမံများကို အခုရက်ပိုင်းအတွင်း ကြေညာသွားမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက ပြောကြားခဲ့ကြောင်း သိရ။
#Thadinsubue
Crd to original uploader with respect
ещё
38
0
23 ноя, 18:51
Daily Highlight 1
Nov 23 (09:30 PM)
- နိုဝင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် ဖိလစ်ပိုင်နိုင်ငံ၊ တာဂေတေး (Tagaytay) မြို့၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲစကားဝိုင်း ကျင်းပလျက်ရှိကြောင်း၊ အဆိုပါဆွေးနွေးပွဲသို့ မြန်မာ့အရေးသက်ဆိုင်သူများအားလုံးကို အာဆီယံ အလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ် ၁ ဦး တက်ရောက်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲတွင် မည်သည့်အကြောင်းအရာများကို ဆွေးနွေးကြသည်ဆိုသည်ကိုမူ ကိုယ်စားလှယ်ဖြစ်သူ ပြန်လည်ရောက်ရှိလာမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရ။
- နိုဝင်ဘာလ ၂၁ ရက် မနက်ပိုင်းက နွားထိုးကြီးနယ်၊ ရွာကြီးရွာတွင် တပ်စွဲထားသော စခများ ကင်းလှည့်ထွက်လာစဉ် တော်လှန်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်၊ စခ ၂ ကောင် သေဆုံးပြီး ၁ ကောင်ကို အရှင်ဖမ်းဆီးရမိ၊ သေနတ် ၂ လက်လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။
- နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက နတ္တလင်းနယ် ရှားစေးဖိုရွာနှင့် လယ်မအင်းရွာတို့မှ စခ ပျူခွေးများ ဘန့်ဘွေးကုန်းရွာတွင် အစည်းဝေးပြုလုပ်နေစဉ် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်ခွေး ၅ ကောင်သေဆုံးပြီး ၅ ကောင်ထက်မနည်း ဒဏ်ရာရ၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိ၊ ဘန့်ဘွေးကုန်းရွာတွင်ရောက်ရှိနေသော အဆိုပါ စခများက ယနေ့ နေ့လယ်ပိုင်းတွင် ကျေးရွာအတွင်းရှိ နေအိမ်များကို ၄ ကြိမ်မြောက်အဖြစ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်အားလုံး မီးလောင်ပြာကျသွားကြောင်း သိရ။
- အောက်တိုဘာလ ပထမပတ်မှစတင်ပြီး မိုးမိတ်-မဘိမ်းလမ်းတလျှောက်ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲများ စတင်ဖြစ်ပွားလာ၊ စစ်တပ်က တိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်၊ အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းက မိုးမိတ်နယ် ကျောက်တောင်ရွာ (၇ မိုင်ရွာ)ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံး၊ စစ်တပ်က ကျေးရွာများကို ပိတ်ဆို့ပြီး ပြည်သူများကို စစ်ဘေးရှောင်ခွင့် မပြုခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းတွင် စစ်တပ်က ၇ မိုင်ရွာမှ ကျန်ရှိနေသူများကို နေအိမ်များမှ ထွက်ခွာစေခဲ့ပြီးနောက် နေအိမ်များရှိ ဆန်၊ စားနပ်ရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကို လုယက်ယူဆောင်သွားကြောင်း၊ ၅ မိုင်နှင့် ၄ မိုင်ကျေးရွာများတွင်မူ ပြည်သူများ ဆက်လက်ပိတ်မိနေခဲ့ကြောင်း၊ နိုဝင်ဘာ ၁၄၊ ၁၅ နှင့် ၁၇ ရက်နေ့များတွင် စစ်တပ်က ၇ မိုင်ရွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ၃ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တဆက်တည်းတွင်ပင် မိုးမိတ်နှင့် တွင်းငယ်ရွာအကြားရှိ စစ်တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာသဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာအထိ စခများ ဆုတ်ခွာခဲ့ရပြီး ဒေသခံများကို မြို့အဝင်အထွက် ကန့်သတ်ကာ စစ်ဘေးရှောင်ခွင့်မပြုသည့် အခြေအနေများရှိနေကြောင်း သိရ။
- နိုဝင်ဘာလ ၁၀ ရက်နေ့က ဆိပ်ဖြူမြို့ပေါ်ရှိ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် စခများက ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများထံမှ တန်ဖိုးကြီး ရွှေ၊ ငွေများကို အဓမ္မလုယက် ဓားပြတိုက်၊ ထို့ပြင် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၂ ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားကြောင်း၊ အဆိုပါ အမျိုးသား ၂ ဦးကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးသည့်အပြင် မိသားစုဝင်များက ငွေကြေးပေး၍ ပြန်လည်ရွေးထုတ်ရန် ကြိုးပမ်းသော်လည်း စစ်တပ်က လက်မခံခဲ့ကြောင်း သိရ။
- နိုဝင်ဘာလ ၂၂ ရက်နေ့က စလင်းနယ်၊ စည်ဆွဲရွာကို စစ်တပ်က အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှုနှင့် ပျက်စီးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေး၊ ထို့ပြင် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း စလင်းနယ်၊ ပိန္နဲပင်ရွာကို စစ်တပ်က ဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။
- နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်းရှိ အိမ်အမှတ် (၁၉/A) ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူ ၁၀၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရရှိသူများတွင် တရုတ်နိုင်ငံသား ၃၃ ဦး၊ ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၇၀ ဦး ပါဝင်ပြီး အဆိုပါနေအိမ်မှာ ယခင်စစ်တပ်အရာရှိအသိုင်းအဝိုင်းက ပိုင်ဆိုင်သော နေအိမ်ဖြစ်ပြီး အိမ်ရှင်မိသားစုက သက်ဆိုင်ရာမြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံသို့လည်း အလှူငွေများပေးအပ်ခြင်း၊ ဩဇာညောင်းခြင်းနှင့် ပေးကမ်းနေသူဖြစ်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးရရှိသော ကျားဖြန့်အမှုနှင့်ပတ်သက်ပြီး မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ကိုပါ စစ်ဆေးမေးမြန်းများရှိနေပြီး နောက်ဆက်တွဲ အမှုကို
ещё
32
0
23 ноя, 18:51
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней