Аналитика Telegram-канала
Подписчики
3 648
Охват за 24 ч
628
ER за 24 ч
17,21%
Публикаций
1 173

Динамика подписчиков

7 дней 30 дней 6 месяцев Больше
13 ноя16 ноя19 ноя
Показаны последние 7 дней Больше истории →

Охваты публикаций

07.1116.1116.1116.1117.1119.11
90
Средний охват
125
Лучший результат
Показаны 6 публикаций — последние в канале Больше статистики →

Упоминания

13
Упоминаний
3
Из них репостов
5
Каналов
Нет примеров за последние 90 дней
Все упоминания

Последние посты

3 из 1 173 2 из 1 173
Nov 19 ရိုဟင်ဂျာကိစ္စတော့ တရားခံပေါ်သွားပြီဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ သတ်ဖြတ်မှုများစွာကျူးလွန်ခဲ့ပြီး နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်။ ထိုအချိန်က ပြည်သူ့အစိုးရလက်ထက်ဖြစ်တာမို့ NLD ကိုအလဲထိုးတဲ့အနေနဲ့ ပြစ်မှုတွေကျူးလွန်ပြီး ခေါင်းခံရမည့် အစိုးရအပေါ် ပုံချသလို လုပ်ခဲ့တာဖြစ်သည်။ ဒါကြောင့် လူထုခေါင်းဆောင် အမေစုဟာ နိုင်ငံ့ဦးသျှောင်ပီပီ ထုချေလျှောက်လဲခြင်းနှင့် ပြစ်မှူကျူးလွန်မှုဖြစ်ခဲ့ပါက ICJ နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေရှင်းခဲ့ဖူးသည်။ ထိုစဉ်အခါက တကယ်ပြစ်မှုကျူးလွန်ခဲ့သော မအလ စစ်တပ်သည် လူထုခေါင်းဆောင်၏ လျှောက်လွှဲချက်များအား နောက်ကွယ်မှ လှောင်ပြောင်နေနိုင်သည်။ ငါတို့ ရှုပ်ထားတဲ့ဟာတွေ ဒေါ်အောင်ဆန်းစုကြည် ရှင်းနေရပြီဆိုပြီး ပြည်သူ့အစိုးရကို တွန်းချဖို့ ကြံနေလောက်သည်။ သို့သော်လည်း လူထုခေါင်းဆောင်၏ နိုင်ငံရေးပါးနပ်မှုသည် မအလ အကြမ်းဖက်စစ်ခေါင်းဆောင်ထက် အဆပေါင်းများစွာသာလွန်နေသည်။ ၂၀၂၁ အာဏာသိမ်းပြီး ၂၀၂၅ မှာ ရွေး/တုကျင်းပကာ သမ္မတလုပ်နေသော မအလ သည် ၎င်း၏ ထောင်ချောက်အတွင်း ၎င်းကိုယ်တိုင်သက်ဆင်းရမည့်အခြေအနေသို့ ရောက်မှန်းမသိရောက်ခဲ့ရသည်။ ရိုဟင်ဂျာအရေးသည် ICJ တွင်တရားစွဲခံရခြင်း၊ တရားစွဲဆိုမှုလက်ခံခြင်း၊ ပြစ်မှုထင်ရှားသည့်အပေါ် ကျူးလွန်မှုများအား တာဝန်ယူစေခြင်းများသည် Justice အရ ကောင်းမွန်သော်လည်း နိုင်ငံရေးနည်းနာအရ မြန်မာနိုင်ငံအတွက် သိက္ခာထိခိုက်ရသော အခြေအနေဖြစ်သည်။ သို့သော်လည်း ၎င်းပြစ်မှုများသည် ပြည်သူ့အစိုးရ၏ အမိန့်ပေးစေခိုင်းမှုကြောင့် ပေါ်ပေါက်ခဲ့သည်မဟုတ်ပဲ အကြမ်းဖက်စစ်ခေါင်းဆောင်၏ စိတ်မာန်ပါလုပ်ရက်များကြောင့် မြန်မာနိုင်ငံသိက္ခာကျရခြင်းဖြစ်ကြောင်း သေချာသိဖို့လိုသည်။ လွတ်လပ်ရေးရပြီးစကတည်းက မြန်မာစစ်တပ်၏ ဆောင်ရွက်မှုများသည် အရှေ့တောင်အာရှ၊ အာဆီယံနိုင်ငံများ၊ UNSC စသည့် ကမ္ဘာနိုင်ငံရေးမျက်နှာစာတွင် ဂုဏ်ယူဝံ့ကြွားစရာမရှိခဲ့ပေ။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ် ရက်ရက်စက်စက်သတ်ဖြတ်မှုပေါင်းများစွာအား ICC မှ အရေးယူမည်ဆိုပါက အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် စစ်တပ်ကြီးတစ်ခုလုံး တရားခံများအဖြစ် ရှု့မြင်ရမည်ဖြစ်သည်။ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူ့အခွင့်အရေးများအားဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်တပ်အား တရားမျှတမှုလိုလားသော နိုင်ငံအသီးသီးမှ ထိရောက်စွာအရေးယူနိုင်ရေး ကူညီဆောင်ရွက်ကြစေလိုသည်။ နိုင်ငံရေးနည်း၊ သံတမာန်ရေးနည်း တိုက်ပွဲများရှိသော်လည်း မြေပြင်တိုက်ပွဲများနှင့် တော်လှန်ရေးအောင်မြင်သည်အထိ ဆင်နွှဲနေရအုံးမည်ဖြစ်သည်။ အရေးတော်ပုံအောင်ရမည်။ လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာ
ещё
116 1 7 19 ноя, 15:30
Nov 17 4:40PM မြင်းခြံမှ ညောင်ဦးလမ်းဘက်သို့ ကားများဖြင့်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ၈၀ ခန့်သည် ဆင်တဲဝချောင်းတံတား (ထန်းပင်ကန်ရွာထိပ်) သို့ရောက်ရှိနေ၊ ပြည်သူများဂရုစိုက်ကြပါ လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာ
ещё
100 0 5 17 ноя, 13:09
Nov 16 "သေနတ်တစ်လက်ကိုင်ထားရုံနဲ့ စစ်သားဖြစ်ပြီလား" =========================== ဒီမေးခွန်းဟာ သိပ်ပြီးလေးနက်ပါတယ်။ ရန်သူနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့ လက်နက်ခဲယမ်းဟာ အရေးကြီးတဲ့ စစ်အသုံးအဆောင်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို လက်နက်မျိုးကို ကိုင်ဆောင်တဲ့အခါ ကျင့်ဝတ်၊ သိက္ခာတရားတွေက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ လူတစ်ယောက်၊ အဲဒီလူဟာ သေနတ်ကိုင်ထားပေမဲ့ စစ်သည်တော်ကျင့်ဝတ်(တနည်း) CoC နှစ်ရပ် လိုက်နာမှုမရှိရင် ဓါးပြလဲဖြစ်နိုင်သလို၊ သူပုန်လဲဖြစ်နေနိုင်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီးတောက်လောင်နေစဉ်အတွင်း တပ်ပိုင်းဆိုင်ရာ ကျင့်သုံးသည့် ဥပဒေမှာ "၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ"ပဲဖြစ်ပါတယ်။ ဒီဥပဒေကို အကြမ်းဖက်စစ်တပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ခုလုံး ကျင့်သုံးနေတာဖြစ်ကြောင်း တွေ့ရပါတယ်။ ၎င်းဥပဒေကို နှစ်ဖက်လုံး ကျင့်သုံးနေတာ တွေ့ရပေမဲ့ တရားသောအမိန့်ပေးခြင်းနှင့် မတရားသော အမိန့်ပေးစေခိုင်းချင်းတွေက အဖွဲ့အစည်းများ၏ သိက္ခာနှင့် ပြည်သူ့ထောက်ခံမှု ရရှိမှုကွာဟ သွားခြင်းဖြစ်တယ်။ ဥပဒေတစ်ခုအား အစုအဖွဲ့ နှစ်ခု ယှဉ်ပြိုင်သုံးစွဲနေရာတွင် အကြမ်းဖက်စစ်ကောင်စီသည် အစိုးရအဆောင်အယောင်နှင့် အာဏာဗဟိုချက်ကိုင်စွဲထားခြင်းကြောင့် supply ကဏ္ဍမှာ အားသာချက်များရှိနေသည့်အတွက် CoC တည်ဆောက်မှု အားကောင်းနေကြောင်းတွေ့ရှိနေရသည်။ တနည်းအားဖြင့် တစ်သွေးတစ်သံတစ်မိန့် အားလက်ခံနိုင်ကြပြီး မတရားအမိန့်များအပေါ် လွန်ဆန်နိုင်ခြင်းမရှိပဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်ဖျက်ဆီးလျှက်ရှိသည်။ တော်လှန်ရေးအင်အားစုများဘက်တွင် လက်နက်ခဲယမ်း၊ စားဝတ်နေရေး လိုအပ်ချက် မြင့်မားလျှက်ရှိပြိး အစစအရာရာ ကိုယ်တိုင်ရှာဖွေဆောင်ရွက်နေရသည့်အတွက် အမိန့်တစ်ခုအ‌ပေါ် စနစ်တကျလိုက်နာဆောင်ရွက်နိုင်ခြင်း အားနည်းကာ တစ်ရွာတစ်ပုဒ်ဆန်း စစ်ရေးနည်းနာဖြင့် တည်ဆောက်နေရသည်ကို တွေ့ရသည်။ ဤနှစ်ခုတွင် အားနည်းချက်၊ အားသာချက်များ အမျိုးမျိုးရှိနေကြသော်လည်း ပြည်သူလူထု၏ ထောက်ခံမှုသည် တရားသောစစ်ကိုသာ အားပေးကြ၏။ ပြည်သူလူထုအပေါ် မတရားနှိပ်စက်အနိုင်ကျင့်မှုများကို ရွံရှာကြ၏။ လက်နက်ကိုင်ပြီး အရသာခံသူများကို မုန်းကြ၏။ ထို့ကြောင့် သေနတ်တစ်လက်ကိုင်ထားရုံမျှဖြင့် စစ်သားကောင်းတစ်ယောက်ဖြစ်ဖို့ရာ ခက်ခဲပါသည်။ တိုက်ရဲ၊ ခိုက်ရဲ၊ သေရဲရုံမျှဖြင့် ပြည်သူ့သားကောင်း စစ်သားတစ်ယောက် မဖြစ်နိုင်ပေ။ စစ်သည်တော်ကျင့်ဝတ်ကို လေးစားလိုက်နာပြီး သေနတ်ကိုင်ခြင်းရဲ့သီလ အကြောင်း ကောင်းကောင်းနားလည်သဘောပေါက်စေခြင်းသည်သာလျှင် ပြည်သူလူထု ထောက်ခံလေးစားယုံကြည်အားကိုးမှုရရှိစေခြင်း၊ ထိုမှတဆင့် တိုင်ပွဲတိုင်း အောင်ပွဲဆင်နိုင်ခြင်း၊ လူထုမေတ္တာကြောင့် ဘေးရန်ကင်းစေခြင်း စသည့်အကျိုးတရားများ ရရှိပေမည်ဖြစ်သည်။ ၁၉၄၉ ခုနှစ်ကာလသည် မြန်မာနိုင်ငံတွင်လက်နက်ကိုင်အဖွဲ့အစည်းအများစု အုံကြွသည့်နှစ်ဖြစ်သည်။ ထိုစဉ်က စစ်တပ်အခေါ် ရောင်စုံသူပုန်ဟု ခေါင်းစဉ်တပ်ခဲ့ကြသည်။ ဤကဲ့သို့ပေါ်ပေါက်လာသော ‌လက်နက်ကိုင်အများစုသည် ငွေကြေးလိုအပ်ချက်မြင့်မားမှုများကြောင့် ပြည်သူလူထုအပေါ် ငွေကြေးအလှူခံခြင်း၊ တောင်းခြင်း(တနည်း) ဆက်ကြေးသဖွယ် တောင်းယူကြသည်။ လူထုသည် အကြိမ်ကြိမ်နှိစက်မှုများကို ခံစားလာရသောအခါ မည်သည့်လက်နက်ကိုင်ဖြစ်စေ တွန်းလှန်လာခဲ့ကြသည်။ လက်နက်ကိုင်အဖွဲ့များ သတိမထားမိသည်က လူထူသည် အမြင့်ဆုံး အာဏာပိုင်ပုဂ္ဂိုလ်များ ဖြစ်ကြောင်း၊ ၎င်းတို့၏ စား၊ ဝတ်၊နေရေး၊ တရားသော လွတ်လပ်မှုကို ထိခိုက်လာပါက အချိန်မ‌ရွေး တုန့်ပြန်ပေါက်ကွဲနိုင်ကြောင်းကို လစ်လျှူရှုထားတတ်ကြသည်။ နွေဦးတော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်သူလူထုအပေါ် ခေါင်းစဉ်အမျိုးအမျိုးတပ်ကာ ငွေကြေးကောက်ခံမှုများဖြစ်ပွားလာကြောင်းတွေရသည် ။ ဤသို့သော ဖြစ်စဉ်များသည် မြန်မာ့သမိုင်းတစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့အစည်းအများစု ကျင့်သုံးသော လုပ်ငန်းစဉ်တစ်ရပ်ကို လက်ဆင့်ကမ်းကျင့်သုံးသလို ဖြစ်နေသည့်အတွက် ဆက်လက်မကျူးလွန်ရေး ထိန်းသိမ်းရမည်ဖြစ်သည်။ အကယ်၍ လူထုသည် မခံမရပ်နိုင်ဖြစ်လာသည့်အခါတွင် မည်သည့်အင်အားကြီးအဖွဲ့အစည်းဖြစ်စေကာမူ တွန်းလှန်လာမည်သာဖြစ်သည်။ သို့ကြောင့် မြန်မာ့သမိုင်းအစဉ်အလာများကို သိရှိထားပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ကြခြင်း၊ မိမိတို့သွားလိုမည့်ခရီးတွင် ပြည်သူသာ အဓိကဖြစ်သည့်အတွက် အလေးထားစေလိုခြင်းများ အထူဂရုစိုက်ဆောင်ရွက်သင့်ပါသည်။ ပြည်သူ့ဆန့်ကျင်ရေးအလုပ်များကို လက်နက်ကိုင်များက ကျုးလွန်လာတတ်ကြသည့်အတွက် သတိထားစရာအဖြစ် ရေးသားပါသည်။ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
ещё
52 0 1 16 ноя, 10:45
Больше постов

Продолжить анализ этого канала

  • История роста подписчиков
  • Просмотры и охваты публикаций
  • Кто упоминает канал и кого упоминает он
  • Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней