Не попадитесь на накрученные каналы! Узнайте, не накручивает ли канал просмотры или подписчиков Проверить канал на накрутку
Прикрепить Телеграм-аккаунт Прикрепить Телеграм-аккаунт

Телеграм канал «To Comrades - ရဲဘော်များသို့»

To Comrades - ရဲဘော်များသို့
846
34
51
48
512
Подписчики
Всего
291
Сегодня
0
Просмотров на пост
Всего
23
ER
Общий
7.93%
Суточный
3.44%
Динамика публикаций
Telemetr - сервис глубокой аналитики
телеграм-каналов
Получите подробную информацию о каждом канале
Отберите самые эффективные каналы для
рекламных размещений, по приросту подписчиков,
ER, количеству просмотров на пост и другим метрикам
Анализируйте рекламные посты
и креативы
Узнайте какие посты лучше сработали,
а какие хуже, даже если их давно удалили
Оценивайте эффективность тематики и контента
Узнайте, какую тематику лучше не рекламировать
на канале, а какая зайдет на ура
Попробовать бесплатно
Показано 7 из 846 постов
Смотреть все посты
Пост от 15.10.2026 16:23
13
0
0
ထောက်ပံ့မှုမှ ပြန်လည်ရရှိတဲ့ ဂုဏ်ပြုမှတ်တမ်း❤️

"ရှေ့တန်းရိက္ခာ သိန်း၅၀၀ ကမ်ပိန်း"အတွက် ကျွန်တော်တို့ TCမှ 96 soldiers အညာတပ်ခွဲသို့ ၃၂ သိန်းကျပ် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်ဗျ။

ကမ်ပိန်းတိုင်းမှာ အမြဲပါဝင်အားဖြည့်ပေးကြတဲ့ တော်လှန်ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🥰
Пост от 11.10.2026 16:12
11
0
0
October 🍂

အောက်တိုဘာလ လစဉ်ကြေးပေးသွင်းရင်း ရဲဘော်တွေအတွက် ထောက်ပံ့လို့ရပါပြီဗျို့🥰

Member Reminder တွေလဲ စတင်ပို့နေပါပြီဗျ။
Пост от 30.09.2026 19:44
1
0
0
Uu
Пост от 29.09.2026 12:30
14
1
0
၃ ယောက်ပေါင်း ၁ ခေါင်းမပြည့်တဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ အရိုးကို/က်လေးတွေ နားမလည်တာကတော့ အဲ့ဒီလိုတိုက်ခိုက်ခံရတဲ့ ပြည်သူတွေဟာ စစ်ကောင်စီကို ဘယ်တော့မှ ထောက်ခံတော့မှာ မဟုတ်ဘူးဆိုတာပါပဲ။

ဘယ်သူကမှတော့ ကိုယ့်အိမ်၊ ကိုယ့်ဒေသကို 💥ကြဲဖျ/က်ဆီးနေတဲ့သူကို အားမပေးကြပါဘူး။ စစ်ကောင်စီသုံးတဲ့ 💥၁ လုံး၊ လနကြီး ၁ တောင့်ဟာ စစ်တပ်ကို ပြည်သူတွေ ပိုပြီးရွံမုန်းလာဖို့အတွက် လောင်စာတွေပါပဲ။

အရင်က ကိုယ့်မထိသေးလို့ ရှောင်နေတဲ့သူတွေ ရှိတယ်၊ အဆင်ပြေသလိုလေး နေနေတဲ့သူတွေ ရှိပါတယ်။ ဒီလိုလူတွေကို ထိလာတဲ့အခါ သူတို့တွေက ငြိမ်မနေကြပါဘူး။ အနည်းနဲ့အများ စစ်ကောင်စီကို ဆန့်ကျင်လာကြပါတယ်။တချို့ဆို တော်လှန်ရေးတပ်တွေထဲ ဝင်လာတဲ့သူတွေတောင် ရှိပါတယ်။ ဝေဝါးနေတဲ့သူတွေကလဲ ပြတ်ပြတ်သားသားကို ထောက်ခံလာကြပါတယ်။

တော်လှန်ရေးတပ်တွေ၊ EAOတွေကလဲ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေကို ပြန်လည်တုန့်ပြန်လေ့ရှိသလို၊ အခုကျောက်တော်အတွက်လဲ AAက စစ်ကောင်စီကို ပြန်လည်တုန့်ပြန်ဦးမှာပါ။

ဒီလိုမျိုးအမှားတွေလုပ်၊ ဉာဏ်တိမ်နေလို့ စစ်ကောင်စီဟာ ၅နှစ်သား တော်လှန်ရေးကို အမြစ်မဖြတ်နိုင်နေတာပါ။ သူတို့လုပ်တတ်တာက ရွာတွေကို 🔥ရှို့၊ စစ်ရှောင်စခန်းတွေကို 💥ကြဲတာကလွဲရင် မရှိတာမို့လို့ တိုက်တိုင်းရှုံးနေကြတာပါ။

ကျွန်တော်တို့တွေ ဒီလိုအဖြစ်ဆိုးတွေ ‌အမြန်ဆုံးပြီးအောင် တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းအားဖြည့်ကြဖို့ လိုပါတယ်။ တော်လှန်ရေးတပ်တွေကို ကူမှမဟုတ်ပါဘူး။ စစ်ဘေးရှောင်တွေ၊ အကူအညီ‌လိုအပ်နေတဲ့သူတွေကို ကူခြင်းဟာလဲ တဖက်တလမ်းကနေ ပါဝင်အားဖြည့်နေခြင်းပါပဲ။

တော်လှန်ရေးခရီးဆိုတာ ဘယ်တော့မှ လွယ်ကူတယ်ဆိုတာမျိုး မရှိပါဘူး။ ဆုံးရှုံးမှုတွေလဲ ရှိသလို၊ ပေးဆပ်ရတာတွေ အများကြီးရှိပါတယ်။ ပေးဆပ်သွားတဲ့၊ ကြွေလွင့်သွားတဲ့ သူတွေအတွက် ကျွန်တော်တို့အားလုံး ဝမ်းနည်းရပါတယ်။
ပေးဆပ်သွားတဲ့ သူတို့တွေကြောင့် ကျွန်တော်တို့တွေ အောင်ပွဲတွေ အများကြီးရခဲ့သလို၊ နောက်ထပ်လဲ အများကြီးထပ်ရဖို့ ရှိပါတယ်။


ဒီခရီးကြီး နီးပါပြီ ။
အားလုံး အားတင်းထားကြပါ 💪
Пост от 29.09.2026 12:30
3
0
0
[သတိ ! စိတ်မခိုင်သူများ ပုံကို မကြည့်ပါနဲ့။]

🔺 ကျောက်တော် အိန္ဒိယဈေး 💥ကြဲခံရမှုမှာ သေဆုံးသူ ၅၀ ဦးဖြစ်သွားပါပြီ၊ ဒီထက်လဲ ပိုလာနိုင်ပါတယ်။ ဒဏ်ရာရက ၅၈ ဦးပါ။

🔺 ပုံထဲက ကလေးကတော့ ကိုယ်ဝန် ၉လရှိနေတဲ့ အသက် ၃၂ နှစ်အရွယ်မိခင် ဒေါ်ခင်မာနွယ် 💥ကြဲခံရမှုမှာ ပါသွားတာကြောင့် လောကကြီးကို မြင်ခွင့်မရတော့တဲ့ လူမမယ် ကလေးလေးပါ။

နေ့စဉ်နီးပါး စစ်ကောင်စီဟာ လေယာဉ်၊ လနကြီးများဖြင့် အညာ၊ ရခိုင်၊ ကရင်နီ၊ ချင်းစသဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှာ အရပ်သားပြည်သူတွေကို တိုက်ခိုက်လေ့ရှိပါတယ်။

တိုက်ခိုက်မှုတိုင်းမှာလဲ ⚽မ/ ၆၈၀၀ တန်လေးတွေက လနကိုင်တွေကို တိုက်ခိုက်တာဖြစ်ကြောင်း၊ သူပုန်မရှိတဲ့ဒေသက အေးချမ်းမှာဆိုပြီး အကောင့်အတု၊ အစစ်အများအပြားနဲ့ ဝင်ပျော်ပြ၊ ဝင်မန့်လေ့ရှိပါတယ်။

များသောအားဖြင့် ဒီလိုလေယာဉ်တွေ၊ လနကြီးတွေနဲ့ ပြည်သူကို တိုက်ခိုက်မှုတွေဟာ အကြောက်တရားသွင်းတာ၊ စစ်ပွဲမှာ မနိုင်လို့ ရှုံးမဲမဲတာ၊ တော်လှန်ရေးတပ်များနဲ့ EAOတွေအတွက် အထောက်အပံ့ဖြစ်လာမှာဆိုးလို့ ရည်ရွယ်ပြီး တိုက်ခိုက်လေ့ရှိပါတယ်။
Пост от 19.09.2026 14:55
3
0
0
[ငွေအားမှ မဟုတ်ပါဘူး၊ RCSဖြင့်လဲ ပါဝင်အားဖြည့်နိုင်ပါတယ်ဗျို့]
❤ 1
Пост от 19.09.2026 14:55
3
0
0
"အညာအတွက် မိုးကာရိက္ခာ နိုင်ရာကူပါ"

အညာဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးရာသီမှာ အမိုးအကာမလုံလို့ ဒုက္ခရောက်ရတဲ့အထဲ၊ စစ်ကြောင်းတွေကြောင့် ဒုက္ခတွေ ပိုများလှပါတယ်။

ဒီလိုမျိုး အရေးပေါ်တိမ်းရှောင်ရတဲ့အခါ အဝတ်တထည်၊ ကိုယ်တခုနဲ့ ပြေးရတော့ အမိုးအကာအပြင် ရိက္ခာဆန်တွေလဲ လိုအပ်တာပေါ့ဗျာ။

ဒီလိုမျိုး အရေးပေါ်လိုအပ်ချက်တွေ ရှိနေတဲ့ အညာဒေသက စစ်ဘေးရှောင်ပြည်သူများအတွက် ကျွန်တော်တို့အားလုံး တဖက်တလမ်းကနေ ပါဝင်အားဖြည့်ဖို့အတွက် မိုးကာရိက္ခာကမ်ပိန်းလေး ပြုလုပ်လိုက်ရခြင်း ဖြစ်ပါတယ်ဗျ။

ပါဝင်ကူညီလိုသူများအနေဖြင့်

🔹 ဆန် ၁ ပြည် - ၅ ထောင်ကျပ်

🔹 ၁၅ပေပတ်လည် မိုးကာ ၁ ချပ် - ၃ သောင်းကျပ်

🔹 ဆန် ၂၄ ပြည် အိတ် - ၁ သိန်းကျပ်

စသဖြင့် ပါဝင်လှူဒါန်းနိုင်သလို၊ မိမိတို့တတ်နိုင်သလောက် ကြိုက်သလောက်ဖြင့်လဲ ပါဝင်အားဖြည့်ပေးနိုင်ပါတယ်ခင်ဗျာ။

ကမ်ပိန်းတားဂတ်လေးကတော့ သိန်း( ၅၀ )ကျပ်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့ကနေ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ရက်(၃၀)တိုင်တိုင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်ဗျ။

ပြည်တွင်း/ပြည်ပ payment မျိုးစုံရှိတာမို့ Page Messenger ကနေတဆင့် လုံခြုံစိတ်ချစွာ ပါဝင်အားဖြည့်ပေးနိုင်ပါပြီဗျို့🥰
👍 1
Смотреть все посты