Аналитика Telegram-канала
Подписчики
75 545
Охват за 24 ч
3,2K
ER за 24 ч
4,30%
Публикаций
67 836
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
29 окт1 ноя4 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
12:0014:1914:1914:2114:2114:21
507
Средний охват
651
Лучший результат
Показаны 6 публикаций за 4 ноября
Больше статистики →
Упоминания
3 161
Упоминаний
2 750
Из них репостов
75
Каналов
9
Упоминаний
0
Из них репостов
3
Каналов
Последние посты
3 из 67 836 2 из 67 836ကျောင်းနှင့်ဆေးခန်း ဗုံးကြဲခံရပြီး ကလေးများသေဆုံးမှု စိုးရိမ်ကြောင်း ယူနီဆက်ဖ် ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆
မြန်မာနိုင်ငံံံံံံံအတွင်း လူသားချင်း စာနာထောက်ထားမှုအရ အကာအကွယ်ပေးရမည့် စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနေရာများ လေကြောင်းမှ ဗုံးကြဲခံရပြီး ကလေးများ သေဆုံးနေရမှုအပေါ် အလွန် အမင်း စိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF/ ယူနီဆက်ဖ်) က ယမန်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက လွိုင်ကော်မြို့နယ်မှ စစ်ရှောင် စာသင်ကျောင်း၊ မြောက်ဦးမြို့နယ်ရှိ ယာယီဆေးကုသခန်းနှင့် သားဖွားဆောင်တို့ကို စစ်တပ် ဗုံးကြဲခဲ့သဖြင့် ကလေးငယ်များ သေဆုံးခဲ့ရသည့် ဖြစ်စဉ်အား ယူနီဆက်ဖ်က အဓိကထား ဖော်ပြသည်။
ကလေးငယ်များအနေဖြင့် လုံခြုံစိတ်ချစွာ ရှိနေသင့်သည့် နေရာများတွင်ပင် သေဆုံးခြင်းနှင့် ထိခိုက် ဒဏ်ရာရရှိခြင်းများ ကြုံတွေ့နေရခြင်းသည် မြန်မာနိုင်ငံ၌ ဆိုးရွား ပြင်းထန်သော ပဋိပက္ခဒဏ် ကလေးများ အဆိုးရွားဆုံး ခံစားနေရသည်ကို ထပ်လောင်း သတိပေးနေခြင်း ဖြစ်ကြောင်းလည်း ယူနီဆက်ဖ်က ဆိုသည်။
ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ မိမိတို့၏ တာဝန်ဝတ္တရားများကို လိုက်နာကြရန်နှင့် ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော အစီအမံ အားလုံး ချမှတ်ဆောင်ရွက်ကြရန် ယူနီဆက်ဖ်က တိုက်တွန်း တောင်းဆိုထားသည်။
ထို့ပြင် ကလေးများနှင့် မိသားစုများ အားထား မှီခိုနေရသည့် စာသင် ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနေရာများနှင့် အခြားသော အရပ်ဘက် အခြေခံအဆောက်အအုံများကို မဖြစ်မနေ အကာအကွယ် ပေးရမည် ဖြစ်ကြောင်းလည်း အလေးထား ထောက်ပြသည်။
ယူနီဆက်ဖ်၏ အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး တရက်ကြာသည်အထိ ရန်ကုန်၌ ရုံးစိုက်ထားပြီး အာဏာသိမ်းအစိုးရနှင့် ထိတွေ့ ဆက်ဆံနေရသည့် UNICEF Myanmar Facebook စာမျက်နှာတွင် မူလ ထုတ်ပြန်ချက်အား ဖော်ပြထားခြင်း မရှိသေးပေ။
စစ်တပ်သည် ကရင်နီ (ကယား)၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်း၊ ဝမ်ငေါ့ စစ်ရှောင် စာသင်ကျောင်းကို အောက်တိုဘာ ၃၁ ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထို့အတူ နိုဝင်ဘာ ၁ ရက်တွင်လည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ် ရပ်ကွက်၊ ငွေတောင်ပေါက် အနီးရှိ ဒေသခံ ပြည်သူများကို ဆေးကုသပေးနေသည့် ယာယီ ဆေးကုသခန်း၊ သားဖွားဆောင်နှင့် အနီးဝန်းကျင်ကို တိုက် လေယာဉ်၂ စီးဖြင့် ထပ်ဆင့် ပေါက်ကွဲစေတတ်သော ပဒေသာဗုံး (Cluster Bomb) ၄ လုံး ကြဲချခဲ့သဖြင့် မွေးကင်းစကလေးငယ် တဦး အပါအဝင် ၅ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
ещё
445
1
7 4 ноя, 14:21
ещё
378
1
3 4 ноя, 14:21
ещё
648
1
4 ноя, 14:21
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней