Аналитика Telegram-канала
Подписчики
777
Охват за 24 ч
60
ER за 24 ч
7,72%
Публикаций
1 887
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
19 ноя22 ноя25 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
16.1118.1119.1119.1119.1125.11
16
Средний охват
25
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
9
Упоминаний
4
Из них репостов
6
Каналов
20
Упоминаний за 90 дней
18
Из них репостов
6
Каналов за 90 дней
Последние посты
3 из 1 887 2 из 1 887ခရီးထွက်နေတာကြောင့်မလို့ channel မ run နိုင်တာ ကြည့်ရှုသူပရိတ်သတ်အပေါင်းကိုအထူးတောင်းပန်ပါတယ်
ещё
4
0
1 25 ноя, 20:42
ещё
25
0
19 ноя, 17:07
Breaking News- မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ တရားရုံးက ဆုံးဖြတ်ပြီးနောက် မြန်မာစစ်တပ်၏ စစ်သံမှူးကို နိုင်ငံမှ နှင်ထုတ်မည်ဟု ဗြိတိန်အစိုးရက ကြေညာ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ရန် တောင်းဆို
ရန်ကုန်၊ နိုဝင်ဘာ ၁၉
ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က သမိုင်းဝင်ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက် မြန်မာစစ်တပ်၏ စစ်သံမှူးကို ဗြိတိန်နိုင်ငံမှ နှင်ထုတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက ကြေညာသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် “ICJ ၏ မြန်မာနိုင်ငံဆိုင်ရာ စီရင်ချက်အပေါ် ကြေညာချက်” တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းက ICJ ၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံအနေဖြင့် ICJ နှင့် နိုင်ငံတကာဥပဒေစနစ်ကို အပြည့်အဝထောက်ခံကြောင်း၊ မြန်မာစစ်တပ်က ရိုဟင်ဂျာပြည်သူများအပေါ် ဆိုးရွားရက်စက်စွာ ဆက်ဆံခဲ့မှုကို ပြင်းထန်စွာ ရှုတ်ချထားသည်။
ထို့ပြင် အဆိုပါကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ဗြိတိန်နိုင်ငံက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့တွင် ချက်ချင်းအရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း မီလီဘန်းက ပြောသည်။
မြန်မာစစ်တပ်အပေါ် ချမှတ်ထားပြီးဖြစ်သည့် ပိတ်ဆို့အရေးယူမှုများအပေါ် အခြေခံ၍ ဗြိတိန်နိုင်ငံရှိ မြန်မာစစ်တပ်၏ စစ်သံမှူးကို နိုင်ငံမှ နှင်ထုတ်ရန် ဆုံးဖြတ်ထားသကဲ့သို့ ICJ ၏ ဆုံးဖြတ်ချက်ကို ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး အမြန်ဆုံးကျင်းပပေးရန်လည်း တောင်းဆိုထားကြောင်း သိရသည်။
ICJ ၏ စီရင်ချက်သည် ပြစ်မှုကျူးလွန်သူများအနေဖြင့် အရေးယူခံရခြင်းမရှိဘဲ လွတ် မြောက်နေ၍ မရကြောင်း ရှင်းလင်းပြတ်သားသည့် သတင်းစကားတစ်ရပ် ဖြစ်စေရမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
ရိုဟင်ဂျာများသည် နှစ်ပေါင်းများစွာ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများ၊ အတင်း အကျပ် နေရပ်စွန့်ခွာရမှုများနှင့် ဖိနှိပ်ညှဉ်းပန်းမှုများကို ခံစားခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ICJ ၏ စီရင်ချက်ကို အပြည့်အဝလိုက်နာရမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း စီရင်ချက်အကောင်အထည်ဖော်ရေး၊ တာဝန်ခံမှုရှိစေရေးနှင့် ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေးတို့တွင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထို့အပြင် ဗြိတိန်နိုင်ငံက မြန်မာစစ်ကောင်စီ၏ လန်ဒန်သံရုံး တာဝန်ခံယာယီကိုယ်စားလှယ် (Chargé d’Affaires) ကိုလည်း ဆင့်ခေါ်မည်ဖြစ်ပြီး တာဝန်ရှိသူများကို အရေးယူနိုင်ရေးအတွက် လာမည့်ရက်များအတွင်း ထပ်မံဆောင်ရွက်မည့် အစီအမံများကို ထုတ်ပြန်သွားမည်ဟု ဆိုသည်။
ဗြိတိန်နိုင်ငံသည် ရိုဟင်ဂျာများအတွက်သာမက ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းကျကာ အားလုံးပါဝင်နိုင်သည့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက်လည်း ဆက်လက်ခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ကြောင်း အက်ဒ် မီလီဘန်းက ထုတ်ပြန်ပြောဆိုထားသည်။
ещё
20
0
19 ноя, 17:07
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней