Аналитика Telegram-канала
Подписчики
27 183
Охват за 24 ч
125
ER за 24 ч
0,46%
Публикаций
2 290
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
19 ноя22 ноя25 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
06:4306:5806:5806:5906:5906:59
3
Средний охват
7
Лучший результат
Показаны 6 публикаций за 24 ноября
Больше статистики →
Упоминания
1 740
Упоминаний
1 382
Из них репостов
51
Каналов
622
Упоминаний за 90 дней
607
Из них репостов
39
Каналов за 90 дней
Последние посты
3 из 2 290 2 из 2 290
My Sweetheart (2026)
ကိုယ့်ရဲ့အမြတ်နိုးဆုံးလေး (၂၀၂၆)
Ep-21
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။
channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ဂျွန်ခွမ်ဟာ မတရားမှုကို လက်မခံတတ်တဲ့ သတ္တိရှိတဲ့ မိန်းကလေးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ မိဘတွေ အသတ်ခံရပြီး မိသားစုအမွေအနှစ်ဖြစ်တဲ့ အဆောင်ပစ္စည်းတစ်ခုလည်း ပျောက်ဆုံးသွားခဲ့တာကြောင့် တရားခံတွေကို ရှာဖွေပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားနေခဲ့တာပါ။
တစ်ဖက်မှာလည်း အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ အာရုန်နဲ့ စိုင်ယန်တို့လည်း အစ်ကိုဖြစ်သူ အာရုန် ဒဏ်ရာပြင်းထန်စွာ ရရှိသွားတဲ့အခါ ညီဖြစ်သူ စိုင်ယန်ကို သူ့အယောင်ဆောင်ပြီး ရွာသူကြီးရွေးကောက်ပွဲ ဝင်ပြိုင်ပေးဖို့နဲ့ သူ့ကို တိုက်ခိုက်ခဲ့သူတွေကို စုံစမ်းပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ စိုင်ယန်ဟာ အစ်ကို့နေရာမှာ အစားဝင်ရင်း ဂျွန်ခွမ် နဲ့ ဆုံတွေ့ခဲ့ပြီး အတူတူ အခက်အခဲတွေကို ရင်ဆိုင်ရင်း နှစ်ယောက်ကြားမှာ အချစ်တွေ တဖြည်းဖြည်း ပေါက်ဖွားလာခဲ့ပါတယ်။ ဒီလိုနဲ့ ဂျွန်ခွမ် တစ်ယောက် သူမချစ်မိနေတဲ့ အမျိုးသားဟာ အာရုန်မဟုတ်ဘဲ သူ့အမြွှာညီ စိုင်ယန်ဖြစ်နေမှန်း သိလာတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ဂျွန်ခွမ်လိုက်ရှာနေတဲ့အဆောင်ကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကို ကြည့်လိုက်ရအောင်!!
#MySweetheart #thaiseries #2026series #mmsub #blackhole
ещё
4
0
24 ноя, 06:59
Beneath The Lies (2026)
မုသားများရဲ့နောက်ကွယ် (၂၀၂၆)
Ep-14
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။
channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးခဲ့ကြတဲ့ အတိတ်က သံယောဇဉ်ဟောင်းတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ မာယာတွေ သစ္စာဖောက်မှုတွေကြားမှာ ပြိုကွဲသွားခဲ့ရတဲ့အခါမှာတော့ .......
အလီဆာ (လီဆာ) အဖြစ် Yaya Urassaya Sperbund
ဝမ်ရာဝီ (ရာဝီ) အဖြစ် Kao Noppakao Dechaphatthanakun
ဖာခွန်း (ခွန်း) အဖြစ် Gulf Kanawut Traipipattanapong
ရာဝီနဲ့ ဖာခွန်းတို့ဟာ ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြပြီး မိသားစုရင်းချာထက်တောင် ပိုမိုခိုင်မာတဲ့ သံယောဇဉ်နဲ့ တည်ဆောက်ထားကြသူတွေဖြစ်ပါတယ်။ အဲဒီခိုင်မာတဲ့ ဆက်ဆံရေးဟာ အလီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက် သူတို့ဘဝထဲကို စတင်ဝင်ရောက်လာချိန်မှာတော့ အေးစက်စက် အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။
သုံးယောက်ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနဲ့ မရေရာမှုတွေကြား ရုန်းကန်နေရချိန်မှာပဲ ဖာခွန်းဟာ ရုတ်တရက်ကြီး အပြင်းအထန် နေမကောင်းဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ရာဝီဟာလည်း သန်းကြွယ်သူဌေးကြီးတစ်ဦးရဲ့ အမွေဆက်ခံသူဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။ ညီအစ်ကိုလို ချစ်ခင်ရတဲ့သူကို ကယ်တင်နိုင်မဲ့ စွမ်းအားနဲ့ စည်းစိမ်းတွေ ရရှိလိုက်ချိန်မှာ အရာရာ ပျော်ရွှင်ဖွယ်အဆုံးသတ်ကို ပေးလိမ့်မယ်လို့ ရာဝီတစ်ယောက် ယုံကြည်ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ထင်မှတ်ထားတဲ့ ဇာတ်သိမ်းဆိုတာဟာ လိမ်ညာမှုတွေနဲ့ ရှုပ်ထွေးလှတဲ့ အကောက်ကြံမှု ကွန်ရက်ကြီးရဲ့ အစပြုခြင်းမျှသာဖြစ်နေခဲ့ပြီး သူတို့သုံးယောက်လုံးရဲ့ ဘဝတွေကို ထာဝရပြောင်းလဲသွားစေခဲ့ပါတော့တယ်။ အေးစက်စက် လိမ်ညာမှုတွေရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ မထင်မှတ်ထားတဲ့ အမှန်တရားကြီးက ဘာဖြစ်မလဲဆိုတာကို ဒရာမာကွင်းလေး Yaya, Kao နဲ့ Gulf တို့ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကို တင်ဆက်ပေးမှာမို့ စောင့်မျှော်ရှုစားပေးကြပါဦး။
#BeneathTheLies #thaiseries #2026series #mmsub #blackhole
ещё
2
0
24 ноя, 06:59
Love Fifty First Bite (2026)
တကျက်ကျက်အချစ် (၂၀၂၆)
Ep-1
Copyright ထိနိုင်လို့ channelတဆင့်ခံတင်လိုက်တာ နားလည်ပေးပါနော်။
channelပျက်တိုင်း ဒီchannelမှာပဲ update တင်ပေးမှာမို့ joinထားကြပါနော်
“ခေါက်ဆွဲတစ်ပွဲရဲ့ အရသာကနေ စတင်ခဲ့တဲ့ ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေး.....”
“ရန်” ရွတ်ဆာရန် အဖြစ် Punjan Prama Imanothai
ဘန်အန်း အဖြစ် Esther Supreeleela
ဇာတ်လမ်းအကျဉ်း
မိသားစုပိုင် အပန်းဖြေစခန်းရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် တာဝန်ပေးခံရတဲ့ ရွတ်ဆာရန်တစ်ယောက် မြောင်ဖာအပန်းဖြေစခန်းကို ရောက်ရှိလို့လာခဲ့ပါတယ်။ အဲဒီမှာပဲ အပန်းဖြေစခန်းရဲ့ ဝင်ငွေထိုးကျတဲ့အဓိက အကြောင်းအရင်းက စားဖိုမှူးကြောင့်ဆိုတာကို သိသွားပြီးတဲ့နောက်မှာ စားဖိုမှူးအသစ်ရှာပုံတော်ထွက်ပါတော့တယ်။ ဒီလိုနဲ့ အပန်းဖြေစခန်းရဲ့ အရင်စားဖိုမှူးနဲ့လက်ရာတူတဲ့ စားဖိုမှူးကိုရှာရင်း ခေါက်ဆွဲဆိုင်လေးဖွင့်ထားပြီး အရမ်းရောင်းကောင်းတဲ့ ဘန်အန်းကို တွေ့ရှိသွားပါတော့တယ်။ အန်းရဲ့ဆိုင်လေးဟာ တစ်ရက်ကို ပွဲ၅၀ပဲ ကန့်သတ်ချက်နဲ့ရောင်းပေမဲ့ အမြဲ လူအုံနေတတ်ပြီး အရသာကလည်း အရမ်းကို စွဲမက်စရာကောင်းလို့နေပါတယ်။
အပန်းဖြေစခန်းကို ကယ်တင်နိုင်ဖို့အတွက် ဘန်အန်းကို အပန်းဖြေစခန်းရဲ့ စားဖိုမှူးအဖြစ် အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့လည်း ကိုယ်ပိုင်ဆိုင်လေးနဲ့ အေးအေးဆေးဆေးနေချင်တဲ့ အန်းတစ်ယောက်ကတော့ သူ့ဆိုင်လေးနဲ့သူပဲ ရောင်းချင်တာကြောင့် ဒီကမ်းလှမ်းချက်ကို လက်မခံဘဲ နေပါတော့တယ်။ ဒီလိုနဲ့ ကိုယ့်စီးပွားရေးကို ကာကွယ်ဖို့အတွက် နှစ်ယောက်သား နေ့စဉ်နဲ့အမျှ အခြေအတင်ပြိုင်ဆိုင်ရင်း ထိပ်တိုက်တွေ့ကြပါတော့တယ်။
ဒါပေမဲ့လည်း တစ်ယောက်ကိုတစ်ယောက် ကာကွယ်ရင်း ပြိုင်ဆိုင်ရင်းနဲ့ပဲ မထင်မှတ်ထားတဲ့ နွေးထွေးမှုတွေနဲ့ ရင်ခုန်စရာချစ်ခြင်းမေတ္တာအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတဲ့အခါမှာတော့...
ရန်ဖြစ်ရင်း ချစ်မိသွားတဲ့ ပြိုင်ဘက်နှစ်ယောက်ရဲ့ ရယ်မောစရာ ဟာသရိုက်ချက်တွေနဲ့ နွေးထွေးတဲ့အချစ်ဇာတ်လမ်းလေးကို လက်မလွှတ်တမ်း ကြည့်ရှုနိုင်ဖို့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
#LoveFiftyFirstBite #thaiseries #2026series #mmsub #blackhole
ещё
2
0
24 ноя, 06:59
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней