Тарифы до −50% до 30.11
Аналитика Telegram-канала
Подписчики
319
Публикаций
44

Динамика подписчиков

7 дней 30 дней 6 месяцев Больше
22 ноя25 ноя28 ноя
Показаны последние 7 дней Больше истории →

Охваты публикаций

12.1112.1118.1118.11
9
Средний охват
11
Лучший результат
Показаны 4 публикации — последние в канале Больше статистики →

Упоминания

2
Упоминаний
1
Из них репостов
2
Каналов
Нет примеров за последние 90 дней
Все упоминания

Последние посты

3 из 44 2 из 44
Фото
ещё
9 0 18 ноя, 14:09
Фото
ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှာ ဟိန္ဒူအမျိုးသမီးတယောက်ကို အစ္စမ်လာမ်ဘာသာဝင် အမျိုးသားတွေကနေ အနိုင်ကျင့်ရိုက်နှက်နေတယ် ဆိုတဲ့ သတင်းရုပ်သံအတု တွေးပြီးမှယုံ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူဘာသာဝင်အမျိုးသမီးတဦးကို အစ္စလာမ်ဘာသာဝင်အမျိုးသားတွေကနေ အုပ်စုဖွဲ့ တိုက်ခိုက်အနိုင်ကျင့်နေကြတယ်ဆိုတဲ့ ရုပ်သံတခုပျံ့နှံ့နေပါတယ်။ ဒီရုပ်သံကို Mya Ta Ma နာမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ စတင်ဖြန့်ဝေခဲ့ပြီး “ဘင်္ဂလားဒေ့ရှ်လမ်းများပေါ်တွင် အစ္စလာမ်မစ် မွတ်ဆလင်အမျိုးသားများ ဟိန္ဒူအမျိုးသမီးတဦးကို အုပ်စုဖွဲ့တိုက်ခိုက်နေစဉ် ရယ်မောနေကြသည်၊ သူတို့မှာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အယူအဆလုံးဝမရှိဘူး၊ အလာဟ်အရှင်မြတ်က သူတို့ကို ဘာသင်ပေးခဲ့တာလဲ (ဘာသာမတူရင် ဒုက္ခပေးဖို့)” ဆိုပြီး ဘာသာရေး အမုန်းပွားစေတဲ့ အမုန်းစကားတွေပါဝင်တဲ့ စာအညွှန်းနဲ့ အတူ ပျံ့နှံ့နေတာဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ဟာဆိုရင် လိုက်ခ် - ၆၈ ဦးနဲ့ ပြန်လည်မျှဝေသူ - ၂၀၃ ဦးအထိရှိနေပါတယ်။ တွေးပြီးမှယုံ အနေနဲ့ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်လို့ Reverse Image Search ကို အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ဒါဟာ ဖြစ်စဉ်နဲ့ အကြောင်းအရာ လွဲမှားနေတဲ့ သတင်းတု ဖြန့်ဝေချက်တခုဆိုတာကို‌ တွေ့ခဲ့ရပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေအရ ဖြစ်စဉ်အမှန်ဟာဆိုရင် ၂၀၂၆ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၊ Gulshan ရပ်ကွက်မှာရှိတဲ့ အစ္စလာမ့်စာသင်ကျောင်းတခုမှာ အိမ်ခြေယာမဲ့အမျိုးသမီးတဦးက စာသင်ကျောင်းအတွင်းခိုးဝင်ခဲ့ပြီး ပစ္စည်းတွေ ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ဒီရုပ်သံထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဖမ်းဆီးရမိသူတွေက ရဲတပ်ဖွဲ့ထံ အကြောင်းမကြားပဲ သူတို့ဘာသာ အပြစ်ပေးနေတဲ့ ရုပ်သံဖိုင်ဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း နိုင်ငံတွင်းမှာ ဝေဖန်မှုတွေ ဆူညံခဲ့ပြီး ဖြစ်စဉ်မှာ ပါဝင်ကျူးလွန်ခဲ့သူ ၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒီအကြောင်းကို ဘင်္ဂလားဒေ့ရှ့်နိုင်ငံရဲ့ ထိပ်တန်းမီဒီယာတွေဖြစ်ကြတဲ့ The Business Standard နဲ့ The Daily Star တို့မှာ ဖော်ပြခဲ့တာကို အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ The Business Standard - https://shorturl.at/TpxkS  The Daily Star - https://shorturl.at/VG1M7  ဒါအပြင် သတင်းရုပ်သံအတုကို ဖြန့်ဝေထားတဲ့ Mya Ta Ma ဆိုတဲ့ အကောင့်ဟာဆိုရင်လည်း အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားပြီး ဘာသာရေး အရ အမုန်းပွားစေတဲ့ အမုန်းစကားနဲ့ သတင်းတု/ မှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒီလို သတင်းရုပ်သံတွေကို တွေ့ရရင် လွယ်လင့်တကူ မယုံကြည်ပဲ Reverse Image Search ကို အသုံးပြု စစ်ဆေးနိုင်သလို ရုပ်သံဖိုင်တွေကို အဓိကစစ်ဆေးတဲ့ InVid WeVerify ကိုလည်း အသုံးပြုပြီး စစ်ဆေးအတည်ပြုနိုင်ပါတယ်။ ဒီလိုစစ်ဆေးမှုတွေအပြင် သတင်းဖြန့်ဝေထားသူရဲ့ အကောင့်တွေနဲ့ ပေ့ချ်တွေကိုလည်း ဝင်ရောက်စစ်ဆေးသင့်ပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခက်ရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်ပေးပို့ စစ်ဆေးနိုင်ပါတယ်။
ещё
9 0 18 ноя, 14:08
Фото
ещё
7 0 12 ноя, 11:35
Больше постов

Продолжить анализ этого канала

  • История роста подписчиков
  • Просмотры и охваты публикаций
  • Кто упоминает канал и кого упоминает он
  • Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней