Аналитика Telegram-канала
Подписчики
7 131
Охват за 24 ч
853
ER за 24 ч
11,96%
Публикаций
6 773
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
30 окт2 ноя5 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
04.1104.1104.1105.1105.1105.11
178
Средний охват
293
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
14 506
Упоминаний
14 370
Из них репостов
66
Каналов
77
Упоминаний за 90 дней
0
Из них репостов
13
Каналов за 90 дней
Последние посты
3 из 6 773 2 из 6 773🟠 စမ်းချောင်း၊ ကျွန်းတော်အလယ်ရပ်ကွက် ဧည့်စစ်သတိ
ယနေ့ည စမ်းချောင်းမြို့နယ်၊ ကျွန်းတော (အလယ်) ရပ်ကွက်ထဲ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။
Source: RSG
05 Nov 2026
#RangoonScoutNetwork
ещё
161
1
2 5 ноя, 18:13
🔴 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ်)
•••••••••••••••®•••••••••••••••
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူများအနက်မှ လူ ၆၄ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။
▪️ဖမ်းဆီးပြီးနောက် ပြန်လွတ်/မလွတ် အခြေအနေ
• ဖမ်းဆီးခံရသူ ၆၄ ဦးအနက် ပြန်လွှတ်လာခဲ့ကြောင်း သိရသူ ၈ ဦး ရှိသည်။ ၉ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်။ ကျန်သည့် ၄၇ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးပါ။
————————
▪️ဖမ်းဆီးသည့်ပုံစံနှင့် ထူးခြားအချက်အလက်များ
• သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခြင်းခံခဲ့ရသူ ၁၁ ဦး ရှိခဲ့သည်။ ထိုထဲ ဟင်္သာတခရိုင် တပ်ရေးတာဝန်ခံ ၁ ဦး၊ နွေဦးထီကိုယ်စားလှယ် ၁ ဦးပါသည်။ စစ်တပ်ကို ဆိုရှယ်မီဒီယာပေါ် ဝေဖန်လို့ဟုဆိုကာ ဖမ်းဆီးခံရသူ ၂ ဦးပါသည်။
• ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၅၁ ဦး ရှိသည်။ ၈ ဦး ပြန်လွတ်လာပြီး ၂ ဦး စစ်တပ်ဆီပို့ခံလိုက်ရသည်။ ကျန် ၄၁ ဦး၏ နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရပါ။ လမ်းမပေါ်/လမ်းဘေး/ကားမှတ်တိုင် စသည့်နေရာများ၌ ရှိနေစဉ် ဆွဲဖမ်းခံခဲ့ကြရခြင်းဖြစ်ပြီး အရပ်ကား၊ စစ်ကား၊ ရဲကား၊ လူနာတင်ယာဉ် စသည့်ယာဉ်မျိုးစုံဖြင့် တင်ခေါ်သွားကြသည်။ ရုန်းကန်ထွက်ပြေးနိုင်လိုက်သူ ၂ ဦး နှင့် ပတ်ဝန်းကျင်က ဝိုင်းဟန့်တားပေး၍ လွတ်လာနိုင်ခဲ့သူ ၁ ဦး ရှိခဲ့သည်။
• ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၂ ဦး ရှိခဲ့သည်။
————————
▪️အဖမ်းအဆီးဖြစ်ခဲ့သည့် မြိုနယ်များ
• အောက်တိုဘာလထဲ မြို့နယ်ပေါင်း ၁၇ မြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ်များကို သိရှိခဲ့ရသည်။
• ကျောက်တံတား၊ လှိုင်၊ အင်းစိန်၊ မြောက်ဒဂုံ၊ တာမွေ၊ မင်္ဂလာဒုံ၊ စမ်းချောင်း၊ တောင်ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ အရှေ့ဒဂုံ၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ လှည်းကူး၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ လမ်းမတော်နှင့် သာကေတမြို့နယ်တို့ဖြစ်သည်။
• အထက်ပါ မြို့နယ်စာရင်းမှာ ဖမ်းဆီးခံရသည့် လူဦးရေအရေအတွက်အတိုင်း အစဉ်လိုက် ဖော်ပြထားခြင်းဖြစ်သည်။
————————
▪️စစ်မှုထမ်းသင်တန်း
• ဖမ်းဆီးခံခဲ့ရသူများအနက် စစ်မှုထမ်းသင်တန်းအတွက်ဟု ပြန်သိရသည်မှာ ၉ ဦး ရှိသည်။ (အခြား ဖမ်းဆီးခံရသူများထဲတွင်လည်း စစ်မှုထမ်းအတွက် အများအပြားပါနိုင်သေးသည်။)
• ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း သိရသည်မှာ ၅ ဦး ဖြစ်သည်။ ၃ ဦးကို ပြန်ရွေးထုတ်နိုင်လိုက်သည်။ ကျန် ၁ ဦး၏ နောက်ဆက်တွဲအခြေအနေကို မသိရှိရပါ။
• စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၉ ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် စတင်ခဲ့သည်။
————————
▪️အခြားအဖမ်းအဆီးဖြစ်စဉ်များ
• အခြား ရမ်းသမ်းလိုက်ဆွဲဖမ်းသည့်ဖြစ်စဉ်များ ရှိသေးသော်လည်း အချက်အလက်မပြည့်စုံမှုကြောင့် ထည့်သွင်းမတွက်ချက်ထားပါ။ မူးယစ်ဆေးမှု၊ လုယက်မှု၊ လောင်းကစားမှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များကိုလည်း ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။
(ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။)
05 Nov 2026
#arrest #RangoonScoutNetwork
ещё
226
7
5 ноя, 14:34
⚫️ ဆို၊ က၊ ရေး၊ တီး ဝင်ပြိုင်ခဲ့သည့် လူငယ်လေးတဦး ရန်ကုန်အထွက် ကားကြီးဂိတ်အနီး ဖမ်းဆီးခံရ
နေပြည်တော်တွင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဝင်ပြိုင်ခဲ့သူ မောင်ခန့်ကိုကိုငြိမ်း (အသက် ၁၅ နှစ်) အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှ သူ့နေရပ် ရေနံချောင်းမြို့နယ်သို့ ပြန်ရန် ခရီးသည်တင်ယာဉ်ပေါ်တက်စီးလာစဉ် ကားကြီးဝင်းအထွက် Terminal ရှေ့၌ ကား ၄ စီးခန့်ဖြင့်လူတစု ရုတ်တရက်ရောက်လာကာ ယာဉ်ကို ရပ်ခိုင်းပြီး လူငယ်လေးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ၎င်းလူတစုက မိမိတို့ကိုယ်ကို လဝက၊ စအဖ အဖွဲ့ဝင်များဟု ပြောပြီး ဖမ်းခေါ်သွားခြင်းဖြစ်သည်။ လူငယ်နှင့်အတူ ပြန်နေသည့် အသက် ၆၂ နှစ်အရွယ် ဦးစန်းမောင်လည်း ဖမ်းခေါ်ခံလိုက်ရသည်။ တပတ်ကျော်ကြာလာသည်ထိ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သိရသည်။ လူငယ်လေးမှာ နေပြည်တော်တွင် ပြိုင်ပွဲဝင်ပြိုင်ပြီးနောက် ရန်ကုန်တွင် ဆေးကုသနေသည့် မိခင်ထံ လာကြည့်ပြီး ရေနံချောင်းမြို့နယ်သို့ ပြန်ချိန် ဖမ်းခံလိုက်ရခြင်းဖြစ်သည်။
Source: Khit Thit
05 Nov 2026
#RangoonScoutNetwork
ещё
121
2
4 5 ноя, 11:20
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней