Аналитика Telegram-канала
Подписчики
2 604
Охват за 24 ч
329
ER за 24 ч
12,63%
Публикаций
27 778

Динамика подписчиков

7 дней 30 дней 6 месяцев Больше
15 ноя18 ноя21 ноя
Показаны последние 7 дней Больше истории →

Охваты публикаций

02:2103:3603:5607:2207:2507:39
51
Средний охват
82
Лучший результат
Показаны 6 публикаций за 21 ноября Больше статистики →

Упоминания

233
Упоминаний
207
Из них репостов
24
Каналов
Все упоминания

Последние посты

3 из 27 778 2 из 27 778
Фото
တြိဂံဒေသတိုင်းစစ်ဌာနချုပ်က တပ်မတော်သားတွေ၊ မိသားစုဝင်တွေရဲ့ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ လှည့်လည်ကျင်းပနေတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။
ещё
39 0 2 21 ноя, 07:39
【အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော အမှုအပေါ် စီရင်ချက်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခြင်း】 AFP သတင်းဌာန သတင်းထောက် ။ ။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာများအပေါ် “လူမျိုးတုံးသတ်ဖြတ်မှု” ကျူးလွန်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။ ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံဘက်မှ မည်သို့မှတ်ချက်ပြုလိုပါသနည်း။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun ။ ။ ICJ တရားရုံး၏ သက်ဆိုင်ရာ  စီရင်ချက် တရုတ်နိုင်ငံဘက်မှ တွေ့ရှိခဲ့ပါသည်။ ရခိုင်ပြည်နယ်အရေးကိစ္စသည် အလွန်ရှုပ်ထွေးသော သမိုင်းကြောင်း၊ တိုင်းရင်းသားရေးရာနှင့် ဘာသာရေး နောက်ခံများ ရှိနေသဖြင့် ဘက်စုံနည်းလမ်းများဖြင့် စီမံဆောင်ရွက်ကာ တည်ငြိမ်သင့်လျော်စွာ ဖြေရှင်းရန် လိုအပ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သင့်ပြီး ဤကိစ္စကို ပိုမိုရှုပ်ထွေးလာစေခြင်းမျိုးကို ရှောင်ရှားရပါမည်။ ရခိုင်ပြည်နယ်မှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသော ပြည်သူများ ပြန်လည်နေရာချထားရေးကိစ္စ ဖြေရှင်းမှုကို တွန်းအားပေးရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့ တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများ ပိုမိုအားကောင်းလာစေရေးကို တရုတ်နိုင်ငံဘက်မှ ဆက်လက်ထောက်ခံသွားမည် ဖြစ်ပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလိုပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းများသည် နိုင်ငံတကာတရားမျှတမှုနှင့် မျှတသောတရားစီရင်ရေးကို ထိန်းသိမ်းစောင့်ရှောက် သည့် အရေးပါသော ပလက်ဖောင်းအဖွဲ့အစည်းများဖြစ်ကြသော်လည်း ဥပဒေနှင့်အညီ ဆင်ခြင်တုံတရားဖြင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန် ပိုမိုလိုအပ်သည်ဟု တရုတ်နိုင်ငံဘက်မှ ယူဆပါသည်။ လုပ်ပိုင်ခွင့်ကိုကျော်လွန်၍ စီရင်ပိုင်ခွင့် ကျင့်သုံးခြင်းနှင့် ကျယ်ပြန့်စွာအဓိပ္ပာယ်ဖွင့်ဆိုခြင်းစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ စိုးရိမ်ပူပန်မှုများရှိနေပြီး ထိုကဲ့သို့ဆောင်ရွက်ချက်များသည် အငြင်းပွားမှုဖြေရှင်းရေး အတွက် အကျိုးပြုနိုင်မည်မဟုတ်ကြောင်း ယူဆပါသည်။ AFP သတင်းဌာန သတင်းထောက် ။ ။ အပြည်ပြည် ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့်အမှုအပေါ် စီရင်ချက်နှင့်ပတ်သက်၍ မေးမြန်းလိုပါသည်။ တရုတ်နိုင်ငံသားဖြစ်သူ တရားသူကြီး Xue Hanqin သည် စီရင်ချက်များအနက် တစ်ခုမှလွဲ၍ ကျန်စီရင်ချက်အားလုံးတွင် မြန်မာနိုင်ငံ ဘက်မှ ထောက်ခံမဲပေးခဲ့ပါသည်။ ယင်းသည် တရုတ်အစိုးရ၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့ခြင်း ဟုတ်ပါသလား။ ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun ။ ။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သည် ကမ္ဘာ့ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေးအဖွဲ့အစည်းဖြစ်ပြီး တရားသူကြီးများ သည် တစ်ဦးချင်းလွတ်လပ်စွာ တာဝန်ထမ်းဆောင်ကြပါသည်။ တရားသူကြီး Xue Hanqin သည် နိုင်ငံတကာဥပဒေနှင့် အမှုဖြစ်စဉ်အချက်အလက်များအပေါ် အခြေခံကာ မိမိ၏ကျွမ်းကျင်မှုနှင့်အသိပညာများကို အသုံးပြု၍ သဘောထားအမြင် များကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယင်းသည် တရားရုံး၏ ပုံမှန်လုပ်ငန်းစဉ်နှင့် လက်တွေ့ကျင့်သုံးမှုများနှင့် ကိုက်ညီသည့်အပြင် ၎င်း၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်းလည်း ဖြစ်ပါသည်။
ещё
42 0 21 ноя, 07:25
ICJ ဆုံးဖြတ်ချက် ချပြီးပြီးခြင်းမှာ သတင်းစာရှင်းလင်းပွဲ တစ်ခု ခပ်မြန်မြန် လုပ်လိုက်နိုင်တာ အတော်လေး ကောင်းပါတယ်။ MOFA ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြိး အသိပေး ထုတ်ပြန်ချက် ပြင်ဆင်ထားခဲ့တာကိုလည်း ကြိုဆို အသိအမှတ် ပြုကြရမှာပါ။ တရားရုံးတွေရဲ့ ထုံးစံအတိုင်း ဖြူရင်ဖြူ၊ မဖြူရင် မဲ ရမယ့် ဆုံးဖြတ်ချက်မျိုးမှာ ၉-၆ ဆိုတဲ့ အနေအထားအရ မြန်မာနိုင်ငံ အနေနဲ့  Genocide ကို မကျူးလွန်တာကို လက်ခံ ယုံကြည်တဲ့ အသိုင်းအဝိုင်းတစ်ခု ရှိနေတာလေးကတော့ မဆိုးဘူးလို့ ပဲ ပြောရမယ်။ စာမျက်နှာပေါင်း ၂၀၀ ကျော် ပါတဲ့ စီရင်ချက်ကို အသေးစိတ် လေ့လာဖို့ အချိန်ယူရမှာ ဖြစ်သလို ဗဟိုအစိုးရ အာဏာ မသက်ရောက်တဲ့ နယ်မြေ ဒေသတခုမှာ ဘင်္ဂလီတွေကို ၂ နှစ်အတွင်း မူလ အခြေအနေ ပြန်လည် ရောက်ရှိဖို့ဆိုတာကလည်း လက်တွေ့နဲ့ ကင်းကွာလွန်းတယ်။ မြန်မာနိုင်ငံ ရပ်တည်တဲ့ Stand ကတော့ ရှင်းတယ်။ အမျိုးသား အကျိုးစီးပွား၊ အချုပ်အခြာ အာဏာ မထိခိုက်စေတဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်ဆုံးဖြတ်မယ်လို့ နိုင်ငံတကာကို အသိပေးထားတယ်။ သေချာတာကတော့ ဒီဖြစ်စဉ်က လုံခြုံရေးကောင်စီ ရောက်လာခဲ့ရင် နဂိုကတည်းက လုပ်ပိုင်ခွင့်ကို ဘောင်ကျော်နေတဲ့ ICC ရဲ့ နိုင်ငံရေး လက်နက်သဖွယ် တရားရုံးကို အသုံးချ ဖိအားပေးလာတဲ့ ဒီလို ဖြစ်စဉ်တွေကို လက်သင့်ခံကြဖွယ်တော့ မရှိဘူး။ ဒီကြားထဲတော့ ပြည်တွင်း ညီညွှတ်ရေးကိုပဲ အားစိုက်ကြစေချင်တယ်။ (နရီမိုး)
ещё
39 0 3 21 ноя, 07:22
Больше постов

Продолжить анализ этого канала

  • История роста подписчиков
  • Просмотры и охваты публикаций
  • Кто упоминает канал и кого упоминает он
  • Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней