Каталог каналов Каналы в закладках Мои каналы Поиск постов Рекламные посты
Инструменты
Каталог TGAds beta Мониторинг Детальная статистика Анализ аудитории Бот аналитики
Полезная информация
Инструкция Telemetr Документация к API Чат Telemetr
Полезные сервисы

Не попадитесь на накрученные каналы! Узнайте, не накручивает ли канал просмотры или подписчиков Проверить канал на накрутку
Прикрепить Телеграм-аккаунт Прикрепить Телеграм-аккаунт

Телеграм канал «Than Lwin Khet News»

Than Lwin Khet News
3.5K
0
327
266
41.8K
အချိန်နှင့်တပြေးညီ သတင်းမှန်များတင်ဆက်ရန်
Подписчики
Всего
13 451
Сегодня
0
Просмотров на пост
Всего
483
ER
Общий
3.24%
Суточный
2.8%
Динамика публикаций
Telemetr - сервис глубокой аналитики
телеграм-каналов
Получите подробную информацию о каждом канале
Отберите самые эффективные каналы для
рекламных размещений, по приросту подписчиков,
ER, количеству просмотров на пост и другим метрикам
Анализируйте рекламные посты
и креативы
Узнайте какие посты лучше сработали,
а какие хуже, даже если их давно удалили
Оценивайте эффективность тематики и контента
Узнайте, какую тематику лучше не рекламировать
на канале, а какая зайдет на ура
Попробовать бесплатно
Показано 7 из 3 531 поста
Смотреть все посты
Пост от 28.01.2026 16:58
199
0
0
ကျောက်ကြီးတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ

သံလွင်ခက်
ဇန်နဝါရီ ၂၈ ၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာဒေသ ၊ကောသူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အတွင်းရှိ ကွီးလါးကျေးရွာအတွင်းသို့ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်သေဆုံးပြီး ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့ ညပိုင်းတွင် စစ်ကော်မရှင်တပ်၏ တောင်ငူလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး (၆) လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းတိုက်ခိုက်မှုကြောင့် အသက် (၇) နှစ်အရွယ်ရှိ စောအယ်လောလမူးမှာ ဗုံးစထိမှန်သေဆုံးခဲ့ရပြီး အသက် (၉) နှစ်၊ (၁၁)နှစ်၊(၁၃) နှစ်အရွယ် ကလေးငယ် (၃) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ အရပ်သားနေအိမ် (၅) လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရှုရန် - https://www.facebook.com/share/p/1H6g3YuYYa/
#ကျောက်ကြီး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ThanLwinKhetNews
😡 5
2
Пост от 28.01.2026 16:57
180
0
0
ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း ရခိုင်ပြည်နယ် ဘာတွေထူးလဲ

ကျောက်ဖြူက အသေခံဒရုန်း တိုက်ခိုက်မှု၊ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုနဲ့ စစ်ဘေးရှောင်တွေရဲ့ အငတ်ဘေး အန္တရာယ်သတင်းတွေ ပါဝင်တဲ့ တစ်ပတ်တာပါ။

၁။ ကျောက်ဖြူ၊ မူရွင်းကျေးရွာရှိ စာသင်ကျောင်းအနီးကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်။
၂။ ကျောက်ဖြူ စစ်ရှောင်စခန်းတွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေ အာဟာရချို့တဲ့ပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရရှိဘဲ ဖြစ်နေတဲ့ အခြေအနေ။
၃။ ပေါက်တော၊ ငပြီးကျွန်းရွာမှာ နှစ်နှစ်ကျော်ကြာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၆၀ ခန့် အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတဲ့ သတင်း။
၄။ ကျောက်တော်မြို့နယ်အတွင်းက AA ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က ဗုံးကြဲခဲ့လို့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင် ၂၁ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်။
၅။ မောင်တောမြို့နယ်အတွင်း မိုင်း ၇၈ လုံးကို အာရက္ခတပ်တော်က ရှာဖွေဖယ်ရှားနိုင်ခဲ့တဲ့ သတင်း။

တင်ဆက် - နော်ဖော
ရိုက်ကူးတည်းဖြတ် - ဖေငယ်,သုတ
#ရခိုင်ပြည်နယ်အတွင်းကထူးခြားသတင်းများ #ThanLwinKhetNews
1
👍 1
Пост от 28.01.2026 16:27
194
0
0
နွေဦးတော်လှန်ရေးဦးဆောင်မှု ခိုင်မာစေရန် NUCC နှင့် NUGတို့ အရေးပေါ်တွေ့ဆုံဆွေးနွေး

#ထူးထူးခြားခြားတစ်နေ့တာသတင်းများ #ThanLwinKhetNews
👍 1
🤪 1
Пост от 28.01.2026 15:57
223
0
0
နားထောင်ကြည့်ပါ

"လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်တဲ့ကိစ္စတွေပဲဖြစ်ဖြစ်၊ အမျိုးသမီးတွေပေါ်မှာ ကျူးလွန်တဲ့ ကိစ္စတွေပဲဖြစ်ဖြစ်၊ ဘယ်သူကပဲ ကျူးလွန်ကျူးလွန် ကျွန်မတို့အနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျူးလွန်ခဲ့တဲ့သူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ပေးအရေးယူမှုတွေနဲ့ တရားမျှတမှုတွေ ဖော်ဆောင်နိုင်ဖို့တော့ အရေးကြိးပါတယ်။" ဒေါ်နှင်းနှင်းမွှေး (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

#နားထောင်ကြည့်ပါ #ThanLwinKhetNews
1
🤪 1
Пост от 28.01.2026 15:27
488
0
1
သေဆုံးနိုင်ခြေမြင့်မားသည့် နီးပါး ဗိုင်းရပ်စ်ကို ရခိုင်ပြည်သူများ အထူးသတိပြုကြရန် AA မှ သတိပေး

#ထူးထူးခြားခြားတစ်နေ့တာသတင်းများ #ThanLwinKhetNews
👍 4
🤪 1
Пост от 28.01.2026 14:27
505
0
3
“ထိုင်းမှာ မြန်မာတွေပါတဲ့ အမှုအခင်းတွေ များလာတာက နယ်စပ်လုံခြုံရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လိုရိုက်ခတ်နိုင်သလဲ”

လွန်ခဲ့တဲ့ နှစ် ၃၀ ကနဲ့ မတူတော့တဲ့ ဒီနေ့ခေတ် အပြောင်းအလဲတွေကြားမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အန္တရာယ်ကင်းကင်း နေထိုင်နိုင်ဖို့ ဘာတွေသိထားဖို့ လိုမလဲ။

Burma Lawyers’ Council ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က မဲဆောက်ဒေသရဲ့ လက်ရှိဥပဒေရေးရာ အကျပ်အတည်းတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ပြုမူနေထိုင်သင့်တဲ့ နည်းလမ်းတွေကို ဥပဒေရှုထောင့်ကနေ အသေးစိတ်ဆွေးနွေးထားပါတယ်။

#ထိုင်း #မြန်မာ #နယ်စပ်လုံခြုံရေး #အင်တာဗျုး #Burma Lawyers’ Council #ThanLwinKhetNews
👍 4
🤪 1
Пост от 28.01.2026 14:03
273
0
0
မြန်မာ အလုပ်သမားအဖွဲ့ NGO များကို နှိမ်နင်းမည်ဟု Thai Pakdee ပါတီမဲဆွယ်

#ထူးထူးခြားခြားတစ်နေ့တာသတင်းများ #ThanLwinKhetNews
👎 2
🤪 1
Смотреть все посты