Не попадитесь на накрученные каналы! Узнайте, не накручивает ли канал просмотры или подписчиков Проверить канал на накрутку
Прикрепить Телеграм-аккаунт Прикрепить Телеграм-аккаунт

Телеграм канал «News Of Myanmar»

News Of Myanmar
41.7K
140
14.9K
10.2K
95.4K
News Of Myanmar (NOM) Official Telegram Channel.

Other Links ⬇️

WhatsApp Link:

https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J

Viber Link:

https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ
Подписчики
Всего
11 575
Сегодня
0
Просмотров на пост
Всего
608
ER
Общий
5.25%
Суточный
4.82%
Динамика публикаций
Telemetr - сервис глубокой аналитики
телеграм-каналов
Получите подробную информацию о каждом канале
Отберите самые эффективные каналы для
рекламных размещений, по приросту подписчиков,
ER, количеству просмотров на пост и другим метрикам
Анализируйте рекламные посты
и креативы
Узнайте какие посты лучше сработали,
а какие хуже, даже если их давно удалили
Оценивайте эффективность тематики и контента
Узнайте, какую тематику лучше не рекламировать
на канале, а какая зайдет на ура
Попробовать бесплатно
Показано 7 из 41 676 постов
Смотреть все посты
Пост от 27.10.2026 21:41
59
1
0
ရွေးကေါက်ပွဲရှုံးသည့်ဘရာလ်ဇီးသမ္မတလောင်းအမေရိကန်တွင်နိုင်ငံရေးခိုလှုံ
NOM
ဘရာလ်ဇီးသမ္မတရွေးကေါက်ပွဲတွင်ရှုံးနိမ့်ခဲ့သောလွှတ်တော်အမတ်ဖလာဗီယို ဘိုလ်ဆိုနာရို သည် နိုင်ငံ ရေးခိုလှုံခွင့် ရယူရန်အတွက် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွါသွားသည်။ ၎င်းအနေဖြင့် တိုင်းပြည်မှ ထွက်ခွာနိုင်ခဲ့ခြင်းမှာ လက်တင်အမေရိက အစိုးရ သုံးခု၏ ပူးပေါင်းကူညီမှုနှင့် ရီပါဘလစ်ကန်ပါတီဝင်များ၏ အကူအညီကြောင့် ဖြစ်သည်။
Пост от 27.10.2026 19:00
120
0
1
ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွား၊ယာဥ်‌မောင်းသေဆုံး
NOM၊အောက်တိုဘာ၂၇၊၂၀၂၆
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၅၄-၆/၇တွင်‌ ယနေ့အောက်တိုဘာ ၂၇ရက်မွန်းလွဲ၁နာရီခွဲ့ခန့်ကယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာယာဥ်‌မောင်းသေဆုံးခဲ့‌ကြောင်းသိရသည်။
ဖြစ်စဉ်မှာရန်ကုန်-နေပြည်တော်အသွားလမ်းတွင် ယာဉ်မောင်းတစ်ဦးတည်း​​မောင်းနှင်လာသည့် TOYOTA Hilux Surf အမျိုးအစား အနက်ပြာရောင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းရှိ Guard Rail တန်းနှင့် အရိပ်ရပင်အားတိုက်မိပြီး ဆန့်ကျင်ဖက်ယာဉ်ကြော (နေပြည်တော်-ရန်ကုန်ဘက်ခြမ်း) မြေသားတာ​ဘောင်ပေါ်အထိ ရောက်ရှိခဲ့‌ရာ ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့‌ ခြင်းဖြစ်သည်။
❤ 3
😢 1
Пост от 27.10.2026 16:30
109
1
0
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ နွေစပါး (၅၃၇၄)ဧကအား စိုက်ပျိုးရေ ပေးဝေသွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

အောက်တိုဘာ ၂၇၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများနှင့် တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တမံသိုလှောင်ရေ ထိန်းညှိလျော့ချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်တွင် တမံနိမ့်မြင့်မှတ်မှာ (၂၉၇ ဒသမ၆) ပေ (သိုလှောင်ရေပမာဏ - ၅၁၁၃၉ ဧကပေ) ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၅ ရက်မှ စတင်၍ နွေစပါး (၅၃၇၄)ဧကအား စိုက်ပျိုးရေပေးဝေသွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက တမံအိလျောသည့်နေရာ တစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းများ မခံရစေရန် မိုးရေကာဖျင်များဖြင့် စနစ်တကျအုပ်မိုး ကာကွယ်ထားရှိမှု၊ ရေလှောင်တမံ ပိုမိုစိတ်ချစေရေးအတွက် တမံအခြေဘက်တွင် မြေသားတမံဖို့၍ တမံအခြေထောက်ခြင်း၊ မြေသားတမံနှင့် ဆက်စပ်၍ ရေစစ်ကျောက်ရိုး (Rock Toe) ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊ ရေစစ်ကျောက်ရိုး (Rock Toe) နှင့် ချိတ်ဆက်သည့် ရေစစ် သဲလွှာ လုပ်ငန်းဆောင်ရွက်ခြင်း၊ တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများအား စစ်ဆေးနေမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေး Quality Control (QC) စစ်ဆေးဆောင်ရွက်မှု၊ တမံတည်ဆောက်ရာတွင် အောက်ခံမြေသား သိပ်သည်းဆနှင့် ခံနိုင်ရည်ဝန်အား တိုင်းတာရေးအတွက် Standard Penetration Test (SPT) စမ်းသပ်ဆောင်ရွက်နေမှု၊ တမံပြန်လည်တည်ဆောက်ရာတွင် အသုံးပြုရမည့် ဖို့မြေများအတွက် မြေရယူသင့်သည့်နေရာ (Borrow)ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီမတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို ဂရုပြုလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် အခြား နည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့် မမြရေလှောင်တမံ ရှင်းလင်းဆောင် အစည်းအဝေးခန်းမ၌ တမံအိလျောကျမှုအပေါ် လိုအပ်သည့် အချိန်လိုအပ်သလို ရေထုတ်လွှတ်နိုင်ရန် အရေးပေါ် ရေပိုလွှဲတွင် ရေတံခါးတပ် ရေပိုလွှဲ (Gated Spillway) ဒီဇိုင်း ထည့်သွင်းစဉ်းစားမှု အခြေအနေများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မမြရေလှောင်တမံ ကျောဘက်အလျော အိလျောကျမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဘူမိရူပဆိုင်ရာ တိုင်းတာခြင်း၊ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး တွေ့ရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ တမံ၏ လက်ရှိကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို သုံးသပ်အကဲဖြတ်ခြင်း၊ နောင်ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များအပေါ် ကြိုတင်ပြင်ဆင်နိုင်ရေး စီမံခြင်း၊ စစ်ဆေးရေးနှင့် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကို ပိုမိုအလေးထားပြီး စနစ်တကျ စောင့်ကြည့်ထိန်းသိမ်းခြင်းနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများကို ယခုထက် ပိုမိုအရှိန်မြှင့်ပြီး စီမံဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များကို အထူးအလေးထား စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရသည်။
👍 2
Пост от 27.10.2026 16:24
202
0
1
ဆော်ဒီအာရေးဗီးယားသည် ၎င်း၏ နိုင်ငံအတွင်းသို့ တိုက်ခိုက်မှုများကို ရပ်တန့်ရန် အီရန်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးမှုများ ပြုလုပ်စဉ်အတွင်း ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့အား အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်ဟု Israel Hayom သတင်းဌာနက ဖော်ပြခဲ့သည်။
Пост от 27.10.2026 16:17
129
3
2
ရှမ်းမြောက်အနေအထားက ...အပြန်အလှန်စာထုတ်နေတဲ့ အရေးအသားတွေကိုကြည့်ရင်....

ရှမ်းနဲ့ ကိုးကန့်ဆိုတဲ့ အနေအထားထက်...
ငါတိုက်၊ ငါယူ၊ နိုင်သူ အစိုးရ လုပ်ကြေး ပုံစံ ပေါက်နေပါပြီ။


ကူမင်း အပစ်ရပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲထက်ကျော်လွန်တဲ့ အမြင်၊ အခင်းအကျင်းမျိုး ဆောင်ရွက်နိုင်ဖို့ လိုတာ တွေ့ကြရမှာပါ။

အချိန်ကြာလေလေ...ပြည်သူက မြေဇာပင် ဖြစ်သွားနိုင်သလို အစိုးရအပေါ်လည်း ယုံကြည်အားကိုးလိုစိတ် လျော့ပါးသွားနိုင်ပါတယ်။

ငြိမ်းချမ်းရေးဆိုပြီး အချိန်ဆွဲလာခဲ့တာ ဒီစစ်ပွဲက ၃ နှစ်ဆိုတဲ့ ကာလတစ်ခု ရောက်လာခဲ့ပါပြီ။ သံတမန်ရေးနဲ့ စစ်ရေး အပြိုင်ကိုသွားကြရတော့မယ် ထင်တယ်။


(နရီမိုး)
👍 4
🔥 1
Пост от 27.10.2026 16:16
67
1
0
အာဆီယံအထူးသံတမန် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရှိရ။
Пост от 27.10.2026 16:16
10
0
0
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် သီတင်းကျွတ်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ဒေသခံပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲ
 
အောက်တိုဘာ ၂၇၊ ၂၀၂၆
 
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အောက်တိုဘာလ(၂၆)ရက် သီတင်းကျွတ်လပြည့်ည ညနေ(၆)နာရီမှစတင်၍ မြို့ပေါ်ရှိစေတီများ၊ အထင်ကရနေရာများနှင့် ဌာနဆိုင်ရာရုံးများတွင် ဆီမီးပူဇော်ပွဲကျင်းပကြရာ လွတ်လပ်ရေးဆုတောင်းပြည့်စေတီနှင့် ရန်ပြေမာန်ပြေနိုင်ငံအေး အောင်တော်မူ ဓါတ်ပေါင်းစုဆု တောင်းပြည့်စေတီတော်တွင် ကျင်းပသည့် ဆီမီး(၁၀၀၀)ပူဇော်ပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် ‌ဒေသခံပြည်သူများနှင့်အတူ သီတင်းကျွတ်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
 
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် ဖလမ်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဒေသခံများပြည်သူများနှင့်အတူ ကျင်မွာလ်ရပ်ကွက် လွတ်လပ်ရေးဆုတောင်းပြည့်စေတီတွင် ကျင်းပသည့် ဆီမီးပူဇော်သို့သွား‌ရောက်ပြီး စတုဒီသာကျွေးမွေးခြင်း၊ ဆီမီးပူဇော်ထွန်းညှိခြင်းများကို ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။
 
ဆက်လက်၍ ဗန်ကာအိုတောင်လမ်းရှိ ရန်ပြေ၊ မာန်ပြေနိုင်ငံအေးအောင်တော်မူ ဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်တွင် ကျင်းပသည့် ဆီမီး(၁၀၀၀)ပူဇော်ပွဲသို့ ပါဝင်ဆင်နွှဲကာ ဆီးမီး(၁၀၀၀)ထောင်ပူဇော်ခြင်း၊ မီးပုံးပျံငယ်များလွှတ်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းများကို ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
 
ဖလမ်းမြို့ကို တပ်မတော်မှ ၂၀၂၆ ခုနှစ် ဧပြီလတွင်  အကြမ်းဖက်သောင်းကျန်းသူများလက်မှ အလုံးစုံပြန်လည်ထိန်းချုပ်ပြီးနောက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ဒုတိယဝန်ကြီးများ ဦးဆောင်ကာ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာမှာ ယခုအခါပြည်သူများ၏ စိတ်လုံခြုံမှုရရှိစေရန်နှင့် စိတ်အပန်းပြေစေရန် ဘာသာရေးနှင့် ရိုးရာပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပြီဖြစ်ကြောင်းသိရသည်။
Смотреть все посты