Аналитика Telegram-канала
Подписчики
115 359
Охват за 24 ч
1,1K
ER за 24 ч
0,92%
Публикаций
2 996
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
31 окт3 ноя6 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
27.1030.1031.1002.1104.1105.11
309
Средний охват
1,1K
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
2 747
Упоминаний
18
Из них репостов
18
Каналов
46
Упоминаний за 90 дней
7
Из них репостов
9
Каналов за 90 дней
Последние посты
3 из 2 996 2 из 2 996ဇာတ်လမ်းတွဲမန်ဘာဝင်မယ့်သူများ SE လို့ပဲ စာပို့ပါခင်ဗျာ
DC & Marvel မန်ဘာ နဲ့ Onlyfans မန်ဘာလဲ ရှိနေလို့ပါ
ещё
162
0
5 ноя, 17:22
Masters of the Air (2024) Season 1
IMDB: 7.8
ဒုတိယကမ္ဘာစစ်ရဲ့ နာမည်ကျော် အမေရိကန်လေတပ် အမှတ်-၈ (နာမည်ပြောင် Mighty Eighth) ရဲ့ ဖြစ်ရပ်မှန်စစ်ဆင်ရေးတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ စီးရီးအသစ်ထွက်လာပါပြီ။
ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။
ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်တဲ့ John Orloff က တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Elvis ရုပ်ရှင်ရဲ့မင်းသား Austin Butler ခေါင်းဆောင်ပါဝင်ထားပါတယ်
ဒုတိယကမ္ဘာစစ် ဥရောပ စစ်မြေပြင်မှာ အမေရိကန် အမှတ်-၈ လေတပ်ပါဝင်တိုက်ခိုက်ခဲ့ပြီးအင်အား ၂ သိန်းအထိ ပါဝင်တာကြောင့် မိုက်တီး-၈ ဆိုပြီး နာမည်ပြောင်ပေးခံခဲ့ရပါတယ်။ စစ်ဆင်ရေးနဲ့အောင်မြင်မှုတွေအရမ်းများခဲ့သလို အကျအဆုံးကလည်း ဒုတိယကမ္ဘာစစ် အမေရိကန်တစ်နိုင်ငံလုံးရဲ့ လေတပ်ကျဆုံးဒဏ်ရာရသူ ၁၁၅၃၃၂ ယောက်ထဲမှာ အမှတ်-၈ တစ်ခုတည်းကနေ ၂၆၀၀၀ ကျော် ကျဆုံးပြီး ၂၀၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။
သူရသတ္တိဆိုင်ရာ ဆုတံဆိပ်ပေါင်း ၄ သိန်းကျော်ရခဲ့သလို၊ ဗုံးပေါင်း တန် ၇ သိန်းလောက်ကျဲခဲ့ပြီး၊ လေယာဉ် ၅၀၀၀ ကျော် ပျက်စီးခဲ့တာပါ။ ဒုတိယကမ္ဘာစစ် စစ်ရှိန်အမြင့်ဆုံးကာလရဲ့ တိုက်ပွဲတွေကို အခြေခံရိုက်ကူးထားတာမို့ စစ်ကားကြိုက်သူတွေအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုဖြစ်မှာပါပဲ။ ကြည့်လိုက်ကြပါ။
-
ဇာတ်လမ်းတွဲချန်နယ်လင့်
https://t.me/+brp10_4uPtg3M2Y1
ဗွီဒီယိုလင့်
https://t.me/c/4202066202/629
ещё
79
0
4 ноя, 16:08
Doctor-X: Surgeon Michiko Daimon (2012) (ဂျပန်) Season 1,2,3,4,5,6,7
IMDB: 7.5
🐙မန်ဘာချန်နယ်မှာ အတွဲ ၇ ရပါပြီ 🐙
လတ်တလော ရေပန်းစားနေတဲ့ Doctor-X kdrama စီးရီးရဲ့ မူရင်းဗားရှင်းကို တခဲနက်တောင်းဆိုနေကြတဲ့ ပရိသတ်ကြီးအတွက် Masterpiece လို့ တင်စားထားရတဲ့ ဆူရှီမြေက Doctor-X Medical Drama စီးရီးတွဲကြီးထဲကမှ Season (1) ကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီဇာတ်လမ်းလေးကတော့ "ဆရာဝန်လိုင်စင်မလိုတဲ့ ဘာအလုပ်မှ မလုပ်နိုင်ပါဘူး" ဆိုတဲ့ စကားကို အမြဲပါးစပ်ဖျားမှာ တပ်ထားပြီး ကိုယ်မှန်ရင် ဆေးရုံအုပ်ကြီးတွေ၊ ပါမောက္ခတွေကိုတောင် ဂရုမစိုက်တတ်တဲ့ ဆတ်ဆတ်ကြဲအမျိုးသမီးခွဲစိတ်အထူးကု ဒါအိမို မီချီကို တစ်ဖြစ်လဲ ဒေါက်တာ X အကြောင်းဖြစ်ပါတယ်...
ဒါအိမို မီချီကိုဆိုတာ ခွဲစိတ်ဖို့ သက်သက်အတွက်ပဲ မွေးဖွားလာတဲ့ အလွတ်တန်းဆရာဝန်မလေးတစ်ယောက်၊ ဆေးရုံတစ်ရုံကနေ တစ်ရုံကို လှည့်လည်သွားလာနေတဲ့ Freelance ဆရာဝန်တစ်ယောက်ဖြစ်ပြီး ခွဲစိတ်ပညာကို အရိုးထဲအထိစိမ့်အောင်ချစ်မြတ်နိုး ဝါသနာပါတဲ့ဆရာဝန် ..
ဆေးရုံတွေဆိုတာက လူနာကိုကယ်တင်ဖို့ထက် ရာထူးအာဏာပြိုင်ဆိုင်မှုတွေ၊ ဂိုဏ်းဂဏစွဲတွေနဲ့ နိုင်ငံရေးပရိယာယ်တွေ ကြွယ်ဝတဲ့နေရာကြီးဖြစ်နေချိန် ..
အကျင့်ပျက်ခြစားပြီး လုပ်ငန်းခွင်ကြမ်းတမ်းတဲ့ တက္ကသိုလ်ဆေးရုံကြီးလို နေရာမျိုးဆီကို မိချီကိုတစ်ယောက် ရောက်လာတဲ့အခါ...
တခြားဆရာဝန်တွေက ရာထူးတက်ဖို အထက်ဖားအောက်ဖိကြ၊ အမှားတွေကို ဖုံးကွယ်ကြနဲ့ အာလူးဖုတ်နေချိန်မှာ မိချီကိုကတော့ aura အပြည့် swag အပြည့်နဲ့ ဟန်ပဲရှိတဲ့ ဆရာဝန်လောကရဲ့ဘိုးတော်တွေကို ဘယ်လိုပညာပေးသွားမလဲဆိုတာကို Season (7) ခုစာ တဝကြီး ရှုစားရမှာပါ။
ဂျပန်ရဲ့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီးကြီး Ryoko Yonekura, Yuki Uchida နဲ့ Kei Tanaka စတဲ့ ထိတ်ထိတ်ကြဲတွေ ပါဝင်အားဖြည့်ထားလို သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုအောင်ကို ရှယ်မိုက်တာပါ။
ရာထူးအာဏာကို မက်မောတဲ့ ဆရာဝန်တွေကြားမှာ မိချီကိုတစ်ယောက် ကျရှုံးမှုဆိုတာ မရှိတဲ့ သူ့ရဲ့ ခွဲစိတ်မှတ်တမ်းနဲ့ "ကျွန်မ မကျရှုံးဖူးဘူး"ဆိုတဲ့ ဆောင်ပုဒ်စကားအတိုင်း လူနာတွေကို ဘယ်လိုအကြိတ်အနယ် ကယ်တင်သွားမလဲ...
ဆေးရုံအုပ်ကြီးတွေရဲ့ အကောက်ကြံမှုတွေကိုရော ဘယ်လို အပိုင်ဖြုတ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာမို့လို Medical Drama ကြိုက်တဲ့သူတွေ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။
-
ဇာတ်လမ်းတွဲချန်နယ်လင့်
https://t.me/+brp10_4uPtg3M2Y1
ဗွီဒီယိုလင့်
https://t.me/c/4202066202/553
ещё
1 103
1
2 ноя, 16:40
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней