Не попадитесь на накрученные каналы! Узнайте, не накручивает ли канал просмотры или подписчиков Проверить канал на накрутку
Прикрепить Телеграм-аккаунт Прикрепить Телеграм-аккаунт

Телеграм канал «.ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅»

.ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅
4.5K
0
379
139
0
🦅 7 Star⭐ Myaing 🦅 ပြည်သူမှ ပြည်သူ သတင်းနှင့်ကူ
Подписчики
Всего
2 378
Сегодня
-1
Просмотров на пост
Всего
655
ER
Общий
27.52%
Суточный
23.13%
Динамика публикаций
Telemetr - сервис глубокой аналитики
телеграм-каналов
Получите подробную информацию о каждом канале
Отберите самые эффективные каналы для
рекламных размещений, по приросту подписчиков,
ER, количеству просмотров на пост и другим метрикам
Анализируйте рекламные посты
и креативы
Узнайте какие посты лучше сработали,
а какие хуже, даже если их давно удалили
Оценивайте эффективность тематики и контента
Узнайте, какую тематику лучше не рекламировать
на канале, а какая зайдет на ура
Попробовать бесплатно
Показано 7 из 4 520 постов
Смотреть все посты
Пост от 26.10.2026 15:54
76
0
1
🪷🏮 ပျော်ရွှင်ဖွယ် သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ 🏮🪷

🙏 သီတင်းကျွတ်အခါသမယမှာ ချစ်ခင်လေးစားရပါသော မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အပေါင်းအသင်းအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

✨ စိတ်ကူးအိပ်မက်တိုင်း အကောင်အထည်ဖော်နိုင်ကြပါစေ။ ✨ လုပ်ငန်းဆောင်တာတိုင်း အဆင်ပြေချောမွေ့ပြီး စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ။ ✨ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံကြပါစေ။ ✨ မိသားစုတိုင်း ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ ✨ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်အတူ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ။

🙏 ဤသီတင်းကျွတ်အခါသမယလေးမှစ၍ နေ့ရက်တိုင်းမှာ အပြုံးပန်းများ ပွင့်လန်းနိုင်ကြပြီး ကံကောင်းခြင်း၊ မင်္ဂလာရှိခြင်းများနှင့် အစဉ်ပြည့်စုံကြပါစေ။

🪔 မိဘဆရာသမားများကို ရိုသေလေးစားကန်တော့ရင်း၊ ချစ်ခင်ရသူများနှင့်အတူ အေးချမ်းပျော်ရွှင်သော သီတင်းကျွတ်ပွဲတော်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မိသားစု၊ မိတ်ဆွေ၊ အပေါင်းအသင်းအားလုံးကို ချစ်ခင်လေးစားစွာဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ❤️🙏

သာယာပျော်ရွှင်ဖွယ် သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ။ 🏮🪷

7StarMyaing

ThreeStarMyaing

သတင်းပေးရန်>@Myaing3Star

သတင်းချန်နယ်ကြည့်ရှုရန်telemetr.me/https7starmyaing
❤ 5
Пост от 26.10.2026 15:37
96
0
1
မြိုင်- မကွေးတိုင်း⚠

7:04pm(26 Oct)

စကစ Drone (1) စီး မြိုင်နယ်ဖြတ် အရှေ့ဘက်သို့ ပျံသန်း။

#WES သတင်းပို့ရန် @SCOUT_WES
👍 1
Пост от 26.10.2026 07:21
148
0
0
စစ်ကား ၁၄ စီး မင်းဘူးကနေ လောင်းရှည်ကပစ ၂၅ ကိုဦးတည်လာနေ

ဒရုန်း၊လက်နက်ခဲယမ်းများနှင့် စစ်အင်အား ၂၀၀ ခန့်ပါဝင်

အောက်တိုဘာ ၂၆၊၂၀၂၆၊ ဆော

ယနေ့သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း မင်းဘူးမြို့ကနေထွက်လာသည့် ၁၄ စီးပါစစ်ကားတန်းသည် ပွင့်ဖြူ၊စလင်းနယ်များကိုဖြတ်ကာ ကံပြားဖက်ကိုဦးတည်နေပြီး ယောဒေသ ဆောမြို့နယ် လောင်းရှည်ကပစ ၂၅ ကို ဦးတည်မောင်းနှင်လာနေကြောင်းသိရသည်။

ထိုကားတန်းသည် ယနေ့နံနက် ၉ နာရီ ၄၆ မိနစ်ခန့်တွင် စလင်းနယ်ကိုဖြတ်ကာ ကံပြားရွာ (ကံပြားလမ်းဆုံ)ဖက်ကို မောင်းနှင်သွားကြကြောင်းသိရသည်။

စစ်ကား ၁၄ စီးတွင် Doubke Cab ကားငယ် ၅ စီးပါဝင်ပြီး ဒရုန်းများ၊လက်နက်ခဲယမ်းများကို အပြည့်တင်ဆောင်ထားကြောင်း သိရသည်။

ကျန်ကားကြီး ၉ စီးတွင်စစ်အုပ်စုတပ်ဖွဲ့ဝင်များအပြည့်တင်ဆောင်ထားပြီး အင်အား ၂၀၀ ခန့်ပါဝင်ကြောင်းသိရသည်။

အဆိုပါ ၁၄ စီးပါစစ်ကားတန်ူသည် ကံပြား-ကျွန်းတော-မြောင်ဦး လမ်းမှတဆင့် ဆောမြို့နယ် လောင်းရှည်ကပစ ၂၅ ကိုဝင်ရောက်လာမှာဖြစ်ပြီး လောင်းရှည်မြို့ကိုတဖန်ပြန်ပို့ကာ ယခုထိုးစစ်ဆင်နေသည့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသစစ်ကြောင်းကို အင်အားထပ်မံဖြည့်တင်းနိုင်ရန် ဖြစ်ကြောင်း သိရသည်။

@မင်းဒဿ
#MRSN
Oct 26 , 10:50AM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
Пост от 26.10.2026 06:34
55
0
0
ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ ဒေသတွင်းနေရာများကို ကင်းထောက်ဒရုန်းများဖြင့် ထောက်လှမ်းသတင်းယူနေ

ပြည်သူများ လေကြောင်းရန်ကို သတိထားရန်လိုအပ်

အောက်တိုဘာ ၂၆၊ ၂၀၂၆၊ ကျောက်ထု

ဆောမြို့နယ်၊ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်ကနေ ဒေသတွင်း နေရာများကို ကင်းထောက်ဒရုန်းများဖြင့် ပျံသန်းမောင်းနှင်ပြီး ကင်းထောက်သတင်းရယူနေကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခန့်ကစတင်ပျံသန်းတာဖြစ်ပြီး ကျောက်ထုဒေသ ဒေသအခေါ် သန်းဦးချောက်၊ ပန်းဆန်၊တေး၊စံ၊မိအယ် စသည့်ကျေးရွာများအပေါ်တွင် ကင်းထောက်ဒရုန်ူများဖြင့် ပျံသန်းသတင်းယူနေတာဖြစ်ကြောင်းသိရသည်။

ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ အဘိဓမ္မာအခါတော်နေ့ (သီတင်းကျွတ်လပြည့်နေ့)ဖြစ်သည့်အားလျှော်စွာ ဒေသခံပြည်သူများအနေဖြင့် ကုသိုလ်ယူ၊သီလဆောက်တည်ကြခြင်းများတွင် လေကြောင်းရန်ကို ကြိုတင်သတိထားနိုင်ကြရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

@မင်းဒဿ
#MRSN
Oct 26 , 10:03AM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
Пост от 26.10.2026 06:16
7
0
0
လောင်းရှည်မြို့ကို စစ်အုပ်စုက ကပစ ၂၅ ကနေကား ၃ စီးဖြင့် လက်နက်ခဲယမ်းရိက္ခာများ ထပ်မံဖြည့်တင်း

အောက်တိုဘာ ၂၆၊၂၀၂၆၊ ဆော

ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် စစ်အုပ်စုက ကပစ ၂၅ ကနေ လောင်းရှည်မြို့စစ်တပ်ဖွဲ့ဝင်များအတွက် ကားကြီး ၃ စီးဖြင့် လက်နပ်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ယခင်စက်တင်ဘာလ ၂၀ ရက်နေ့က ကပစ ၂၅ (လောင်းရှည်) ကို မကွေးတပ်မ ၈၈ မှတဆင့် ကားအစီးရေ ၂၀၀ ခန့်ဖြင့် အင်အားနှင့်လက်နက်ခဲယမ်းရိက္ခာများကို ပို့ဆောင်ပေးထားခဲ့တာဖြစ်သည်။

စက်တက်ဘာ ၂၃ ရက်နေ့ညနေပိုင်းတွင် ကပစ ၂၅ မှ လောင်းရှည်မြို့ကို ကား အစီး ၃၀ ကျော် တဖန်ပို့ဆောင်ပေးခဲ့ပြီး အင်ဘူးရွာ၊ ယမ်းရွာ၊ကြိမ်ကြီးရွာ၊ဆွဲလွဲကျင်းရွာ စသည့် လောင်းရှည်ဒေသမှာ တပ်ဖြန့်ခြေကုပ်ယူပြီး စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးဒေသကို ယနေ့အထိ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်။

ထိုကျင်ဒွေးထိုးစစ်အတံက် စစ်အုပ်စုက လိုအပ်သည့် အင်အားနှင့် လက်နက်ခဲယမ်း၊ရိက္ခာများကို လောင်းရှည်မြို့မှတဆင့် ဆွဲလွဲကျင်း-မဆာတွီ- မောချောင်း လမ်းပိုင်းအတိုင်း ရှေ့တန်းစစ်မျက်နှာကို ထပ်မံဖြည့်တင်းပေးနေတာဖြစ်ကြောင်း သိရသည်။

ကျင်ဒွေးမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသည့် တပ်မ ၇၇ လက်အောက်ခံ အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းသည် ယခုအခါ လောင်းရှည်- ကျင်ဒွေး လမ်းပိုင်း (လမ်းခုလတ်)ရှိ မောချောင်းရွာနှင့် လှိုင်ဒုတ် (လွယ်ဒုတ်)ရွာဟောင်း ရွာ ၂ ရွာကို ယခုအောက်တိုဘာ ၂၀ ရက်နေ့ညက စတင်ဝင်ကောက်ခဲခြင်းဖြစ်ပြီး လှိုင်ဒုတ်ရွာသစ်လမ်းမှ ကျင်ဒွေးမြို့သို့တက်ရန် ကြိုးစားနေကြောင်း သိရသည်။

@မင်းဒဿ
#MRSN
Oct 26 , 9:46AM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
Пост от 25.10.2026 13:56
14
0
0
သီတင်းကျွတ်ကာလမှာ စစ်အုပ်စုက မင်းတပ်မြို့ကို တိုက်လေယာဥ်များဖြင့် ၂ ရက်ဆက် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်

ဘာသာရေးအဆောက်အဦးနဲ့ပြည်သူနေအိမ် ၂၀ ခန့်ပျက်စီး

အောက်တိုဘာ ၂၅၊၂၀၂၆၊ မင်းတပ်

ယခုသီတင်းကျွတ် အခါကြီးရက်ကြီးကာလမှာ စစ်အုပ်စုက ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်မြို့ပေါ်ကို တိုက်လေယာဥ်များဖြင့် ၂ ရက်ဆက် အကြောင်းမဲ့ ဗုံးကြဲချတိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့သီတက်းကျွတ်လဆန်း ၁၄ ရက်၊ဗုဒ္ဓဘာသာဝင်များ၏ အဖိတ်နေ့၊ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် စစ်အုပ်စုက မင်းတပ်မြို့ပေါ်တနေရာကို တိုက်လေယာဥ် ၁ စီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တံတားဦးလေတပ်မှ ပျံသန်းလာသည့် ဂျက်ဖိုက်တာတိုက်လေယာဥ် ၁ စီးဖြင့် မင်းတပ်မြို့ပေါ်တနေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရသည်။

ထိုပေါင် ၅၀၀ ဗုံး ၂ လုံးသည် အရပ်သားပြည်သူများ နေထိုင်ရာ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၇ လုံးထက်မနည်းထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

အလားတူ စစ်အုပ်စုက ယမန်နေ့နံနက် ၁၀ နာရီခန့်ကလည်း မကွေးလေတပ်တက် တိုက်ခိုက်ရေးလေယာဥ် ၂ စီးဖြင့် မင်းတပ်မြို့ လူနေရပ်ကွက်များကို ဗုံး ၈ လုံးကြဲချ အကြောင်းမဲ့တိုက်ခိုက်ခဲ့တာကြောင့် ဘာသာရေးအဆောက်အဦးများအပါ လူနေအိမ် ၁၀ လုံးကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မြန်မာတို့၏ နေထူးနေ့မြတ်ကာလ သတ်မှတ်ထားသည့် သီတင်းကျွတ်ဘာသာရေးပွဲတော်ကာလ အခါကြီးရက်ကြီးကိုမှ မရှောင် ပြည်သူကိုရန်သူမှတ်ကာ စစ်အုပ်စုက ယခုလို အကြောင်းမဲ့ ဗုံးကြဲချတိုက်ခိုက်နေတာကြောင့် ပြည်သူများအနေဖြင့် ကြိုတင်သတိထားကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဥ်ကြရန် လိုအပ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ- ယနေ့ စစ်အုပ်စုကလေယာဥ်ဖြင့်ဗုံးကြဲချမှုကြောင့် ပျက်စီးသွားသည့် မင်းတပ်မြို့က လူနေအိမ်များ

@မင်းဒဿ
#MRSN
Oct 25  , 5:26PM
#Threestarsmyaing
#7Starsmyaing
📬သတင်းပေးပို့ရန်
@myaing3starbot
Пост от 25.10.2026 13:46
39
0
0
မြိုင် - မကွေးတိုင်း

5:14pm (25 Oct)

မြိုင်နယ် တဲကြီးရွာသို့ စကစDrone (၁) စီး‌ ပြန်လည်ဆင်းသက်။

#WES
Смотреть все посты