Аналитика Telegram-канала
Подписчики
227
Охват за 24 ч
26
ER за 24 ч
11,45%
Публикаций
166
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
21 ноя24 ноя27 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
17.1118.1118.1119.1120.1124.11
20
Средний охват
36
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
33
Упоминаний
31
Из них репостов
1
Каналов
41
Упоминаний за 90 дней
41
Из них репостов
3
Каналов за 90 дней
Последние посты
3 из 166 2 из 166ကလေးတွေအတွက် အီကို စာပြန်ကြည့်မယ်လို့ လုပ်လိုက်ကတည်းက အခုထိ အဲဖတ်စာအုပ်တွေကိုမကိုင်ဖြစ်တော့တာ 🥲
ещё
6
0
24 ноя, 16:21
[သင်္ချာဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြံပြုချက်များ ]
စာစစ်မှူးချုပ်များ၏ လေ့လာတွေ့ရှိချက်အရ ကျောင်းသားအများစုတွင် အားနည်းချက်များ ရှိနေသည်ကို တွေ့ရပါသည်။ ထိုအချက်များကို ပြင်ဆင်ပြီး အမှတ်ကောင်းကောင်းရရှိစေရန် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါ -
❌ အဓိကတွေ့ရှိရသော အားနည်းချက်များ
၁။ သဘောတရား (Theory) အားနည်းခြင်း: သင်္ချာနိယာမများကို သေချာနားမလည်ဘဲ အလွတ်ကျက်ဖြေဆိုကြခြင်း။
၂။ တွက်ချက်မှု အမှားများ: အဆင့်ဆင့်တွက်ချက်ရာတွင် အဆုံးထိမရောက်ခြင်းနှင့် ကိန်းဂဏန်းများ ရှင်းလင်းရာတွင် မကျွမ်းကျင်ခြင်း။
၃။ Calculator အားကိုးလွန်းခြင်း: Calculator ကို အလွယ်တကူ သုံးစွဲလွန်းသဖြင့် အခြေခံတွက်ချက်မှု အဆင့်ဆင့် (Working Steps) များ မှားယွင်းခြင်း။
၄။ မေးခွန်းကို သေချာမဖတ်ခြင်း: မေးခွန်းက ဘာကိုမေးတာလဲ (ဥပမာ- Point လား၊ Coordinate လား) ဆိုတာကို သေချာမခွဲခြားနိုင်ခြင်း။
၅။ ပုံဆွဲအားနည်းခြင်း: Graph များ၊ Geometry ပုံများ ဆွဲရာတွင် လိုအပ်ချက်များ (Domain, Range, Asymptote) ကျန်ခဲ့ခြင်း။
✅ အမှတ်ကောင်းရစေမည့် နည်းလမ်းကောင်းများ
၁။ အဖြေလွှာရေးသားပုံ စနစ်တကျရှိပါ
Section A: အဖြေရေးရာတွင် A, B, C, D အက္ခရာကိုသာ ရေးသားရန်။
Section B: အဖြေကိုသာ တိုက်ရိုက်ရေးသားရန်။ (ကျန် Section များတွင် တွက်ချက်မှု အဆင့်ဆင့်ကို သေချာဖော်ပြရန်)
၂။ အခန်းအလိုက် အထူးဂရုပြုရန်
Mathematical Induction: Frame ကို မှန်ကန်အောင် ရေးတတ်စေရန် လေ့ကျင့်ပါ။
Complex Numbers: Trigonometric form ကို အဆင့်မကျော်ဘဲ ရေးပါ။ Cube roots of z formula ကို ပြည့်စုံစွာရေးပါ။ Radian ဖြင့် တွက်ရန် သတိပြုပါ။
Vectors & Geometry: Line နှင့် Plane equation ပုံစံများကို ခွဲခြားနားလည်ပါ။ Direction Vector နှင့် Position Vector တို့ကို မမှားအောင် ဂရုစိုက်ပါ။
Graph များ: ခဲတံဖြင့် သေသပ်စွာဆွဲပါ။ ဝင်ရိုးများ၊ အမည်များ၊ အမှတ်အသားများကို ပြည့်စုံစွာ ထည့်သွင်းပါ။
Calculus (Differentiation & Integration): Interval ခွဲခြင်း၊ Substitution method တွင် limit များ ပြောင်းလဲတွက်ချက်ခြင်းတို့ကို သတိပြုပါ။ Point of inflection ရှာလျှင် f''(x) = 0 မှရသော x တန်ဖိုးများကို ပြန်လည်စစ်ဆေးပါ။
💡 အကြံပြုချက် (Messages for Students)
"ကိန်းဂဏန်းတွေ ပြောင်းလဲသွားနိုင်ပေမဲ့ Logic (အတွေးအခေါ်) ကတော့ မပြောင်းလဲပါဘူး။"
ပြဌာန်းစာအုပ် (Textbook) ထဲက Example တွေကို သေချာနားလည်အောင် လေ့လာပါ။
မေးခွန်းကို အစဆုံး အေးအေးဆေးဆေး ဖတ်ပါ။
အဖြေမှန်ရဖို့ထက် တွက်ချက်ပုံအဆင့်ဆင့် (Step-by-step reasoning) မှန်ကန်ဖို့က ပိုအရေးကြီးပါတယ်။
Channel Join နိုင်ရန်-
https://t.me/EducationForAllG
ещё
31
1
20 ноя, 05:33
[အင်္ဂလိပ်စာဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြံပြုချက်များ ]
စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်ကို ထူးချွန်စွာဖြေဆိုနိုင်ရန် ကျောင်းသား/သူများအနေဖြင့် အောက်ပါအချက်များကို အလေးထားလေ့ကျင့်သင့်သည် -
၁။ ပြဋ္ဌာန်းစာအုပ်ကို အခြေခံ၍ စနစ်တကျလေ့လာခြင်း
Textbook ပါ Vocabulary နှင့် Grammar များကို အဓိပ္ပာယ်သိရုံသာမက အောက်ပါတို့ကိုပါ အသေးစိတ် ဂရုပြုမှတ်သားရမည် -
စာလုံးပေါင်းသတ်ပုံ (Spelling)
Word Form ပြောင်းလဲပုံများ (Noun, Verb, Adjective etc.)
Collocation နှင့် Usage များ
၂။ Grammar ကို လက်တွေ့အသုံးချခြင်း
သဒ္ဒါလေ့ကျင့်ခန်းများကို ပုံသေနည်းဖြင့်သာမက အဓိပ္ပာယ်နားလည်အောင် လေ့ကျင့်ရမည်။
Stylistic Transformation ပြုလုပ်ရာတွင် အဓိပ္ပာယ်မပြောင်းလဲစေဘဲ ပြန်လည်ရေးသားတတ်ရန် လေ့ကျင့်ရမည်။
Punctuation (ပုဒ်ဖြတ်ပုဒ်ရပ်) များကို မှန်ကန်စွာ သုံးစွဲတတ်ရန် လေ့လာရမည်။
၃။ Reading Skills (ဖတ်ရှုနားလည်မှုစွမ်းရည်) မြှင့်တင်ခြင်း
Unseen Passage များအတွက် အဘိဓာန်အသုံးပြုခြင်းနှင့် ပြင်ပစာများကို များများဖတ်ခြင်းဖြင့် လေ့ကျင့်ရမည်။
Context Clues ကိုကြည့်၍ အဓိပ္ပာယ်ကောက်ယူခြင်းနှင့် ခန့်မှန်းခြင်းတို့ကို လေ့ကျင့်သင့်သည်။
စာပိုဒ်ထဲမှ အဖြေကို တိုက်ရိုက်ကူးရေးခြင်း (Lifted Answer) ကို ရှောင်ကြဉ်ပြီး ကိုယ်ပိုင်ဝါကျဖြင့် ဖြေဆိုရန် အားပေးသည်။
Inference, Critical thinking နှင့် Personalized questions များကို အလေးပေးသင်ကြားလေ့လာရမည်။
၄။ Writing Skills (Essay & Letter) မြှင့်တင်ခြင်း
မေးခွန်းလိုအပ်ချက်ကို တိကျစွာဖတ်ပြီး အချက်အလက်စုံလင်စွာ ရေးသားရမည်။
စာလုံးရေသတ်မှတ်ချက်ကို လိုက်နာပြီး ကျစ်လျစ်ထိရောက်သော အရေးအသားဖြစ်ရန် လိုအပ်သည်။
စာပိုဒ်များကို တိုက်ရိုက်ကူးယူခြင်း (Lifted Answer) မပြုလုပ်ဘဲ Paraphrasing နှင့် ကိုယ်ပိုင်ဝါကျတည်ဆောက်မှု (Sentence Construction) ဖြင့် ရေးသားရမည်။
အလွတ်ကျက်ထားသည်များကို ပြန်ရေးခြင်းထက် မေးခွန်းကတောင်းဆိုသည့် Content ပြည့်စုံအောင် ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဟန်ဖြင့် ရေးသားရမည်။
၅။ Punctuation ကို ဂရုစိုက်ခြင်း
ဝါကျအစတွင် စာလုံးကြီး (Capital letter) ရေးရန်၊ ပုဒ်မ၊ ကော်မာနှင့် မေးခွန်းသင်္ကေတများကို မေ့လျော့မှုမရှိစေရန် အထူးသတိပြုရမည်။
Channel Join နိုင်ရန်-
https://t.me/EducationForAllG
ещё
6
1
1 19 ноя, 03:34
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней