Аналитика Telegram-канала
Подписчики
131
Охват за 24 ч
3
ER за 24 ч
2,29%
Публикаций
7 413

Динамика подписчиков

7 дней 30 дней 6 месяцев Больше
9 ноя12 ноя15 ноя
Показаны последние 7 дней Больше истории →

Охваты публикаций

13.1113.1113.1113.1114.1114.11
1
Средний охват
1
Лучший результат
Показаны 6 публикаций — последние в канале Больше статистики →

Упоминания

119
Упоминаний
119
Из них репостов
13
Каналов
Все упоминания

Последние посты

3 из 7 413 2 из 7 413
‎ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ပို့ဆောင်မည့် ‎ကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ကီလိုကျော် ဖမ်းဆီးရမိ ‎ ‎နေပြည်တော်၊ နိုဝင်ဘာ ၁၅ ‎ ‎မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန် သတင်းအရ ကလေးမြို့နယ်၊ ကျီကုန်းရွာအနီးတွင် စိုင်းကိုကို မောင်းနှင်ပြီး လွင်ဖြိုးအောင် လိုက်ပါလာသော NISSAN CONDOR အမျိုးအစားယာဉ်ပေါ်မှ ဘိန်းဖြူ ၂၇ ဒသမ ၇၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးရမိ ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ခုပ်လမ့်ထွန်း(ခ)မောင်လှိုင် အား ကလေးမြို့၊ ပင်လုံရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ‎ ‎သတင်းကွင်းဆက်အရ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကလေးမြို့နယ်၊ ကျီကုန်းရွာအနီး၌ပင် ဇာနည်မိုး(ခ)မိုးအောင် မောင်းနှင်ပြီး အောင်နိုင်မင်း(ခ)မင်းမင်း လိုက်ပါလာသော DONG FENG အမျိုးအစားယာဉ်ပေါ်မှ ဘိန်းဖြူ ၁၁ ဒသမ ၆၆ ကီလိုအား ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့တွင် ဘိန်းဖြူများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်လှ(ခ)သော့ပြောင်း အား လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဘိန်းဖြူများသယ်ဆောင်ခိုင်းသူ ဇော်ဝင်းမောင်(ခ)မောင်ပိန်အား လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၂ ဒသမ ၈၁၈၆၄ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၃၉.၃၈ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ‎ ‎စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါဘိန်းဖြူများ၏ ပိုင်ရှင်ဖြစ်သူမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်နေ အားပီး(ခ)အပိ(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး နေလင်းထိုက်(ခ)ငပိကောင်(ဖမ်းဆီးရန်ကျန်)၊ ဟိန်းမိုးအောင်(ဖမ်းဆီးရန်ကျန်)တို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကလေးမြို့သို့ သယ်ဆောင်ကာ ၎င်းမှတစ်ဆင့် ချင်းပြည်နယ်၊ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ещё
1 0 14 ноя, 20:58
Фото
‎ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ပို့ဆောင်မည့် ‎ကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ကီလိုကျော် ဖမ်းဆီးရမိ ‎ ‎နေပြည်တော်၊ နိုဝင်ဘာ ၁၅ ‎
ещё
1 0 14 ноя, 20:58
ဆက်လက်စည်းရုံးပြောဆို၍ စတုတ္ထအဆင့်အနေဖြင့် Customer က လောဘတက်ကာ ငွေကြေးအမြောက်အမြား ထည့်ဝင်လာသည့်အခါတွင် ငွေများပြန်မပေးတော့ဘဲ လိမ်လည်ရယူကြောင်း၊ Customer များထံမှ တစ်ဦးလျှင် အများဆုံး တရုတ်ငွေ ၄၈,၀၀၀ ယွမ် အထိ လိမ်လည်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။ ‎ ‎အွန်လိုင်းမှ ဈေးရောင်းဈေးဝယ်လိမ်လည်မှုလုပ်ငန်းစဉ်အနေဖြင့် Telegram Group ၃ ခုကို ဖွဲ့စည်းထားရှိပြီး Group ၁ ခုတွင် Member ၇ ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း၊ ၎င်းတို့သည် ဘရားဇီးနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံနေ ပစ်မှတ်များအား အဓိကထား၍ ဈေးဝယ် Website အတုများဖြစ်သည့် www.amazonexotic.com နှင့် www.falabella.com တို့ကို အသုံးပြုကာ လိမ်လည်ကြကြောင်း၊ လိမ်လည်မှုပြုလုပ်ရာတွင် www.amazonexotic.com နှင့် www.falabella.com ၌ ရောင်းချရန် Post တင်ထားသည့် ကုန်ပစ္စည်းများအား Like ပြုလုပ်ရုံဖြင့် ဘရားဇီးနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံငွေ ၁၀,၀၀၀ အား ကနဦးပေးခြင်း၊ ထိုသို့ ငွေပေးရန်အတွက် Telegram အကောင့်အသုံးပြုသူထံမှ ဘဏ်အကောင့်တောင်းခံခြင်း၊ ဘဏ်အကောင့်ရရှိပါက အဆိုပါ ဘဏ်အကောင့်သို့ ကနဦး ငွေ ၁၀,၀၀၀ ထည့်သွင်းပေးခြင်း၊ ထို့နောက် နောက်အဆင့် တက်ရောက်ရန်အတွက် Telegram Group အတွင်းသို့ ထည့်သွင်းပေးပြီး Telegram Group အတွင်းရောက်ရှိလာပါက www.amazonexotic.com နှင့် www.falabella.com ၌ ရောင်းချရန် Post တင်ထားသည့် ကုန်ပစ္စည်းများအား ထပ်မံ၍ Like ၃ ကြိမ် ပြုလုပ်ခိုင်းခဲ့ကာ ထိုသို့ ပြုလုပ်ပေးသည့်အတွက် ဘရားဇီးနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံ ငွေ ၁၃,၀၀၀ အား ထပ်မံပေးခြင်း၊ Like (၃) ကြိမ်ပြုလုပ်ပေးသည့်အတွက် VIP Telegram Group အတွင်း တစ်ဆင့်တက်သည့်အနေဖြင့် ထပ်မံထည့်သွင်းပေးပြီး VIP အတွင်းရောက်ရှိလာပါက Member ဝင်ရန်အတွက် မြူဆွယ်ကာ Member ဝင်ရောက်၍ ဈေးဝယ်ပါက ဈေးဝယ်သည့် ကုန်ကျငွေအပြင် Member ကြေး ၂၀ ရာခိုင်နှုန်း ထပ်ဆောင်းပေးခြင်း၊ ထိုသို့ ထပ်ဆောင်းပေး၍ ထပ်မံ Member ဝင်ရောက်ပါက Member ကြေးများ ၆၀ ရာခိုင်နှုန်းအထိ ထပ်ဆောင်းပေးမည်ဟု မက်လုံးပေး မြှူဆွယ်ကာ Member ကြေးများအား လိမ်လည်ခဲ့ခြင်းတို့ကို အဆင့်ဆင့်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ‎ ‎အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‎ ‎NT ‎
ещё
1 0 13 ноя, 19:55
Больше постов

Продолжить анализ этого канала

  • История роста подписчиков
  • Просмотры и охваты публикаций
  • Кто упоминает канал и кого упоминает он
  • Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней