Аналитика Telegram-канала
Подписчики
15 795
Публикаций
2 383
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
31 окт3 ноя6 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
16.1021.1023.1005.1105.1105.11
205
Средний охват
633
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
2 393
Упоминаний
539
Из них репостов
24
Каналов
0
Упоминаний за 90 дней
0
Из них репостов
0
Каналов за 90 дней
Последние посты
3 из 2 383 2 из 2 383
Sunshine Through the Rain (2026)
မိုးစက်ကြားမှ နေခြည်နွေးနွေး
အခုအလှည့်ကျလာတဲ့ဇာတ်လမ်းလေးက Romance နဲ့ Life Drama အမျိုးအစားဖြစ်ပြီး ခက်ခဲတဲ့ဘဝမုန်တိုင်းတွေကို အတူတကွရင်ဆိုင်ရင်း တစ်ယောက်အတွက်တစ်ယောက် အလင်းရောင်လေးဖြစ်လာကြမဲ့ ဆွတ်ပျံ့လွမ်းမောစရာ Healing Drama လေးဖြစ်ပါတယ်။
အဓိကဇာတ်ဆောင်တွေအဖြစ် အလှလေး Yang Chao Yue က ငွေကြယ်ပွင့်အချောလေး Winwin နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတာမို့ Chemistry အပြည့်နဲ့ ကြည့်ရှုရမှာပါနော်။
ဇာတ်လမ်းအညွှန်း >>>
ခေါင်းမာပြီး ဇွတ်တရွတ်ဆန်တဲ့ကျန်းယွီဟာ မိသားစုရဲ့ဆင်းရဲမွဲတေမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝရဲ့လေးလံလှတဲ့တာဝန်ဝတ္တရားတွေကို ပခုံးထမ်းထမ်းထားရသူပါ။ တစ်ဖက်မှာလည်း ချန်ယန်ကျိုးဆိုတဲ့ကောင်လေးဟာ အစ်ကိုဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် လူတွေနဲ့ဝေးရာဆီ ထွက်သွားပြီး ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားခဲ့ပါတယ်။
ကျောင်းရဲ့ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံခဲ့ကြပေမဲ့ ဘဝဒဏ်ရာကိုယ်စီခံစားနေရတဲ့ သူတို့နှစ်ဦးဟာ အချင်းချင်းရဲ့ဘဝထဲမှာ အစားထိုးလို့မရတဲ့အလင်းရောင်လေးတွေ ဖြစ်လာခဲ့ကြပါတယ်။ ဘဝရဲ့ခက်ခဲလှတဲ့မုန်တိုင်းတွေကို အတူတကွရင်ဆိုင်ကျော်ဖြတ်ရင်းနဲ့ပဲ သူတို့နှစ်ဦးကြားမှာ နက်ရှိုင်းလှတဲ့သံယောဇဉ်စက်ဝိုင်းလေး စတင်ပေါ်ပေါက်လာခဲ့ပါတော့တယ်။
ဒီစီးရီးလေးကိုကြည့်ရင်း နာကျင်စရာဘဝဒဏ်ရာတွေကို ဇာတ်ကောင်တွေနဲ့ အတူတကွကုစားစီးမြောရမှာမို့ C Drama ဖန်တွေ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲဗျာ။
#SunshineThroughTheRain
ещё
4
0
5 ноя, 21:43
The Silent Storm 2026
မုန်တိုင်းကြားက အသံတိတ်စစ်ဆင်ရေး
တစ်ချိန်က အခင်ဆုံးမိတ်ဆွေတွေဖြစ်ခဲ့ကြပေမဲ့ အချိန်တွေကြာလာတဲ့အခါ အကျိုးစီးပွားနဲ့ ကိုယ်ကျင့်တရားကြားမှာ ရွေးချယ်မှုတွေ ပြုလုပ်ရင်း တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဘက်တွေ ဖြစ်လာခဲ့ကြရင် ဘယ်လိုအခြေအနေတွေ ကြုံတွေ့ရမလဲ…ငွေကြေးနဲ့ အာဏာအတွက် အမှန်တရားကို ဖုံးကွယ်ထားသူတွေနဲ့ ဥပဒေကို လက်ကိုင်ထားပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားသူတွေရဲ့ အားပြိုင်မှုကို တင်ဆက်ထားတဲ့ တရုတ်မှုခင်းဇာတ်လမ်းတွဲကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်
>>ဇာတ်လမ်းအညွှန်း<<<
၁၉၉၄ ခုနှစ်က နွေဦးရာသီမှာ ဖြစ်ပွားခဲ့တဲ့ အတုအယောင်ငွေတောင်းခံလွှာအမှုတစ်ခုကြောင့် အခွန်စစ်ဆေးရေးအရာရှိ Ouyang Xu၊ ရဲအရာရှိဟောင်း Yan Ping An နဲ့ ပုံနှိပ်စက်လုပ်သား Zhou Hai Yang တို့ သုံးယောက် ဆုံတွေ့ခဲ့ကြပါတယ်
အဲဒီအချိန်ကစပြီး ညီအစ်ကိုလို ခင်မင်ခဲ့ကြပေမဲ့ နှစ်ပေါင်းများစွာကြာပြီးနောက် “Gu Yu Action” စစ်ဆင်ရေးကြီး စတင်လာတဲ့အခါ သူတို့သုံးယောက်ဟာ တရားဥပဒေဘက်နဲ့ ရာဇဝတ်မှုဘက်ဆိုပြီး ဆန့်ကျင်ဘက်အနေအထားတွေကို ရောက်ရှိသွားခဲ့ကြပါတယ်
အပြင်ပန်းမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလို နေထိုင်နေတဲ့ Zhou Hai Yang ရဲ့ နောက်ကွယ်မှာတော့ ကြီးမားတဲ့ အခွန်လိမ်လည်မှုကွန်ရက်တစ်ခု ရှိနေပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားလာတဲ့အခါ မိတ်ဆွေဟောင်းတွေကြားက သံယောဇဉ်နဲ့ တာဝန်ကြားမှာ ဘယ်လိုရွေးချယ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်
ဒီဇာတ်လမ်းတွဲလေးထဲမှာဆိုရင် မကြာသေးခင်ကထွက်ရှိပြီးသွားတဲ့ The Early Spring ထဲက မာနခဲကိုကိုLuke အဖြစ် ပရိသတ်အသည်းကိုကိုင်လှုပ်သွားတဲ့ Jing Boran က အဓိကဇာတ်ဆောင် Ouyang Xu အဖြစ်ပါဝင်ထားပြီး မှုခင်း၊ စုံထောက်ဇာတ်အိမ်တွေကို စိတ်ဝင်စားသူတွေအတွက် စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်
#TheSilentStorm
ещё
54
0
5 ноя, 17:20
When I meet the Moon (2026)
လရောင်ဝှက်တဲ့ချစ်ပုစ္ဆာ
အခုအလှည့်ကျလာတာကတော့ အားလုံးက ချစ်ကြတဲ့ ကိုကို Lin Yi ရဲ့ကားသစ်လေးပါ။ ဇာတ်လမ်းအမျိုးအစားက Romance ဆိုပေမဲ့ ဇာတ်အိမ်လေးကတော့ ငယ်ချစ်ဦးနဲ့ပြန်ဆုံစည်းရတဲ့ပုံစံလေးမို့ ငယ်ချစ်ဦးနဲ့လွဲခဲ့တဲ့ C drama fan အပေါင်း အချိုတွေ တစ်ဝကြီးစားရဦးမှာပါ။
အဓိကဇာတ်ဆောင်တွေကတော့ Love in the Clouds, Love between Lines တို့မှာပါဝင်ခဲ့တဲ့ အလှလေး Lu Yu Xiao က ကိုကို Lin Yi နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပေးပါတယ်။
ဇာတ်လမ်းအညွှန်း >>>
လူတောမတိုးရဲဘဲ အပေါင်းအသင်းမရှိတဲ့ ယွင်လီဟာ ကိုယ့်ဘာသာရပ်တည်နိုင်တယ်ဆိုတာကို သက်သေပြဖို့အတွက် နန်ဝူမြို့မှာ မာစတာဘွဲ့သင်တန်းတက်ရောက်ဖို့ လျှောက်ထားခဲ့ပါတယ်။ ကျောင်းမဖွင့်မီတစ်ရက်အလိုမှာတော့ သူဟာ Video Creator တစ်ယောက်အနေနဲ့ ဒေသတွင်း VR ဗဟိုဌာနတစ်ခုကို ဖိတ်ကြားခံခဲ့ရရာမှ အထက်တန်းကျောင်းသူဘဝကတည်းက သူ တိတ်တခိုးသဘောကျခဲ့ရသူလည်းဖြစ်၊ နည်းပညာပါရမီရှင်တစ်ဦးလည်းဖြစ်တဲ့ ဖူရှီကျဲနဲ့ မထင်မှတ်ဘဲပြန်လည်ဆုံတွေ့ခဲ့ရပါတယ်။ သူငယ်ချင်းတွေရဲ့ကူညီပေးမှုနဲ့အတူ ယွင်လီဟာ သူ့ကြောက်ရွံ့မှုတွေကို ဖြည်းဖြည်းချင်းကျော်လွှားပြီး နေခြည်လိုနွေးထွေးမှုတွေနဲ့ ဖူရှီကျဲရဲ့နှလုံးသားကို အနိုင်ယူနိုင်ခဲ့ပါတော့တယ်။
သူတို့နှစ်ဦးဟာ မြတ်မြတ်နိုးနိုးချစ်ခဲ့ကြသူတွေဖြစ်ပေမဲ့ မတူညီတဲ့အမြင်တွေကြောင့် နောက်ဆုံးမှာတော့ လမ်းခွဲခဲ့ကြပါတယ်။ ယွင်လီ နိုင်ငံခြားကိုထွက်ခွာသွားချိန်မှာတော့ ဖူရှီကျဲဟာ သူ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းမြှုပ်နှံထားခဲ့တဲ့စိတ်ဒဏ်ရာတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတော့တယ်။ ယွင်လီကို ပြန်လည်ရရှိဖို့အတွက် သူ့စိတ်ကိုပြန်စုစည်းပြီး သုတေသနအဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ ယွင်လီ ပြန်ရောက်လာတဲ့အခါမှာတော့ ဖူရှီကျဲဟာ မဆုတ်မနစ်တဲ့ဇွဲနဲ့ ထပ်မံလိုက်ပိုးခဲ့ပြီး အတိတ်က အမြင်ကွဲလွဲမှုတွေကိုကျော်လွှားကာ သူတို့ရဲ့အချစ်ကို တစ်ဖန်ပြန်လည်စတင်နိုင်ခဲ့ကြပါတော့တယ်။
ဒီစီးရီးလေးထဲမှာ အပြန်အလှန်ဖေးမကူညီမယ့် Healing Vibe အပြည့်ပါဝင်လို့ C drama ချစ်သူတွေကို ရည်းစားလိုချင်စေမဲ့စီးရီးကောင်းလေးမို့ ရည်းစားမရမဲ့တူတူတော့ ဒီစီးရီးလေးကို မလွတ်တမ်းအားပေးလိုက်ကြပါဦးနော်။
#WhenIMeetTheMoon
ещё
63
0
5 ноя, 16:51
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней