Аналитика Telegram-канала
Подписчики
1 978
Охват за 24 ч
83
ER за 24 ч
4,20%
Публикаций
24 687
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
6 ноя9 ноя12 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
11:0811:0811:1011:1416:2319:15
23
Средний охват
91
Лучший результат
Показаны 6 публикаций за 12 ноября
Больше статистики →
Упоминания
19 671
Упоминаний
19 058
Из них репостов
36
Каналов
591
Упоминаний за 90 дней
591
Из них репостов
39
Каналов за 90 дней
Последние посты
3 из 24 687 2 из 24 687မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦး နေအိမ်၌ ခေါင်းဖြတ် သတ်ခံရ၊ တရားခံ ဖမ်းမမိသေး
ရန်ကုန်၊ နိုဝင်ဘာ ၁၂
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦး နေအိမ်၌ ခေါင်းဖြတ် သတ်ခံရပြီး တရားခံ ဖမ်းမမိသေးကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး လမ်း ၅ စုံ မီးပွိုင့်အနီးရှိ SSS စတေကာပစ္စည်းအရောင်းဆိုင်နှင့် Express ကားလက်မှတ်အရောင်းဆိုင်တိုက် ၅ လွှာတွင် ခေါင်းဖြတ်သတ်ခံထားရသော အသက် ၇၇ နှစ် အရွယ် ဒေါ်ကြည်ကြည်ဝင်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတ်ဖြတ်သွားသော တရားခံသည် ဦးခေါင်းကို သေတ္တာထဲသို့ ထည့်ထားခဲ့ကြောင်း၊ လက်ရှိတွင် ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရှိရသည်။
ထိုသို့ သတ်ဖြတ်သွားသည့် တရားခံသည် သေဆုံးသူ၏ တူ ဖြစ်သည်ဟု ရဲများက ကောက်ချက်ချထားပြီး လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း၊ ထိုတရားခံသည် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲသည့် ဆေးကြောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခန်းပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ အဆိုပါနေအိမ်၌ သေဆုံးသူနှင့် တရားခံဖြစ်သူ ၂ ဦးတည်းသာ အတူနေထိုင်ကြခြင်းဖြစ်ပြီး အခင်းဖြစ်ပွားခဲ့သည့် ယမန်နေ့ညပိုင်းက အောက်ထပ်နေအိမ်မှ တစ်ဒုန်းဒုန်းဖြင့် ရိုက်နှက်သောင်းကျန်းသည့် အသံများကို ကြားခဲ့ရကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။
"ခေါင်းဖြတ်သတ်ခံရတာ ခေါင်းကိုလည်း သေတ္တာထဲထည့်ထားတာ တွေ့ရပါတယ်။ လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ အခုတရားခံက မိသားစုဝင်ထဲက တူ တော်စပ်သူလို့ သိရပါတယ်။ ဆေးကြောင်နေတယ်လို့လည်း သိရပါတယ်။ အဲ့အိမ်မှာက ၂ ဦးတည်းနေတာလို့တော့ ပတ်ဝန်းကျင်ကပြောပါတယ်။ အောက်ထပ်အိမ်က မနေ့ကညပိုင်း တစ်ဒုန်းဒုန်းနဲ့ အသံတွေကြားရတယ် ဆေးကြောင်တဲ့ကောင်ရှိနေတော့ အရင်လိုပဲ ကြောင်ပြီး သောင်းကျန်းတယ်ပဲထင်တာ အခုလို လူသတ်နေတယ်လို့တော့ မထင်မိဘူး" ဟု မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ရဲသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။
ещё
10
0
12 ноя, 19:15
ဂျိုးဖြူရေ ပုံမှန်မရပေမဲ့ ရေခိုးသုံးရင် ဒဏ်ငွေ ၅ သိန်းပေးရမယ်လို့ စည်ပင်ထုတ်ပြန်
CJ Platform
ရန်ကုန်မြို့မှာ ဂျိုးဖြူရေ ပုံမှန်မရရှိပေမဲ့ ခွင့်ပြုချက်မရှိဘဲ ရေပိုက်ဖောက်ပြီး ဂျိုးဖြူရေကို တရားမဝင် သုံးစွဲပါက ဒဏ်ငွေ ကျပ် ၅ သိန်းအထိ ပေးဆောင်ရမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ရေနှင့်သန့်ရှင်းမှု) အင်ဂျင်နီယာဌာနက ထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12112026-2/
ещё
13
0
12 ноя, 16:23
စမ်းချောင်းမြို့နယ်မှာ ရဲအရာရှိနေအိမ်ကို လူမိုက်တွေက သိမ်းဆည်း ရဲစခန်းတိုင်ပေမယ့် အမှုမဖွင့်ပေးလို့ လူမှုကွန်ရက်ပေါ် အကူညီတောင်းနေရ
နိုဝင်ဘာလ 1️⃣2️⃣ ရက်
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဘူတာရပ်ကွက်၊ ဟုမ်းလမ်းမှာရှိတဲ့ လုံခြုံရေးရဲတပ်ရင်းက ရဲအရာရှိတစ်ဦးရဲ့ နေအိမ်ကို လူမိုက်တွေက နိုဝင်ဘာ ၇ ရက်မှာ သိမ်းဆည်းခဲ့တာကြောင့် အဲဒီရဲအရာရှိက လူမှုကွန်ရက်ပေါ်မှာ အကူအညီတောင်းခံထားပါတယ်။
အဲဒီရဲအရာရှိဟာ အမှတ် ၂၇ လုံခြုံရေးရဲတပ်ရင်းနဲ့အတူ စစ်ဆင်ရေးထွက်နေချိန် နိုဝင်ဘာ ၇ ရက်မှာ စမ်းချောင်းက လူမိုက်တွေဖြစ်တဲ့ တင်အေးနဲ့ နိုင်ဝင်းတို့က ဟုမ်းလမ်းမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို သိမ်းဆည်းခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ပြောဆိုထားပါတယ်။
စစ်ဆင်ရေးကနေ ပြန်လာပြီး နေအိမ်ကို ရောက်တဲ့အခါ လူမိုက်တွေ ဝင်ရောက်နေထိုင်နေတာကို တွေ့ရတဲ့အတွက် စမ်းချောင်းမြို့နယ်ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမဲ့ စခန်းမှူး ဒုရဲမှူး ရဲဖြိုးက အမှုဖွင့်ပေးခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေထံအထိ တိုင်ကြားခဲ့ပေမဲ့ ဘယ်သူမှ ဆောင်ရွက်ပေးခြင်းမရှိတာကြောင့် အခုလို လူမှုကွန်ရက်ပေါ်မှာ အကူအညီတောင်းခံလာတာဖြစ်ပါတယ်။
©CJ Platform
#KyimyindaingNetworks
#SpringRevolution
#WhatsHappeningInMyanmar
#RejectMilitaryCoup
#JusticeForMyanmar
ещё
16
0
2 12 ноя, 11:14
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней