Тарифы до −50% до 30.11
Аналитика Telegram-канала
Подписчики
170
Публикаций
99

Динамика подписчиков

7 дней 30 дней 6 месяцев Больше
23 ноя26 ноя29 ноя
Показаны последние 7 дней Больше истории →

Охваты публикаций

30.1031.1031.1031.1001.1102.11
10
Средний охват
17
Лучший результат
Показаны 6 публикаций — последние в канале Больше статистики →

Упоминания

20
Упоминаний
19
Из них репостов
4
Каналов
Все упоминания

Последние посты

3 из 99 2 из 99
" The Sugar " Pond နဲ့ Perth တို့မှာ တူညီတာတစ်ခုရှိတယ်။ စိတ်ဆိုးရင် အသံကျယ်တတ်တာ။ Phuwin နဲ့ Santa တို့မှာလည်း တူညီတာတစ်ခုရှိတယ်။ တကယ်နာသွားရင် စိတ်ကောက်ပြီး တိတ်သွားတတ်တာ။ --- “Phuwin! ငါပြောထားတာကို ဘာလို့ နားမထောင်တာလဲ!” Pond ရဲ့အသံကြောင့် Phuwin လန့်သွားတယ်။ ခဏလေးပဲ။ ဒါပေမယ့် Pond မြင်လိုက်တယ်။ Phuwin ရဲ့ မျက်နှာလေးက ချက်ချင်းပြောင်းသွားတာကို။ “ငါ… မရည်ရွယ်ဘူးလေ…” “မရည်ရွယ်တာနဲ့ ပြီးသွားလား?!” Pond ပြောပြီးမှ မှားသွားပြီဆိုတာ သိလိုက်တယ်။ ဘာလို့လဲဆိုတော့— Phuwin က ဘာမှပြန်မပြောတော့ဘူး။ “အင်း…” တစ်လုံးတည်းပဲ ပြောပြီး ဖုန်းကိုယူကာ လှည့်ထွက်သွားတယ်။ “ဘာလဲ…” အသံက ပုံမှန်မဟုတ်ဘူး။ အရမ်းတိတ်တယ်။ “ငါ…” “မင်းစိတ်ဆိုးနေသေးရင် တစ်ယောက်တည်းနေလိုက်ဦး။” အဲ့ဒီစကားနဲ့ Pond တကယ်တိတ်သွားတယ်။ --- ဆယ်မိနစ်လောက်ကြာတော့ Pond စာပို့တယ်။ Pond: "Baby…" Seen. Pond: "စိတ်ဆိုးနေလား" Seen. Pond: "တောင်းပန်ပါတယ်" Seen. Pond: "ငါ့ကိုပြန်မချစ်တော့ဘူးလား 😭" ဒီတစ်ခါတော့ Reply ဝင်လာတယ်။ Phuwin: "အခု စိတ်ဆိုးနေတယ်" Pond ချက်ချင်း— Phuwin: "မသိဘူး" Pond: "Bubble tea?" Phuwin: "မရဘူး" Pond: "Cake?" Phuwin: "မရဘူး" Pond: "ငါ့ကိုခွင့်လွှတ်ပေးပါလား 😭" ခဏကြာမှ— Phuwin: "လာခဲ့" Pond က စာကိုမြင်တာနဲ့ ပြေးသွားတယ်။ Phuwin အခန်းထဲမှာ အိပ်ရာပေါ်ထိုင်နေတယ်။ မျက်နှာလေးက မကောင်းသေးဘူး။ Pond က အနားမှာ တိတ်တိတ်လေးထိုင်လိုက်တယ်။ “ငါတကယ်တောင်းပန်ပါတယ်…” Phuwin တိတ်နေတယ်။ “ငါစိတ်ဆိုးလို့ အော်မိတာ…” “ဒါပေမယ့် ငါနာတယ်…” အဲ့ဒီစကားလေးကြောင့် Pond ရဲ့မျက်နှာ ပျက်သွားတယ်။ “နောက်မလုပ်တော့ဘူး…” Phuwin က Pond ကိုကြည့်တယ်။ “အင်း။ နောက်တစ်ခါ စိတ်ဆိုးရင်… အသံမကျယ်တော့ဘူး။” “ကတိ?” “ကတိ…” Phuwin က ခဏတိတ်ပြီး— “ဒါဆို ချော့…” Pond — “ဟင်?” “ချော့ဆိုတာ မသိဘူးလား?” Pond ချက်ချင်း ပြုံးသွားတယ်။ “လာ…” Phuwin — “ဘာလုပ်မလို့လဲ?” “မင်းကြိုက်တဲ့ဟာတွေ ဝယ်ကျွေးမယ်…” “ပြီးတော့?” “တစ်နေ့လုံး မင်းပြောတာနားထောင်မယ်…” “ပြီးတော့?” Pond က မျက်နှာလေးညှိုး— “ပြီးတော့… ငါ့ကိုမစိတ်ဆိုးတော့နဲ့ 😭” Phuwin ရယ်မိသွားတယ်။ “မင်းကတော့…” Pond — “ရယ်ပြီ! ရယ်ပြီ! စိတ်ပြေပြီမလား?!” Phuwin — “မပြေသေးဘူး…” “ဟာ 😭” ဒါပေမယ့် Phuwin က Pond လက်ကို ပြန်ကိုင်လိုက်တယ်။ အဲ့ဒါဆို Pond အတွက်— “Santa…” “မင်းစိတ်ဆိုးရင် အော်လိုက်တာပဲ။ ပြီးရင် ငါက စိတ်မကောင်းဖြစ်ရတယ်…” အသံလေးက တဖြည်းဖြည်း တိုးသွားတယ်။ Perth က ချက်ချင်းစိတ်ပူသွားတယ်။ “ဟေ့… မင်းမငိုနဲ့…” “ငါမငိုဘူး…” “မျက်လုံးနီနေတယ်…” “အိပ်ချင်လို့…” “အခုထိ ငါ့ကိုစိတ်ဆိုးနေတာလား?” “မသိဘူး…” Perth — “အခုငါဘာလုပ်ရမလဲ 😭” --- ညဘက်ရောက်တော့ Santa အခန်းတံခါးကို တစ်ယောက်ယောက်ခေါက်တယ်။ “မဖွင့်ဘူး…” “မဖွင့်ဘူးလို့!” “ငါ Cake ဝယ်လာတယ်…” တံခါးက ချက်ချင်းပွင့်လာတယ်။ Perth တိတ်သွားတယ်။ Santa — “ဘယ်မှာလဲ?” Perth — “မင်း… မဖွင့်ဘူးဆို…” Perth မျက်နှာချက်ချင်း ပြောင်းသွားတယ်။ “Santa… ငါအဲ့လို မဖြစ်သင့်ဘူး…” “ငါ့ကို စိတ်ဆိုးလို့ရတယ်…” Santa က ဖြည်းဖြည်းပြောတယ်။ “ဒါပေမယ့် အော်တာတော့ မကြိုက်ဘူး…” “အင်း…” “နောက်မလုပ်နဲ့…” Perth က ခေါင်းညိတ်ပြီး— “မင်းကို မငိုစေတော့ဘူး…” Santa — “ကတိ?” Perth မျက်လုံးပြူး— “တကယ်?!” “ဒါပေမယ့်…” “ဘာလဲ?” “Cake နောက်တစ်ခု…” Perth — “Santa 😭” Santa — “စိတ်ဆိုးနေသေးတယ်လေ…” “မင်းက စိတ်ဆိုးတာကို အကြောင်းပြပြီး ငါ့ပိုက်ဆံကို—” Santa မျက်စောင်းထိုးတယ်။ Perth ချက်ချင်း— “ဟုတ်ကဲ့ နောက်တစ်ခုဝယ်ပေးပါမယ်ရှင့်…” Santa ရယ်သွားတယ်။ ပြီးတော့ Perth အနားကို တိုးလာတယ်။ “နောက်တစ်ခါ မအော်နဲ့နော်…” “မအော်တော့ဘူး…” “တကယ်နော်?” “တကယ်…” Santa က ဖြည်းဖြည်းပြုံးပြီး— “အဲ့ဒါဆို… နည်းနည်းစိတ်ပြေပြီ…” Perth — “နည်းနည်းပဲလား?!” Santa — “အင်း 😌” Perth — “ငါတော့ ဒီနေ့ Cake ဆိုင်ပိုင်ရှင်ဖြစ်တော့မယ်…” --- အဲ့ဒီညမှာ— Pond နဲ့ Perth နှစ်ယောက်လုံး တစ်ခုကို သဘောပေါက်သွားတယ်။ Bottom တွေ စိတ်ကောက်တာက ကြောက်စရာမဟုတ်ဘူး။ “အင်း…” တစ်လုံးတည်းပြောပြီး တိတ်သွားတဲ့အချိန်ပဲ။ 😭😂 “နည်းနည်း…” Perth — “ဒါဆို Cake ဘယ်နှခုထပ်ဝယ်ရမလဲ 🥲” #𝓢𝓪𝓲𝓯𝓪
ещё
1 0 2 ноя, 18:29
BLACK KISS PART 11 Kai ရဲ့အိမ်ကို ပြန်ရောက်တဲ့အထိ Ren တစ်ယောက် စကားမပြောခဲ့ဘူး။ ကားထဲမှာ တိတ်ဆိတ်လွန်းနေတယ်။ နောက်ဆုံး Kai က— “ဗိုက်ဆာလား?” Ren က ပြတင်းပေါက်ဘက်ကိုကြည့်ရင်း— “မသိဘူး။” “မသိဘူးဆိုတာ ဘာလဲ?” “ဗိုက်ဆာလားဆိုတာ မသိဘူးလို့။” Kai က ခဏတိတ်သွားပြီးမှ ရယ်လိုက်တယ်။ Ren က ချက်ချင်းလှည့်ကြည့်တယ်။ “ဘာရယ်တာလဲ?” “မင်း ပြန်စကားများလာပြီလို့။” အဲဒီစကားကြောင့် Ren ရဲ့မျက်နှာ ခဏငြိမ်သွားတယ်။ “ငါတို့ အဆင်ပြေသွားပြီလို့ မထင်နဲ့နော်။” Kai က ခေါင်းညိတ်တယ်။ “မထင်ဘူး။” “တကယ်?” “အင်း။ ဒါပေမဲ့ မင်းထွက်မသွားခဲ့တာတော့ ကျေးဇူးတင်တယ်။” Ren က မျက်နှာလွှဲလိုက်တယ်။ “မင်းကို သနားလို့။” “ဟုတ်ပါပြီ။” “တကယ်ပဲ။” “ဟုတ်ပါပြီ၊ Ren။” Ren က Kai ရဲ့လက်မောင်းကို တစ်ချက်ထိုးလိုက်တယ်။ Kai က ပြုံးနေတုန်း ဖုန်းတစ်လုံး ဝင်လာတယ်။ သူ့လက်ထောက်ဆီက။ Kai ဖုန်းကို ကြည့်လိုက်တဲ့အချိန်မှာပဲ မျက်နှာတည်သွားတယ်။ KAI: “အိမ်ကို ရောက်ရင် ငါ့အနားကနေ မခွာနဲ့။” REN: “ဘာဖြစ်လို့လဲ?” “ဘာမှမဟုတ်ဘူး။” Ren က ချက်ချင်းမျက်မှောင်ကြုတ်တယ်။ “ထပ်လိမ်ပြန်ပြီလား?” Kai တိတ်သွားတယ်။ ဒီတစ်ခါတော့ Ren က အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။ “မင်းကို ယုံဖို့ ကြိုးစားနေတာ Kai။ မင်းလည်း ငါ့ကို အမှန်အတိုင်း ပြောဖို့ ကြိုးစားပေး။” Kai က သူ့ကို ကြည့်လိုက်တယ်။ ပြီးတော့ ဖုန်းကို Ren ဆီ ပေးလိုက်တယ်။ “ငါတို့ကို တစ်ယောက်ယောက် စောင့်ကြည့်နေတယ်။” Ren ဖုန်းထဲက ဓာတ်ပုံကို ကြည့်လိုက်တယ်။ သူနဲ့ Kai။ ဘတ်စ်ကားဂိတ်မှာ ဖက်ထားတဲ့ပုံ။ Ren ရဲ့လက်တွေ တဖြည်းဖြည်းတင်းလာတယ်။ “ဘယ်သူလဲ?” “မသိသေးဘူး။” “ဒါဆို ဘာလို့ အိမ်ပြန်နေတာလဲ?” Kai က ပြန်ဖြေတယ်။ “မင်းကို ကာကွယ်ဖို့။” Ren က ခပ်ပြတ်ပြတ်ရယ်လိုက်တယ်။ “ငါ့ကို ကာကွယ်မယ်ဆိုပြီး အရာအားလုံး ဖုံးကွယ်တာမျိုးတော့ မလုပ်နဲ့။” “ကတိပေးတယ်။” ကားရပ်သွားတယ်။ နှစ်ယောက်လုံး အိမ်ထဲဝင်လာတဲ့အချိန်မှာ Ren ရဲ့ဖုန်းက ရုတ်တရက် တုန်လာတယ်။ UNKNOWN NUMBER Ren က စာကိုဖွင့်ကြည့်လိုက်တယ်။ ပုံတစ်ပုံ။ Kai တစ်ယောက်… မိန်းကလေးတစ်ယောက်နဲ့ အရမ်းရင်းနှီးနေတဲ့ပုံ။ Ren ရဲ့မျက်နှာ ချက်ချင်းပြောင်းသွားတယ်။ “Kai…” “ဘာလဲ?” Ren က ဖုန်းကို သူ့ရှေ့ပစ်ပေးလိုက်တယ်။ “ဒါ ဘယ်သူလဲ?” Kai ဓာတ်ပုံကိုကြည့်ပြီး မျက်နှာတည်သွားတယ်။ “ဒါက…” “ဖြေ!” Ren ရဲ့အသံ ပထမဆုံးအကြိမ် ဒီလောက်ကျယ်သွားတယ်။ Kai က Ren ကိုကြည့်တယ်။ “အဲဒီပုံက လွန်ခဲ့တဲ့နှစ်တွေက ပုံပါ။” “ဘယ်သူလဲလို့ မေးနေတာ!” Kai တိတ်နေတယ်။ Ren ရဲ့မျက်လုံးတွေ နီလာတယ်။ “မင်းအမှန်အတိုင်းပြောမယ်ဆိုတဲ့ ကတိက ဘယ်လောက်တောင် ကြာလိုက်တာလဲ?” “Ren၊ နားထောင်—” “ငါ နားထောင်တာ ပင်ပန်းနေပြီ!” Ren လှည့်ထွက်သွားတယ်။ Kai က သူ့လက်ကို လှမ်းကိုင်လိုက်ပေမဲ့ Ren က ချက်ချင်းရုန်းလိုက်တယ်။ “မထိနဲ့!” Kai ရပ်သွားတယ်။ Ren က မျက်ရည်တွေကို မသုတ်ဘဲ သူ့ကိုကြည့်နေတယ်။ “ငါ မင်းကို ပြန်ယုံဖို့ တစ်ခါပဲ ကြိုးစားခဲ့တာ။ တစ်ခါတည်းနဲ့ မင်း ငါ့ကို ပြန်စိတ်ပျက်စေပြန်ပြီ။” Kai ရဲ့အသံ တိုးသွားတယ်။ “ဒီတစ်ခါ ငါမလိမ်ဘူး။” “ဒါဆို အဲဒီမိန်းကလေး ဘယ်သူလဲ?” Kai အသက်ပြင်းပြင်းရှူလိုက်တယ်။ “သူက…” BANG! အပြင်ဘက်က အသံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လိုက်တယ်။ ပြတင်းပေါက်မှန် ကွဲသွားတယ်။ Kai က ချက်ချင်း Ren ရှေ့မှာ ရပ်လိုက်တယ်။ “အောက်ငုံ့!” Ren က Kai ရဲ့အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားတယ်။ သူတို့နှစ်ယောက်ကြားက စကားမပြောနိုင်သေးတဲ့ အမှန်တရားတွေ ရှိနေသေးတယ်။ ဒါပေမဲ့ အခုတော့… သူတို့ကို ခွဲဖို့ တစ်ယောက်ယောက် ရောက်လာပြီ။ #𝓢𝓪𝓲𝓯𝓪
ещё
1 0 1 ноя, 03:39
" မင်းကိုချစ်သည် " အပိုင်း-၁၄ final နောက်‌တနေ့ရောက်သော် အကုန်လုံးတက္ကသိုလ်သွားတဲ့သူကသွားကြကျောင်းသွားသူကလဲသွားသည် Waveလဲစာသင်နှစ်တစ်နှစ်လုံးစာတွေလုံးပန်းနေရပီးပန်လဲပင်ပန်းနေရသည် ဒါမဲ့သူဇွဲမချော့ပဲကြိုးစားသည် Theeတို့ကလဲပုံမှန်အတိုင်းတက္ကသိုလ်သွားတယ်ပြန်ရောက်ရင်ပရောဂျက်တွေလုပ်တယ်စာကျက်တယ်ဒါတွေနဲ့ပဲအချိန်ကုန်ပီးစာသင်နှစ်တစ်နှစ်လုံးပဲပီးသွားသည်waveလဲကြိုးစားရကြိုးနပ်သွားသည် WaveစာမေးပွဲလဲပီးရောTheeတို့စီတန်းလာခဲ့သည် Wave: Phiတို့ရေကျွန်တော်စာမေးပွဲကိုသေသေချာချာဖြေခဲ့တယ်ကြိုးစားရကြိုးနပ်ပီ Thee: တော်တယ်ကွဒါမှငါ့ညီလေး ဆိုကာဖက်လိုက်သည် ထိုအခါporတို့လဲပြေးလာပီးဖက်လိုက်သည် James: ဒါဆိုတက္ကသိုလ်တက်ရတော့မှာပေါ့ ယေးးးးးပျော်လိုက်တာ Nong waveကိုနေ့တိုင်းတွေ့ရတော့မယ်ကွ Wave: ဟုတယ်နော်ပျော်စရာကြီး ဒီလိုနဲ့လတွေလဲကြာပီးWaveတက္ကသိုလ်တက်ရမဲ့ပထမဆုံးနေ့ရောက်လာခဲ့သည် Thee: လာအကိုတို့နဲ့လိုက်ခဲ့ Wave: ဟုတ် ဆိုကာလိုက်သွားသည် ဟိုရောက်တော့တက္ကသိုလ်ကြီးကတကယ်မိုက်တာပဲရှုခင်းကြီးကလဲတက္ကသိုလ်ဆောင်ကြီးကလဲအကြီးကြီးပဲဆိုတော့waveပျော်မိသည် ဒီလိုနဲ့တက္ကသိုလ်seniorရွေးရမဲ့အချိန်ရောက်လာသည် ထိုအခါwaveကtheeကိုseniorအဖြစ်ရွေးလိုက်သည် ထိုနေ့ညနေခင်းမှာပဲTheeကပန်းစီးလေးကိုင်ပီးwaveစီသို့ရောက်လာသည် Wave: phi theeပါလားလာထိုင်လေ Thee: wave Wave: ဗျာ Thee: အကိုမင်းကိုချစ်တယ်အကို့အချစ်ကိုလက်ခံနိုင်မလား Wave: ဟမ်phi ကျွန်တော့ကိုလာစနေတာလား Thee: မစပါပူးတကယ်ပါအကိုမင်းကိုတကယ်ချစ်တာ Wave: အင်းဒါဆိုကျွန်တော်လဲphiကိုချစ်တယ် Thee: ယေးးးပျော်လိုက်တာ ဆိုကာwaveကိုဖက်လိုက်သည် ထိုအချိန်မှာပဲlattekim teeteepor jamesတို့ရောက်လာပီး Kim: နောက်ဆုံးတော့ချစ်စရာကောင်လေးNong waveနဲ့Phi Theeတို့လဲရည်းစားတွေဖြစ်သွားပီပေါ့ ဆိုကာဘေးနားကပန်းလေးတွေကြဲပေးကြသည် Thee: Nong waveအကိုမင်းကိုနမ်းလို့ရမလား Wave: အင်းရတယ် ဆိုကာပန်းစီးလေးနဲ့အုပ်ပီးTheeကwaveကိုနမ်းလိုက်ပါတော့တယ် အခုဆိုရင်waveကလဲတက္ကသိုလ်တက်တဲ့နေ့မှာတင်ကိုယ့်seniorနဲ့ရည်းစားဖြစ်သွားပါတော့တယ် ပြီးပါပြီ #yanant
ещё
17 0 31 окт, 06:20
Больше постов

Продолжить анализ этого канала

  • История роста подписчиков
  • Просмотры и охваты публикаций
  • Кто упоминает канал и кого упоминает он
  • Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней