Аналитика Telegram-канала
Подписчики
1 003
Охват за 24 ч
3,2K
Публикаций
661
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
11 ноя13 ноя16 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
11.1112.1113.1114.1115.1116.11
10
Средний охват
29
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
14 884
Упоминаний
9 831
Из них репостов
182
Каналов
0
Упоминаний за 90 дней
0
Из них репостов
0
Каналов за 90 дней
Последние посты
3 из 661 2 из 661အပြင်မှာ ပြီးတာ ကိုယ်ဝန်ရနိုင်လား? 🤔
မိန်းကလေးတွေအနေနဲ့ မကြာခဏ သိချင်ကြတဲ့ မေးခွန်းလေးတစ်ခုပါ။
အဖြေကတော့ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
အပြင်မှာ သုက်လွှတ်တာ (Withdrawal Method) ဟာ ကိုယ်ဝန်မရအောင် ၁၀၀% ကာကွယ်နိုင်တဲ့ နည်းလမ်းမဟုတ်ပါဘူး။
ဘာကြောင့်လဲ?
1. သုက်မလွှတ်ခင် ထွက်လာနိုင်တဲ့ အရည်မှာလည်း သုက်ပိုး ပါဝင်နေနိုင်ပါတယ်။
2. သုက်ရည်က မိန်းမကိုယ်အဝနားကို ရောက်သွားရင်လည်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
3. အချိန်မီ အပြင်မှာ သုက်လွှတ်နိုင်တယ်ဆိုပေမဲ့ ကိုယ်ဝန်ရနိုင်ခြေကို လုံးဝဖယ်ရှားလို့ မရပါဘူး။
ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် ဘာလုပ်သင့်လဲ?
💗 ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးပြုပါ။
💗 ပုံမှန်တားဆေးနည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ရွေးချယ်ပါ။
💗 အကာအကွယ်မဲ့ လိင်ဆက်ဆံထားရင် အရေးပေါ်တားဆေးအတွက် အမြန်ဆုံး ဆေးဝါးပညာရှင် သို့မဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပါ။
Viber/What’s app /09-784897649
Telegram-@akarizawmain
ကိုဆက်သွယ်မေးမြန်းနိုင်ပါ တယ်နော်
ещё
29
0
1 16 ноя, 15:31
ရာသီမလာဘူး... ဆီးစစ်တော့ Negative။ ဒါဆို ကိုယ်ဝန်မရှိတာ သေချာပြီလား? 🤔
အဖြေကတော့ ၁၀၀% သေချာတယ်လို့ မပြောနိုင်သေးပါဘူး။
ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်အစောပိုင်းမှာ hCG ဟော်မုန်းပမာဏ နည်းနေသေးတဲ့အတွက် ဆီးစစ်ရင် Negative ပြနိုင်ပါတယ်။
ဒါကြောင့် ရာသီနောက်ကျပြီး ဆီးစစ်တာ Negative ဖြစ်ခဲ့ရင် ၂–၃ ရက်အကြာမှာ မနက်ခင်းပထမဆုံးဆီးနဲ့ ထပ်စစ်ကြည့်ပါ။
ထပ်စစ်လို့ Negative ဖြစ်နေသေးပေမဲ့ ရာသီမလာဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးတွင်း hCG စစ်ဆေးနိုင်ပါတယ်။
သတိပြုရန် ရာသီနောက်ကျတာဟာ ကိုယ်ဝန်ကြောင့်သာမက စိတ်ဖိစီးမှု၊ ဟော်မုန်းမညီမျှမှုနဲ့ PCOS စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဆီးစစ် Negative တစ်ခုတည်းနဲ့ ကိုယ်ဝန်မရှိဘူးလို့ အတည်မပြုနိုင်သေးပါဘူးနော်။ ❤️
Viber/What’s app /09-784897649
Telegram-@akarizawmain
ကိုဆက်သွယ်မေးမြန်းနိုင်ပါ တယ်နော်
ещё
9
0
1 15 ноя, 15:32
ကိုယ်ဝန်ရှိစ လက္ခဏာများ 🤰
ရာသီမလာခင်ကတည်းက ကိုယ်ဝန်အစောပိုင်း လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အများအားဖြင့် မျိုးအောင်ပြီး ၂ ပတ်မှ ၄ ပတ်ဝန်းကျင်မှာ စတင်သိသာလာတတ်ပါတယ်။
အဖြစ်များတဲ့ လက္ခဏာများ
- 🩷 ပန်းရောင် သို့မဟုတ် အညိုရောင် သွေးစလေးများ ဆင်းခြင်း
- ရင်သားတင်းပြီး နာကျင်ခြင်း
- အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ချင်ခြင်း
- စိတ်ခံစားမှု အတက်အကျမြန်ခြင်း
- ဗိုက်အနည်းငယ်အောင့်ခြင်း
ဒီလက္ခဏာတွေဟာ ရာသီလာခါနီး (PMS) လက္ခဏာတွေနဲ့လည်း ဆင်တူနိုင်တာကြောင့် လက္ခဏာတွေနဲ့တင် ကိုယ်ဝန်ရှိ၊ မရှိ အတည်မပြုနိုင်ပါဘူး။
ကိုယ်ဝန်ရှိ၊ မရှိ ဘယ်လိုစစ်မလဲ?
ရာသီလာရမယ့်ရက် ကျော်သွားတဲ့အခါ Pregnancy Test Kit နဲ့ ဆီးစစ်နိုင်ပါတယ်။ ပိုမိုတိကျတဲ့အဖြေရဖို့ ရာသီပျက်တဲ့ ပထမဆုံးနေ့ကစပြီး စစ်ဆေးသင့်ပါတယ်။
Viber/What’s app /09-784897649
Telegram-@akarizawmain
ကိုဆက်သွယ်မေးမြန်းနိုင်ပါ တယ်နော်
ещё
2
0
1 14 ноя, 15:32
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней