Аналитика Telegram-канала
Подписчики
32 887
Охват за 24 ч
1,4K
ER за 24 ч
4,16%
Публикаций
1 221

Динамика подписчиков

7 дней 30 дней 6 месяцев Больше
10 ноя13 ноя16 ноя
Показаны последние 7 дней Больше истории →

Охваты публикаций

09.1110.1110.1111.1111.1113.11
156
Средний охват
210
Лучший результат
Показаны 6 публикаций — последние в канале Больше статистики →

Упоминания

14 840
Упоминаний
7 768
Из них репостов
288
Каналов
Все упоминания

Последние посты

3 из 1 221 2 из 1 221
Фото
ကစ်ဆာဒါ သုခဘုံ (2026) https://t.me/BLSFLIX_Movies https://t.me/+vhHYAUmSAJ1kNDA1 "စွန့်ပစ်ထားတဲ့ ရေကစားကွင်းဟောင်းကြီးထဲမှာ တူတူပုန်းတမ်း ကစားကြရာကနေ... သူငယ်ချင်းတစ်ယောက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားတဲ့အခါ..." သူငယ်ချင်းအုပ်စုထဲမှာ ဩဇာအရှိဆုံး ခေါင်းဆောင်ဖြစ်တဲ့ တက်ခ် (Tack) ဟာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ပတ်ခ် (Park)၊ တီး (Tee)၊ မယ်လွန် (Melon)၊ အုမ်း (Ohm) နဲ့ ဂျော့ဒ် (Jod) တို့ကို စွန့်ပစ်ထားတဲ့ "Kijsada Paradise" ရေကစားကွင်းကြီးထဲ ခိုးဝင်ပြီး တူတူပုန်းတမ်း (Hide-and-seek) ကစားဖို့ စိန်ခေါ်လိုက်ပါတယ်။ ဒါပေမဲ့ ပျော်စရာကောင်းမယ်ထင်ခဲ့တဲ့ ဒီကစားပွဲဟာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်း ဖြစ်သွားခဲ့ပါတယ်။ ကစားနေရင်းနဲ့ အော်တစ်ဇင် (Autism) ခံစားနေရတဲ့ ကောင်လေး ဂျော့ဒ် တစ်ယောက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားတဲ့အခါမှာတော့... ဆယ်ကျော်သက် သူငယ်ချင်းတစ်စုဟာ ဂျော့ဒ်ကို ပြန်လည်ရှာဖွေဖို့ ပြဿနာတွေ စတင်ခဲ့တဲ့ ဒီစွန့်ပစ်ရေကစားကွင်းကြီးဆီကို မဖြစ်မနေ ပြန်လာခဲ့ကြရပါတော့တယ်။ ဂျော့ဒ်ကို လိုက်လံရှာဖွေတဲ့ ခရီးစဉ်တစ်လျှောက်မှာ သူတို့ သူငယ်ချင်းတွေကြားက ပဋိပက္ခတွေ၊ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာတဲ့အခါ... ဒီရေကစားကွင်းဟောင်းကြီးထဲမှာ သူတို့ ဘယ်လို ထိတ်လန့်ခြောက်ခြားစရာတွေကို ဆက်လက်ရင်ဆိုင်ရမလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ သူငယ်ချင်းတွေကြားက သံယောဇဉ်၊ လျှို့ဝှက်ချက်တွေနဲ့ Mystery/Thriller အငွေ့အသက်တွေကို ရင်တဖိုဖိုနဲ့ ခံစားရမယ့် ရုပ်ရှင်ဇာတ်ကားကြီး "Kijsada Paradise" ကို မကြာမီ BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုခံစားလိုက်တော့နော်။
ещё
190 3 5 13 ноя, 16:12
Фото
Happy Anding (2026) https://t.me/+1XtZgOcGJQwxNDM1 လူငယ်ဘဝရဲ့ အိပ်မက်တွေ၊ လက်တွေ့ဘဝရဲ့ ခါးသီးမှုတွေနဲ့ ဘဝကို အသစ်ကပြန်စဖို့ လိုအပ်တဲ့ သတ္တိတွေကို ရင်းနှီးနွေးထွေးစွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုစာ ကြိုးစားခဲ့ကြပေမဲ့ ဘာအောင်မြင်မှုမှ မရရှိခဲ့တဲ့ "Asura" ဆိုတဲ့ နာမည်မရှိ ဟာသအဖွဲ့မှ Kang Tae Gu ၊ Kim Nam Il နဲ့ Han Jun Seo တို့ သူငယ်ချင်းသုံးဦးဟာ လူငယ်ဘဝ ခွန်အားတွေ အကုန်ပုံအောပြီး ဟာသပြကွက်မျိုးစုံနဲ့ ရုန်းကန်ခဲ့ကြပေမဲ့ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ လက်တွေ့ဘဝရဲ့ ဖိအားတွေကို ရှောင်လွှဲမရအောင် ရင်ဆိုင်လာရပါတယ်။ အသက်အရွယ်တစ်ခု ရောက်လာချိန်မှာတော့ သူတို့ရှေ့မှာ မေးခွန်းတစ်ခုပဲ ကျန်ပါတော့တယ် — "သေဆုံးနေပြီဖြစ်တဲ့ အိပ်မက်ကို ဆက်ဆွဲကိုင်ထားမလား၊ ဒါမှမဟုတ် အဖွဲ့ကို ဖျက်သိမ်းပြီး ဘဝကို အသစ်က ပြန်စမလား..." အဲဒီလို လမ်းပျောက်နေတဲ့အချိန်မှာ သူတို့ဟာ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Go Eun Young နဲ့ Go Ji Yeong တို့နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အလုပ်မှာ ကြီးမားတဲ့ ကျရှုံးမှုနဲ့ ကြုံခဲ့ရလို့ စိတ်ဓာတ်ကျပြီး လူတွေနဲ့ ဝေးရာမှာ သီးသန့်ခွဲနေတတ်တဲ့ Eun Young ဟာ ဒီဟာသအဖွဲ့ရဲ့ မလျှော့သော ဇွဲလုံ့လတွေကြားမှာ မထင်မှတ်ဘဲ နှစ်သိမ့်မှုနဲ့ စိတ်ခွန်အားတွေကို စတင်တွေ့ရှိလာရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာအသီးသီး ရရှိထားကြတဲ့ ဒီလူငယ် ၅ ဦး ဆုံတွေ့ဆုံကြတဲ့အခါ... တစ်ယောက်ရဲ့ အားနည်းချက်နဲ့ ဝေဒနာကို တစ်ယောက်က မျှဝေရင်ဖွင့်ရင်း တဖြည်းဖြည်း သံယောဇဉ်ငြိတွယ်လာပြီး စိတ်ဓာတ်ရေးရာ ကုစားမှုတွေ ပေးနိုင်ခဲ့ကြပါတယ်။ ဘဝဆိုတာ လဲကျတိုင်း ပြီးဆုံးသွားတာမဟုတ်ဘဲ အသစ်ကပြန်စဖို့ သတ္တိမွေးရုံတင်ပဲဆိုတာကို ရယ်မောခြင်း၊ မျက်ရည်ကျခြင်းတို့နဲ့အတူ ရင်းနှီးစွာ ခံစားရစေမယ့် Slice-of-Life Human Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ещё
105 0 1 11 ноя, 18:59
Фото
💗 What a Boss Wants (2026) 💗 https://t.me/+IvLX-uW09-82MjM1 အေးစက်ပြီး ခံစားချက်ဆိုတာကို သိပ်နားမလည်တဲ့ CEO တစ်ယောက်နဲ့ အပြုံးလေးတွေ အပြုအမူလေးတွေနဲ့ ပတ်ဝန်းကျင်ကို အသက်ဝင်စေတဲ့ ကောင်မလေးတစ်ယောက်တို့ရဲ့ မထင်မှတ်ထားတဲ့ အချစ်ဇာတ်လမ်းလေးပါ💕 Kwon Do Hyuk ဆိုတဲ့ CEO ကြီးကတော့ အရာရာကို အချက်အလက်နဲ့ လက်တွေ့အပေါ်ပဲ အခြေခံပြီး ဆုံးဖြတ်တတ်တဲ့သူ ခံစားချက်တွေကို သိပ်ဂရုမစိုက်တတ်သလို လူတွေနဲ့လည်း အေးစက်စက်နေတတ်သူပေါ့ တစ်ဖက်မှာတော့ Lee Eun Chae ဆိုတဲ့ ကောင်မလေးက Indie Band တစ်ခုရဲ့ အဆိုတော်လေးဖြစ်ပြီး မိသားစုကိုတော့ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရနေပြီလို့ လိမ်ညာထားရသူလေး နေ့စဉ်ဘဝမှာ တစ်မျိုး ညဘက်မှာတော့ အဆိုတော် Soo အဖြစ်နဲ့ နေထိုင်နေရတဲ့ သူမရဲ့ဘဝလေးကလည်း စိတ်ဝင်စားစရာပါပဲ တစ်နေ့မှာတော့ Do Hyuk ဟာ သူ့စိတ်ကို အေးချမ်းစေခဲ့တဲ့ အသံပိုင်ရှင်အမျိုးသမီးကို ရှာဖွေရင်း Eun Chae နဲ့ ထပ်မံဆုံတွေ့ခဲ့ကြတယ် အဲဒီနောက် မထင်မှတ်ထားတဲ့ အခြေအနေတွေကြောင့် သူမကို သုံးလတာ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့ရာကနေ CEO နဲ့ Secretary ကြားက စာချုပ်ဆက်ဆံရေးလေးတစခု စတင်လာခဲ့ပါတယ် အစပိုင်းမှာတော့ အမြဲတမ်း စကားများပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြပေမဲ့ အတူတူအချိန်ကုန်လာရင်း တဖြည်းဖြည်း ပြောင်းလဲလာတဲ့ သူတို့ရဲ့ဆက်ဆံရေးလေးက ကြည့်ချင်စရာပါပဲ 🤭 နောက်ထပ် စိတ်ဝင်စားစရာကောင်းတာကတော့ Moon Tae Kyung ဆိုတဲ့ ဆရာဝန်လေးပါပဲ။ Eun Chae ရဲ့ လျှို့ဝှက်ချက်ကို သိရှိသွားပြီးနောက် သူရဲ့အနားမှာ အားကိုးရတဲ့သူတစ်ယောက်အဖြစ် ရှိနေပေးလာတာကြောင့် အချစ်ရေးသုံးပွင့်ဆိုင်လေးကိုလည်း ရင်ခုန်စွာ စောင့်ကြည့်ရဦးမှာပါ 💕 ဒီကားလေးရဲ့ ဆွဲဆောင်မှုကတော့ အေးစက်စက် CEO ကြီးတစ်ယောက်ရဲ့ နှလုံးသားကို သီချင်းသံလေးတစ်ခုနဲ့ စတင်လှုပ်ခတ်စေခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါပဲ အချစ် ဟာသ ရင်ခုန်စရာ Chemistry လေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် စောင့်ကြည့်သင့်တဲ့ Romance Drama လေးတစ်ကားပါပဲ။ 💗 အပတ်စဥ် ဗုဒ္ဓဟူး ကြာသာပတေးနေ့တိုင်း BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ 🌸
ещё
210 1 2 11 ноя, 18:25
Больше постов

Продолжить анализ этого канала

  • История роста подписчиков
  • Просмотры и охваты публикаций
  • Кто упоминает канал и кого упоминает он
  • Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней