Пожалуйста, ждите...
Для завершения операции перейдите в бота авторизации Telemetr.me.
Авторизоваться через Телеграм
Ожидание завершения операции.
Если бот авторизации Telemetr.me в Телеграм не открылся автоматически, пожалуйста, перейдите в Телеграм самостоятельно.
Пожалуйста, ждите...
Для завершения операции перейдите в бота авторизации Telemetr.me в MAX.
Авторизоваться через MAX
Ожидание завершения операции.
Если бот авторизации Telemetr.me в MAX не открылся автоматически, пожалуйста, перейдите в MAX самостоятельно.
Пожалуйста, ждите...
Проверьте почту
Мы отправили цифровой код подтверждения
на почту
Обязательно проверьте папку Спам
Введите код сюда
Пожалуйста, ждите...
Отлично, а теперь придумайте пароль
Продолжить
Вход в Telemetr
Если аккаунта ещё нет — он создастся автоматически
в РФ
вне РФ
Войти через MAX
Войти через Яндекс ID
❗️
Для пользователей из России вход через зарубежные сервисы недоступен по требованиям российского законодательства.
Войти через Telegram
ℹ️
Вход через Telegram доступен только для пользователей за пределами Российской Федерации.
Другие способы
Войти по почте
Войти через ВК
Войти через eLama
← Другие способы
Продолжить
С возвращением
Войти
Забыли пароль?
Задать пароль
Продолжить
Нажимая кнопку входа, вы заключаете договор на условиях
Пользовательского соглашения
ООО «Телеметр» и подтверждаете, что ознакомились с
Политикой обработки персональных данных
.
Войти
Тарифы
Аналитика
Каталог каналов
Поиск постов
Мои подборки
Мониторинг
Детальная статистика
Анализ аудитории
Каталог TGAds
Биржа
бета
О бирже
Помощь
Инструкция Telemetr
Документация к API
MCP для ИИ-ассистента
Бот аналитики
Чат Telemetr
Партнёры
Защита от накрутки
Создать своего бота
Продать/Купить канал
Не попадитесь на накрученные каналы!
Узнайте, не накручивает ли канал просмотры или подписчиков
Проверить канал на накрутку
Телеграм канал «People's Spring»
People's Spring
115.3K
0
5.2K
4.5K
2.0M
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။
Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Полная статистика канала
Подписчики
Всего
59 197
Сегодня
0
Просмотров на пост
Всего
2 083
ER
Общий
3.52%
Суточный
3.5%
Динамика публикаций
Telemetr
- сервис глубокой аналитики
телеграм-каналов
Получите подробную информацию о каждом канале
Отберите самые эффективные каналы для
рекламных размещений, по приросту подписчиков,
ER, количеству просмотров на пост и другим метрикам
Анализируйте рекламные посты
и креативы
Узнайте какие посты лучше сработали,
а какие хуже, даже если их давно удалили
Оценивайте эффективность тематики и контента
Узнайте, какую тематику лучше не рекламировать
на канале, а какая зайдет на ура
Попробовать бесплатно
Показано 7 из 115 277 постов
Смотреть все посты
Пост от 26.10.2026 22:59
18
0
0
PDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဥ်။
ဓါတ်ပုံ-MOD/PDF
Пост от 26.10.2026 21:08
212
0
0
အင်းတော်မှာ စစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးပျက်
■စစ်တပ်ကတိုက်လေယာဥ်မျိုးစုံသုံးပြီးတစ်နေကုန်ဗုံးကြဲပစ်ကူပေးတဲ့ကြားမှတော်လှန်ရေးတပ်တွေတိုက်ခိုက်မှုကြောင်းတပ်မ
(၃၃)လက်အောက်ခံစစ်ကြောင်းပျက်
အောက်တိုဘာ-၂၆-၂၀၂၆။ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊အင်းတော်မြို့ကနေ ထီးချိုင့်မြို့ကို စစ်ကြောင်းထိုးခဲ့တဲ့ တပ်မ(၃၃)က
ဒုတပ်မှူးဦးစီးတဲ့ စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် စစ် ကြောင်းတစ်ကြောင်းလုံးပြုတ်ပြီး လက်နက်
ချသူအများအပြားရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ် တွေက ပြောပါတယ်။
အောက်တိုဘာလပထမပတ်က အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ဘက်ကို ထိုး
စစ်ဆင်ခဲ့တဲ့ စစ်ကြောင်းဟာလမ်းတလျှောက်တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာပြီး ပိန်းအင်းရွာကိုရောက်ခဲ့ပါတယ်။
အဲဒီစစ်ကြောင်းကို အောက်တိုဘာ ၂၅ ရက်နဲ့ အောက်တိုဘာ ၂၆ ရက်မှာတော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်တာကြောင့်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး သေဆုံး၊ဒဏ်ရာရသူ၊လက်နက်ချအလင်းဝင်တဲ့စစ်သားတွေအများအပြားရှိကာ စစ်ကြောင်းလိုက်ပြုတ်သလောက်ဖြစ်သွားတယ်လို့ စစ်ရေးရင်းမြစ်တွေကပြောပါတယ် ။
စစ်တပ်အထိနာတာကြောင့် စစ်တပ်ကလည်း
သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာ ၂၆)မှာ အင်တော်မြို့နယ်ထဲကို လေယာဥ်မျိုးစုံနဲ့ ဗုံးကြဲခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ် ။
စစ်တပ်က လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲပစ်ကူပေးတဲ့ကြားမှ တော်လှန်ရေးတပ်တွေက စစ်တပ်စစ်ကြောင်းပျက်အောင်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ စစ်ရေးရင်းမြစ်အချို့ကပြောပါတယ် ။ စစ်တပ်က လေယာဉ်အုပ်စုလိုက်နဲ့ ဗုံးကြဲတဲ့အပြင် တွင်းငယ်က Y-12၊တံတားဦး၊မိတ္ထီလာ နဲ့ မကွေးလေတပ်က
တက်လာတဲ့လေယာဉ်တွေနဲ့ ဗုံးကြဲနေတာလို့ သိရပါတယ်။
"ဒီနေ့ မြေဩဇာအပုံလိုက်ဖြစ်သွားလို့ အင်းတော်ကို လေယာဉ် ၁၇ စီးလောက်နဲ့ ပတ်ကြဲနေတာ။ ပြည်သူတွေနဲ့ ရဲဘော်တွေ ဘေးကင်းကြပါစေ" လို့ အင်းတော်မြို့နယ်အတွင်းစစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့ Indaw Revolution ကဒီကနေ့ညမှာဖော်ပြပါတယ်။
တော်လှန်ရေးသတင်းရင်းမြစ်တဦးကလည်း
"လယ်ပြင်မှာ၂ရက်ရှိပြီ။အလောင်း၊လက်နက်နဲ့ အလင်းဝင်လာသူတွေရတာကဆက်တိုက်ပဲ။စစ်တပ်ကစစ်မှုထမ်းတွေသုံးပြီးရှေ့ကအသေခံဇွတ်တိုက်ခိုင်းနေတာ။သေတာများ မြင်လို့တောင်မကောင်းဘူး"လို့ ပြောပါတယ်။
တိုက်ပွဲတွေမှာပါဝင်တဲ့ PDF အမှတ် (၉၉)
နည်းဗျူဟာ(မတ္တရာမျိုးမှန်ဗျူဟာ)ကလည်း
"၉၉ နဲ့အတွေ့မှာ ရန်သူ့တပ်မ ၃၃ လည်း
"တပ်မ-ပြုန်းပြုန်း"ဖြစ်သွားပြီ" လို့အောက်
တိုဘာ ၂၆ ရက်ညနေပိုင်းမှာရေးသားထားပါတယ်။
စစ်တပ်ဟာမန္တလေး-မြစ်ကြီးနားပြည်ထောင်
စုလမ်းအတိုင်း တဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးစားနေတာပါ။ ဒါကြောင့်
အင်းတော်မြို့နယ်က နေအောက်တိုဘာလဆန်းမှာဝန်းသိုမြို့နယ်နဲ့ထီးချိုင့်မြို့နယ်ဘက်တွေကို စစ်ကြောင်းနှစ်ကြောင်းခွဲထွက်ခဲ့တာပါ။
အင်းတော်မြို့နယ် မဲဇာရွာအနီးဝန်းကျင်ကတည်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးသေဆုံးဒဏ်ရာရသူများတဲ့စစ်တပ်ရဲ့ စစ်ကြောင်း ၂ ကြောင်းကို တော်လှန်ရေးတပ်တွေက လမ်းတလျှောက် အကြိမ်ကြိမ်ပိတ်ဆို့တိုက်ခိုက်တာကြောင့် အထိနာခဲ့ပါတယ်။
စစ်ကြောင်းသွားရာလမ်းတလျှောက်စစ်သားအလောင်းတွေ မြေမြှပ်ခဲ့တာ အများအပြားတွေ့ရပြီး ပုပ်စော်နံလို့ဒေသခံတွေက ပြန်တူးပြီး မီးသဂြိုဟ်ပေးရတာတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ် ။
အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့ကိုသွားတဲ့ စစ်ကြောင်းကို ဂျိုးတောင်ကျေးရွာအနီး အောက်တိုဘာ၂၁ ရက်ကတည်းတော်လှန်
ရေးတပ်တွေရဲ့ တိုက်ခိုက်ခြင်းတာကြောင့်အထိနာခဲ့ပါတယ်။
"ဂျိုးတောင်ဂူနားလေးမှာ အဆော်ခံရတာ။အကောင်၁၀၀ လောက်ကျသွားတယ်။အဲဒီမှာ အလင်းဝင်တဲ့သူကလည်းများသွားတယ်။အလံဖြူထောင်တဲ့လူကလည်းများသွားတယ်။အဲဒီတော့မှ သူတို့ဝန်းသိုဘက်ကနေစစ်ကူ ၁၀၀ လောက်လွှတ်တယ်။အဲဒီစစ်ကူ
၁၀၀ လောက်ကို ကြားထဲမှာတင် ဖြတ်တိုက်ခံလိုက်ရတာ"လို့ စစ်ရေးသတင်းအရင်းမြစ်တဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရမှုမှာ စစ် ကြောင်းကွပ်ကဲတဲ့အရာရှိ ၁ ဦးသေဆုံးခဲ့ပြီးနောက် စစ်ကြောင်းဖရိုဖရဲဖြစ်ကာထွက်ပြေးကာ လက်နက် သိမ်းဆည်းရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။
လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ဗန်းမောက်၊ ကောလင်းမြို့နယ်တွေထဲကရွာတွေမှာလည်း စစ်
ကြောင်းအန္တရာယ်ကို နားစွင့်စောင့်ကြည့်ဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။ ဒါ့အပြင် ပင်လယ်ဘူးမြို့နယ်ထဲမှာလည်း လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။
စစ်တပ်ကတိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်း
ဆင်းအများအပြားကိုအသုံးပြုပြီး ထိခိုက်
သေဆုံးမှုတွေများပြားနေကြောင်း နဲ့ စစ်ရေးသတင်းတွေကိုသင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့အမျိုးသားညီညွတ်ရေး
အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။
❤
7
🥰
1
Пост от 26.10.2026 19:47
501
0
0
ဓါတ်ပုံ-NY Times
👎
9
❤
2
🤬
1
Пост от 26.10.2026 19:47
483
0
0
ဒီဇယ်ဆီလို့ စာရင်းလိမ်ဖော်ပြပြီး လေယာဉ်ဆီတွေကို စစ်တပ် ဝယ်ယူတင်သွင်း
အောက်တိုဘာ-၂၆၊၂၀၂၆။People's Spring
လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီကို အာဏာသိမ်း မြန်မာစစ်တပ်က ဒီဇယ်ဆီလို့ စာရင်းလိမ် ဖော်ပြပြီး တင်သွင်းဝယ်ယူခဲ့ပါတယ်။
ဒေါ်လာသန်းနဲ့ချီ တန်ဖိုးရှိတဲ့ လေယာဉ်ဆီ ဝယ်ယူမှုကို မနှစ်တုန်းက စစ်တပ်က ဒီဇယ်ဝယ်ယူမှုအဖြစ် စာရင်းလိမ် ပြထားတာကို Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက အီရန်ဆီကနေ လေယာဉ်ဆီ စည်ပေါင်း ၁၁၃,၀၀၀ လောက်ကို Reefဆိုတဲ့ ရေနံတင် သင်္ဘောက မြန်မာဆီ ပို့ဆောင်ခဲ့ပေမယ့် စာရွက်စာတမ်းတွေမှာတော့ တောင်အာဖရိကနိုင်ငံကတင်ပို့တဲ့ ဒီဇယ်ဆီတွေလို့ပဲစာရင်းသွင်း ဖော်ပြခဲ့ကြောင်း Reuters သတင်းမှာ ပါရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ်အတွင်း တောင်အာဖရိက နိုင်ငံကနေ မြန်မာဆီကို ဒီဇယ်ဆီတွေ တင်ပို့ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ လုံးဝ ရှိမနေခဲ့ပါဘူး။ မြန်မာနိုင်ငံ အခြေစိုက် စွမ်းအင် ဝယ်ယူရေး အကျိုးဆောင် ကုမ္ပဏီ Dynamic Waveကလည်း ထိုင်းနိုင်ငံရဲ့ Tawan-Oil Tradingနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ ၁၅.၈ သန်းတန် အရောင်းအဝယ်စာချုပ်မှာဒီဇယ်ဆီ ဝယ်ယူတာလို့ပဲဖော်ပြထားခဲ့ပါတယ်။
လေယာဉ်ဆီတွေကို ဒီဇယ်အဖြစ် စာရင်းလိမ်ဖို့အတွက်စာရွက်စာတမ်းတွေကိုသာ ပြောင်း
လဲ ဖော်ပြခဲ့တာ မဟုတ်ဘဲ သင်္ဘောသွားလာမှု အချက်အလက်တွေကိုပါ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ SynMax Intelligence ဂြိုဟ်တု ဓာတ်ပုံတွေအရ Reefဟာ အီရန်နိုင်ငံ၊ ဘန်ဒါအဘက်စ် ဆိပ်ကမ်းကနေ အရှေ့တောင်အာရှဆီ ခုတ်မောင်းခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် မေလတုန်းကလည်း Dynmaic Waveနဲ့ Tawanတို့ဟာ တောင်အာဖရိကထုတ် ဒီဇယ်ဆီလို့ ဖော်ပြထားတဲ့ လောင်စာဆီ စည်ပေါင်း၂၀၂,၀၀၀လောက်ကိုဒေါ်လာ၂၆ သန်းနဲ့ အရောင်းအဝယ်လုပ်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမဲ့ ငွေတောင်းခံလွှာမှာ ပြသထားတဲ့ ဆီအရည်အသွေး သတ်မှတ်ချက်ကတော့ ဒီဇယ်ဆီထက် လေယာဉ်ဆီ စံနှုန်းတွေနဲ့ ပိုပြီးကိုက်ညီတယ်လို့အမေရိကန်ကဆီအရည်
အသွေး ဆန်းစစ်မှု ပညာရှင်ဂျိုရှူဝါဟေးန်က ထောက်ပြထားခဲ့ပါတယ်။
Noble ဆိုတဲ့ ရေနံတင် သင်္ဘောဟာ အဲဒီနှစ် ဇွန်လမှာ လေယာဉ်ဆီတွေလို့ ယူဆရတဲ့ စည်ပေါင်း ၂၀၀,၀၀၀ လောက်ကို တင်ဆောင်ပြီး ရန်ကုန်ကို ရောက်ရှိလာကြောင်း၊ အဲဒီဆီတွေကို Dynmaic Waveအတွက် ရည်ရွယ်တင်ပို့ခဲ့တာ ဖြစ်နိုင်ကြောင်း သိရပါတယ်။
အဲဒီ သင်္ဘောကလည်း ဘန်ဒါအဘက်စ်ကနေ စတင် ထွက်ခွာခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့ဖက်ကို ဦးတည် ခုတ်မောင်းနေခဲ့တယ်လို့ SynMax Intelligenceရဲ့ ဂြိုဟ်တု မှတ်တမ်းဓာတ်ပုံတွေအရ သိရပါတယ်။
ဒါကြောင့်အာဏာသိမ်းစစ်တပ်ဟာ လေယာဉ်ဆီတွေ ဝယ်ယူရာမှာ ဒီဇယ်ဆီအဖြစ် လိမ်
ညာဖို့ စာရွက်စာတမ်းတွေကို ပြောင်းလဲပစ်ခဲ့ရုံသာ မကဘဲ သင်္ဘောလမ်းကြောင်းတွေကိုပါ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ဒါဟာ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရှောင်ကွင်းဖို့ ကြိုးစားခဲ့တဲ့ အစီအမံလို့လည်း ယုံကြည်ရပါတယ်။
ဒီလို သိုသိုဝှက်ဝှက်နဲ့ လေယာဉ်ဆီ ဆက်
လက် ဝယ်ယူနေမှုတွေကြောင့် အာဏာသိမ်း စစ်တပ်ဟာ မြန်မာနိုင်ငံ အနှံ့မှာ ရက်စက်ကြမ်းတမ်းတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ကိုင်ခွင့် ရရှိနေစေသလို အီရန် အတွက်လည်း နိုင်ငံခြား ဝင်ငွေ တိုးလာစေခဲ့ပါတယ်။ Reutersကတော့ Reefနဲ့ Noble သင်္ဘောတွေရဲ့ ခရီးစဉ်တွေကို ကြည့်ရင် အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီ ဝယ်ယူမှု လမ်းကြောင်းတွေကို အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေက အပြည့်
အဝ တားဆီး ဖြတ်တောက်နိုင်ခြင်း မရှိခဲ့ဘူး ဆိုတာကို ပြသနေကြောင်း ထောက်ပြထားခဲ့ပါတယ်။
ကိုးကား- Reuters
👎
7
❤
3
🤬
1
Пост от 26.10.2026 19:21
311
0
0
Пост от 26.10.2026 19:21
215
0
0
အရင်ကဆိုရင် တောဓလေ့အရ နာရေး တခုရှိရင်တရွာလုံးကဝိုင်းကူညီလုပ်ကိုင်ပေးကြသ
လိုညလုံးပေါက်မီးစက်နှိုးပေးကြပါတယ်။ဒါပေမယ့် ဒီနာရေးနှစ်ခုလုံးမှာ တအိမ်ကို လူ ၅ ယောက်လောက်နဲ့ ဆိုလာအားသွင်း မီးရောင် ဖျော့ ဖျော့အောက်မှာ တိတ်ဆိတ်လွန်းလှပါတယ်။
ညဦး ၇ နာရီလောက်မှာလူကြီးတ ယောက်က "ပို့သံ ပို့သံ"လို့အော်သတိပေးပြီး မီးပိတ်ကာ မြေပြင်ပေါ်ဝပ်လိုက်ကြပါတယ်။
"ပို့သံ" ဆိုတာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်တဲ့အချိန် စစချင်းထွက်လာတဲ့လေတိုးသံဖြစ်ပြီး ဒီအသံကြားပြီး စက္ကန့်ပိုင်းအကြာ ကျွန်းထဲက ကျေးရွာတရွာရွာမှာ ပေါက်ကွဲသံကြားရတာပါ။
လက်နက်ကြီး ပစ်သံတခုတည်းကို ပို့သံလို့ ခေါ်တာမဟုတ်ဘဲ လက်နက်ငယ် သေနတ်နဲ့ ပစ်ရင်လည်း လေတိုးသံမျိုးကြားရတက်တယ်ပါတယ်။အဲဒီအသံကို "ပို့သံ"လို့ ခေါ်ပြီး ပို့သံကြားရင် ဒီဒေသမှာ ကလေး လူကြီး မြေ
ကြီး ပေါ်ပြားပြားဝပ် နေရတာပါ။နေရာစုံက ကျလာတဲ့ လက်နက်ကြီး ဒဏ်ကို ဒီအသံနဲ့တင် ရမ်းသမ်းပြီး ရှောင်တိမ်း နေကြရတာဖြစ်ပါတယ်။
ဒါကြောင့် "ပို့သံ" ဆိုတဲ့စကားလုံးဟာ ကျွန်းပေါ်ကပြည်သူတွေအတွက်တော့ အိပ်မက်ဆိုးတခုဖြစ်ပါတယ်။
စစ်တပ်က ဒီနယ်တကြောကိုလူအရိပ် ယောင် မမြင်ချင်ဘူးလို့ ကြေညာထားပြီး ညဘက်ဆို မီးရောင်မြင်ရာ ဘက်ကိုလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ကြတာပါ။
"နာရေးအိမ် တွေလည်းသနားစရာပါ။တိတ်
ဆိတ် နေတာပဲ။မီးလည်း မထွန်းရဲဘူ။မီးထွန်းရင် မီး ရောင် မြင်တာနဲ့လှမ်းပစ် တော့ ပြန်ပိတ်ပြီးပြန်ဝပ် နေရတာ။ကင်းထောက် တွေလည်းဝဲ တော့ ဘယ်သူမှလည်း နာရေးကို ကြာကြာမ နေရဲကြဘူး။လူစုစုမြင်ရင် ကြဲမှာစိုးနေကြတာ"လို့ ဒေသခံ အမျိုးသမီးတဦးက လေသံတိုးတိုးနဲ့ဖွင့်ဟပါတယ်။
ဒီအခြေအနေဟာ စဉ့်ကူးမြို့နယ် တစ်နေရာတည်းမှာပဲဖြစ် နေတာမဟုတ်ပါဘူး။ဒီရွာ တွေကနေတောင်ဘက်ဆက်ပြီးမြစ် ကြောင်းအတိုင်းဆင်းမယ်ဆိုရင် မတ္တရာမြို့နယ်အ
တွင်းက ရေလယ်ကျွန်း ကျေးရွာတွေအားလုံးဖြစ်ပါတယ်။
မတ္တရာမြို့နယ်အနောက်ခြမ်းက မြစ်ကမ်း ဘေး ကျေးရွာတွေ ဖြစ်တဲ့ ဥဒိန်ရွာ၊သဖန်းထောင့်၊ကြိမ်တော၊သုံးဆယ်ပေရွာတို့ ကို စစ်တပ်ကအထိုင်ချတပ်စွဲပြီး ဒရုန်း၊လက်
နက်ကြီး ၊လက်နက်ငယ်တွေနဲ့ပစ်ခတ်သလို၊တခါတလေ လေယာဥ်တွေနဲ့ပါ ဗုံးကြဲတက်ပါတယ်။
အောက်တိုဘာလ ၁၆ ရက် နေ့က စစ်တပ်ရဲ့ တံတားဦး လေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ ခဲ့တာကြောင့် မိုးကြိုးရွာက အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးပြီး အမျိုးသား၁ဦး အမျိုး
သမီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင် အိုင့်ဒိုင်ရွာက အသက်၄၀အရွယ် ဒေါ်သင်း ထိခိုက်သေဆုံးပြီး အသက်၆၀ အရွယ်အမျိုးသ
မီး၁ဦး ရေလယ်ကျွန်းရွာက အမျိုးသား၂ဦး တို့ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ် ။
"နေ့ရော၊ညရော လက်နက်ကြီးပစ်လိုက်၊ဒရုန်းဗုံးချလိုက်ပဲ။လုပ်စရာအလုပ်က မရှိတော့ ပြေးလိုက်၊လယ်လေး လာလုပ်လိုက် လုပ် နေကြရတာပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလိုဗုဒ္ဓဘာသာဝင်တွေရဲ့ ဝါလကင်းလွတ် သီတင်းကျွတ်ပွဲတော်ရက်တွေမှာပုံမှန်ဆိုရင် ဒီဒေသ တွေမှာလည်း လူငယ် တွေဟာ ဖယောင်းတိုင်ကိုင်ကာ ဓမ္မစကြာရွတ်ဖတ်၍
ရွာကို အပြင်ဖက်က နေလှည့်လည် ကြပါတယ်။
သီတင်းကျွတ်မီးထွန်းပွဲမှာ ဗုဒ္ဓဘုရားရှင်ကို ဆီးမီးနဲ့ပူဇော်ကြပါတယ်။ မိဘလူကြီးသူမတွေကိုလည်း ကန်တော့ကြပါတယ်။ဒါ့အပြင်
အညာတောင်သူတွေကို အလုပ် အကျွေးပြုတဲ့ ကျွဲ၊နွား တွေကိုပါ ဆီမီးနဲ့ကန်တော့ကြ
လေ့ရှိပါတယ်။
စစ်တပ်ရဲ့ ဖိနှိပ်မှု အောက်မှာ အညာ ရေလည်ကျွန်း ဒေသဟာ သီတင်းကျွတ်ကာလမှာ မီးထွန်းခွင့်တောင်မရကြပါဘူး။မီးရောင်မြင်
တိုင်း လက်နက်ကြီး၊ငယ်တွေနဲ့ပစ်ခဲ့တဲ့ စစ်
တပ် ကြောင့် ၆လအတွင်းမှာ စဉ့်ကူးမြို့နယ်ကဆင်သေ၊ရွှေဘယက်၊ရွာတော်၊ကြက်တူ ရွေး ရွာ တွေက ပြည်သူ ၁၀ဦးထပ်မနည်း သေဆုံးခဲ့ပါတယ်။
ဒါကြောင့်ရေလယ်ကျွန်းပေါ်က ပြည်သူတွေဟာလည်း အကြောက်တရားကင်းကင်းနဲ့
ဆီးမီးထွန်းနိုင်မယ့် နေ့ရက်တွေကို မျှော်လင့်နေကြပါတယ် ။ ။
Пост от 26.10.2026 19:21
155
0
0
■ဆောင်းပါး
ဆီမီးထိန်ထိန်လင်း စေချင်
နေ့သစ်/ People's Spring
"ပို့သံကြားတယ်။ပို့သံဟေ့ မီးပိတ်ကျ" ဆိုတဲ့ အမျိုးသားတဦးရဲ့ အသံကြောင့်အားသွင်းမီးလုံးလေး တွေအကုန်ပိတ်သွားပါတယ်။
ပတ်ဝန်းကျင်တလုံးလုံး အမှောင်ကျသွားပြီးတော့ စက္ကန့်ပိုင်းအကြာမှာဝုန်းခနဲ ပေါက်ကွဲသံ ခပ်လှမ်းလှမ်းမှာကြားတော့မှသာသူတို့ပေါ် မကျခဲ့လို့သက်ပြင်းချနိုင်ကြပါတယ်။
မန္တလေးတိုင်း ၊စဥ့်ကူးမြို့နယ် ၊စဉ့်အိုးကျွန်းရွာရဲ့ အောက်တိုဘာ ည တစ်ညရဲ့မြင်ကွင်းဖြစ်ပါတယ် ။စစ်တပ်ကပစ်တဲ့လက်နက်ကြီးဟာစဥ့်အိုးကျွန်းရွာပေါ်မကျပေမယ့် သူတို့ရွာကိုကျော်ပြီး ဟင်္သာကြီးရွာဘက်ကျတဲ့ပေါက်ကွဲခဲ့ပါတယ်။
ဧရာဝတီမြစ်ရဲ့ ကျွန်းပေါ်မှာရှိတဲ့ ရွာကလေးမှာအောက်တိုဘာလ၁၉ ရက်ညဆိုလာမီးလုံး အရောင်ဖျော့ ဖျော့အောက်မှာ အသက် ၂၀
ခန့်အရွယ် စည်သူ(လုံခြုံရေးကြောင့်အမည်လွှဲ) တစ်ယောက်ထိုင်နေပါတယ်။သူနဲ့အတူရွာထဲက လူကြီးလေး၊ငါးယောက်လောက်လည်းရှိပေမယ့် စကားပြောသံမကြားရဘဲ တိတ်ဆိတ်နေကြပါတယ်။
အဲဒီနေ့ မတိုင်ခင် နှစ်ရက်၊အောက်တိုဘာလ ၁၇ ရက်နေ့မှာစဉ့်အိုးကျွန်းရွာ ပေါ်ကိုစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့ပါတယ်။ စစ်တပ်ရဲ့ဒရုန်းဗုံးကြောင့် ကံဆိုးစွာပဲ ကျွန်းပေါ်ကိုစစ်ဘေးလာ ရှောင်နေတဲ့ စည်သူရဲ့ဖခင်သေဆုံးခဲ့ပြီး မိခင်ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
အသက် ၅၀ ကျော်အရွယ် မိခင်နဲ့ ဖခင် တို့နဲ့အတူ စည်သူဟာနေထိုင်ပြီး မောင်နှမမွေး
ချင်းမရှိတဲ့ တဦးတည်းသောသားပါ။ သူတို့ဇာတိက ဧရာဝတီမြစ်ကမ်းဘေးက ကြက်တူ
ရွေးရွာဖြစ်ပါတယ်။ဒါပေမယ့် စစ်တပ်က ကြက်တူရွေးရွာ တရွာလုံးကို ရွာထဲအဝင်မခံဘဲမောင်းထုတ်တာကြောင့် အနောက်ဘက်ကျွန်း ပေါ်ကိုလာပြီးစစ်ရှောင်နေကြရတာပါ။
ဒီကာလဟာ ကျွန်းပေါ်ကတောင်သူတွေအတွက် စိုက်ပျိုးရာသီဖြစ်ပါတယ်။ ကြက်တူရွေးရွာမှာတော့ စစ်တပ်ကရွာအနီးက လယ်ဧက ထောင်နဲ့ချီတဲ့ စိုက်ပျိုး မြေတွေကိုပါ စစ်တပ်က လုပ်ခွင့်ပိတ်လိုက်တာပါ။ဒါ့ကြောင့် ကျွန်းပေါ်မှာရှိတဲ့ မြေဧကအနည်း
ငယ်ကို ရသမျှစိုက်ပျိုးလုပ်ကိုင်နေကြရပါတယ်။
အခုလိုဆောင်းဦးရောက်ရင် နှမ်းခင်းကို ပေါင်းရှင်းရသလို၊ မြေပဲစိုက်ဖို့လယ်မြေတွေကိုလည်းထွန်ယက်ရပါတယ်။ညနေခင်း မိဘ တွေကို လယ်ထဲအလုပ်ကူပြီး စည်သူက ရေချိုးဖို့ မြစ်ဆိပ်ကိုဆင်း နေတာပါ။
အဲဒီအချိန် မီးအနီရောင်အစက်အပျောက်က လေးနှစ်ခုကို သူမြင်လိုက်ပါတယ်။မြင်တွေ့နေကြမို့ဒရုန်းတစီး တက်လာပြီဆိုတာသူ သိလိုက်ပါတယ်။ရေကမ်းစပ်အနီး ပြေးဆင်းပြီးဝပ်နေတယ်။
စစ်တပ်က ကြက်တူရွေး ရွာရဲ့ တောင်ဘက်မှာရှိတဲ့ ကျွန်းကြီးရွာ နဲ့ ကြက်တူရွေးရွာရဲ့မြောက်ဘက်က ဆင်သေရွာမှာ တပ်စွဲထားပြီးဒရုန်းတွေနဲ့ဗုံးကြဲနေကြမို့ စည်သူအ
တွက် အထူးအဆန်း တော့မဟုတ်ပါဘူး။
အရင်ကလ်း ဒရုန်းဗုံး၂လုံးလည်းအိမ်တွေထဲကျဘူးပါတယ်။ဒါပေမယ့်အဲတုန်းက ကျွန်း မြေ အပျော့ ပေါ်ကျတာမို့ ဗုံးတွေ မပေါက်ကွဲခဲ့ပါဘူး။ဒီတခေါက် ဒရုန်းကတော့ လူနေအိမ်တွေဆီကိုတန်းလာတာပါ။ခဏကြာ တော့ ပေါက်ကွဲသံအကျယ်ကြီး ၂ ကြိမ်ကို ဆက်
တိုက်ဆိုသလိုကြားလိုက်ရတယ်။
"လူထိတယ်ဆိုတာ တော့သိလိုက်တယ်။ဒါပေမယ့် သူ့အိမ်နဲ့ ဝေးတာမို့ ကလေးကလည်း သူ့မိဘထိတယ်လို့ တော့မထင်ဘူး။ထူးတော့ ထူးဆန်းတယ်။ဗုံးကြပြီး နောက်တစီး တက်လာတဲ့အထိကိုသူ့မိဘထိမှန်းမသိသေးတဲ့က လေးကရေထဲကတက်ပြီးအိမ်ကိုအပြေးပြန်
သွားတာ"လို့ ဖြစ်စဥ်ကိုမြင်တွေ့ခဲ့တဲ့ ဒေသခံအမျိုးသားတဦး ကပြောပါတယ်။
ဒရုန်းမလာခင် စည်သူ့ရဲ့မိဘနှစ်ဦးစလုံးဟာ ရွာထဲကမိတ်ဆွေတဦးအိမ်ကို လယ်ယာအငှားကိစ္စ စကား ပြောဖို့ ရောက်နေကြတာပါ။အိမ်ရှင်အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတဦး၊ သူ့ရဲ့သမီးဆယ်ကျော်သက်အရွယ်မိန်းကလေးတို့နဲ့ အတူ တဲအောက်ကစင်ပေါ် မှာထိုင်စကား ပြော နေကြတုန်း ဒရုန်းတဲ့ ဗုံးကြဲခံရတာဖြစ်ပါတယ်။
ဒရုန်းပေါ်ကချတဲ့ ဗုံးကအနီးကအိမ်ကြီးတလုံး ပေါ် တည့်တည့်ကျသွားပါတယ်။အိမ်က ခြေတံရှည်အမြင့်အိမ်ဖြစ်ပြီး ကျန်းမာ ရေး ကြောင့် အိပ်ယာထဲ လဲ နေတဲ့သူရှိတဲ့ အိမ်မို့ အားလုံးဟာ စိုးရိမ်တကြီး အဲဒီအိမ်ကိုကြည့် နေပါတယ်။
မျက်စိရှေ့တင် ဗုံးကျခဲ့ပြီးအိမ်ဟာ ခေါင်မိုးပါမကျန် ပျက်စီးခဲ့ပါတယ်။အားလုံးထိတ်လန့်နေကြချိန် ကျန်ဒရုန်းက စည်သူ့မိဘတွေ ရှိနေတဲ့ နေအိမ် တံစက်မြိက်ကို ဗုံးထပ်ချလိုက်ပါတယ်။
ထိုင်နေတဲ့ စင်အောက်ကို ဆင်းဝပ်ပုန်းခိုနေကြရင်းတဖက်အိမ်ကိုစိုးရိမ်တကြီး ကြည့် နေကြတဲ့ စည်သူရဲ့ မိဘ နှစ်ပါးနဲ့ အိမ်ရှင်သား
အမိနှစ်ဦး စုစု ပေါင်း၄ဦးဟာ ဗုံးထိမှန် ခဲ့ပါတယ်။ဗုံးရဲ့ ပြင်းအား ကြောင့် အိမ်ရှင်သား
အမိနဲ့ စည်သူ့ဖခင်တို့ဟာနေရာမှာတင်သေ
ဆုံးသွားပါတယ်။စည်သူ့မိခင်လည်း ဒဏ်ရာပြင်းထန်စွာနဲ့ ဆေးကုသမှု ခံယူနေရပါတယ်။
"ကလေးကသနားဖို့ကောင်းတယ်။တယောက်တည်းကျန်ခဲ့တာ။အခုဘယ်သူနဲ့မှလည်းစ
ကားမပြောတော့ဘူး"လို့ ရပ်ကွက်ကလူကြီးတဦးက ပြောပါတယ်။
စစ်ဘေးကြောင့် ဆွေမျိုးတွေလည်းမလာနိုင်တဲ့ ဖခင်ဖြစ်သူရဲ့ နာရေးကို လူနည်းနည်းလေးနဲ့ စည်သူပြုလုပ်ခဲ့ရပါတယ်။သူ့အိမ်နဲ့မနီးမဝေးအိမ်ကတော့ ဗုံးကျခဲ့ပြီး သားအမိနှစ်ဦးစလုံးသေဆုံးခဲ့တဲ့နာရေး အိမ်ပါ။
Смотреть все посты
Настройки интерфейса
×
Внешний вид интерфейса:
Новый дизайн
Обновленная версия
Старый дизайн
Дизайн до 2025
Настройки успешно сохранены! Страница сейчас обновится...