Аналитика Telegram-канала
Подписчики
4 186
Охват за 24 ч
63
ER за 24 ч
1,51%
Публикаций
551
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
30 окт2 ноя5 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
20.1022.1004.1104.1104.1104.11
108
Средний охват
171
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
35
Упоминаний
31
Из них репостов
3
Каналов
27
Упоминаний
27
Из них репостов
4
Каналов
Последние посты
3 из 551 2 из 551ရာသီဥတုက တစ်ခါပူလိုက်၊ တစ်ခါအေးလိုက်နဲ့ ကလေးလေးတွေ ဖျားနာလွယ်တဲ့အချိန် ရောက်လာပါပြီ။
တချို့ရောဂါတွေက အစပိုင်းမှာ ရိုးရိုးအဖျားလေးလိုပဲ ထင်ရပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာတတ်တာကြောင့် မိဘတွေအနေနဲ့ ကြိုသိထားဖို့ အရမ်းအရေးကြီးပါတယ်။
ဒီနိုဝင်ဘာလမှာ ကလေးတို့ကို အထူးသတိထားစောင့်ကြည့်ပေးရမယ့် ရောဂါ ၅ မျိုးကို မျှဝေပေးချင်ပါတယ်။ ❤️
၁။ ရာသီတုပ်ကွေး (Influenza)
ကလေးက ရုတ်တရက် အဖျားကြီးလာမယ်၊ ချောင်းဆိုးမယ်၊ နှာစေးမယ်၊ ကိုယ်လက်ကိုက်ခဲပြီး အရင်လို မဆော့မကစားတော့ဘူးဆိုရင် ရာသီတုပ်ကွေးဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ကလေးငယ်တွေမှာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သတိထားဖို့ လိုပါတယ်။
၂။ RSV ဗိုင်းရပ်စ်ကူးစက်မှု
ဒီရောဂါက အသက် ၂ နှစ်အောက်ကလေးတွေမှာ ပိုသတိထားရပါတယ်။
အစမှာ နှာစေး၊ နှာရည်ယို၊ ချောင်းဆိုးလောက်ပဲ ဖြစ်တတ်ပေမယ့် တချို့ကလေးတွေမှာ အသက်ရှူလမ်းကြောင်းအောက်ပိုင်းအထိ ထိခိုက်လာနိုင်ပါတယ်။
ကလေးအသက်ရှူမြန်လာတာ၊ ရင်ဘတ်ချိုင့်ဝင်တာ၊ နို့မစို့နိုင်တာတွေ တွေ့ရရင် မပေါ့ဆကြပါနဲ့နော်။
၃။ ဝမ်းပျက်ဝမ်းလျှောရောဂါ (Acute Gastroenteritis)
ကလေးတွေမှာ အန်တာ၊ ဝမ်းလျှောတာကို မကြာခဏတွေ့ရတတ်ပါတယ်။
ဒါပေမဲ့ အရေးကြီးတာက ဝမ်းလျှောတဲ့အကြိမ်ရေထက် ရေဓာတ်ဆုံးရှုံးမှု ရှိ၊ မရှိပါပဲ။
ဆီးသွားနည်းလာတာ၊ ပါးစပ်ခြောက်တာ၊ မျက်ရည်မထွက်ဘဲ ငိုတာတွေက ရေဓာတ်ခန်းခြောက်နေတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
၄။ သွေးလွန်တုပ်ကွေး (Dengue Fever)
ခြင်ကိုက်ခံရပြီး အဖျားကြီးလာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်လာရင် သွေးလွန်တုပ်ကွေးကိုလည်း ထည့်စဉ်းစားရပါမယ်။
မေမေတို့ အထူးမှတ်ထားရမယ့်အချက်က အဖျားကျသွားပြီဆိုပြီး စိတ်ချလို့မရပါဘူး။
ဗိုက်အရမ်းနာတာ၊ အန်တာမရပ်တာ၊ သွေးယိုတာ၊ အလွန်နုံးနယ်တာတွေရှိရင် အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုပါတယ်။
၅။ လက်၊ ခြေ၊ ပါးစပ်ရောဂါ (HFMD)
ကလေးမှာ အဖျားတက်ပြီး ပါးစပ်ထဲ အနာလေးတွေ ပေါက်လာမယ်၊ လက်ဖဝါးနဲ့ ခြေဖဝါးမှာ အနီစက်တွေ၊ အရည်ကြည်ဖုလေးတွေ ပေါ်လာမယ်ဆိုရင် ဒီရောဂါဖြစ်နိုင်ပါတယ်။
ပါးစပ်နာလို့ နို့မစို့နိုင်၊ ရေမသောက်နိုင်တဲ့အထိ ဖြစ်တတ်တာကြောင့် ကလေးရဲ့ အစားအသောက်နဲ့ ဆီးသွားတဲ့အခြေအနေကို သေချာစောင့်ကြည့်ပေးပါနော်။
🚑 မေမေတို့ရေ… ဒီလက္ခဏာတွေရှိရင် မစောင့်ပါနဲ့။
❗ အသက်ရှူခက်လာခြင်း၊ ရင်ဘတ်ချိုင့်ဝင်ခြင်း
❗ နို့မစို့နိုင်၊ ရေမသောက်နိုင်ခြင်း
❗ ဆီးသွားတာ သိသိသာသာနည်းလာခြင်း
❗ နှိုးရခက်လောက်အောင် ငိုက်မျဉ်းခြင်း
❗ တက်ခြင်း၊ သတိလစ်ခြင်း
ဒီလိုလက္ခဏာတွေရှိလာရင် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းကို သွားပြပေးကြပါနော်။
ကလေးဖျားတဲ့အခါ လူကြီးသောက်တဲ့ဆေးကို ခွဲတိုက်တာ၊ ကိုယ့်သဘောနဲ့ ပဋိဇီဝဆေး (Antibiotics) တိုက်တာမျိုးလည်း ရှောင်ကြပါ။ ကလေးတစ်ယောက်နဲ့တစ်ယောက် အသက်၊ ကိုယ်အလေးချိန်နဲ့ ရောဂါအခြေအနေ မတူကြလို့ပါ။
ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်ဖို့ မိဘတွေရဲ့ အသိပညာကလည်း အရေးကြီးတဲ့ အကာအကွယ်တစ်ခုပါပဲ။ ❤️
ဒီအကြောင်းအရာလေးက မေမေ၊ ဖေဖေတစ်ယောက်ယောက်အတွက် အကျိုးရှိနိုင်တယ်ဆိုရင် မျှဝေပေးခဲ့ကြပါနော်။
#ကလေးကျန်းမာရေး
#မိဘဗဟုသုတ
#ကလေးဖျားနာခြင်း
#Dengue
ещё
166
3
4 ноя, 16:32
ещё
30
0
4 ноя, 16:31
🚨🚨🚨🚨🚨🚨🚨🚨🚨
ဂရုပြုဖွယ် စူပါအယ်နီညိုအကြောင်း
ခုရက်ပိုင်း ရာသီဥတုက တအားပူလွန်းလို့ အပူရှပ် (Heat Stroke) ပြီး ဆေးရုံရောက်ရသူတွေ၊ အသက်အန္တရာယ် ကြုံရသူတွေ ရှိလာနေပါတယ်။ အပူရှပ်ခြင်းဟာ မိနစ်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တဲ့အထိ စိုးရိမ်ရလို့ လက္ခဏာတွေနဲ့ အရေးပေါ် ပြုစုနည်းကို မဖြစ်မနေ သိထားဖို့ လိုပါတယ်။
အောက်ကအချက်တွေကို သေချာဖတ်ပြီး Share ထားလိုက်ပါဦး။
(၁) မဖြစ်ခင် သိထားရမယ့် "ရှေ့ပြေးလက္ခဏာများ"
အပူရှပ်တဲ့အဆင့် မရောက်ခင် ခန္ဓာကိုယ်က အခုလို သတိပေးတတ်ပါတယ် -
* ချွေးတွေ ရွှဲနစ်နေအောင် ထွက်တာ
* ခေါင်းမူး၊ ခေါင်းကိုက်ပြီး အင်အားကုန်ခမ်းတာ
* ပျို့အန်ချင်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ
* နှလုံးတုန်ပြီး ကြွက်တက်တာ(ဒီအဆင့်မှာတင် အရိပ်ထဲရွှေ့ပြီး အပူချပေးဖို့ လိုပါတယ်)
(၂) အသက်အန္တရာယ်ရှိတဲ့ "အပူရှပ်ခြင်း (Heat Stroke) လက္ခဏာများ"
* ချွေးလုံးဝ မထွက်တော့ဘဲ အသားအရေတွေ ပူစပ်ပြီး နီရဲခြောက်သွေ့လာတာ
* ကိုယ်အပူချိန် တက်လာတာ
* စကားတွေ ဗလုံးဗထွေးဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ
* သတိလစ် မေ့မြောသွားတာ / အတက်ရောဂါလို တက်တာ
ချက်ချင်းလုပ်ရမယ့် "အရေးပေါ် ရှေးဦးသူနာပြုစုနည်း"
ဆေးရုံမပို့ခင် စပ်ကြား ဒီ (၄) ဆင့်ကို မိနစ်ပိုင်းအတွင်း ချက်ချင်းလုပ်ပေးပါ -
1. လူနာကို နေပူထဲကနေ အဲကွန်း သို့မဟုတ် ပန်ကာရှိတဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာ ချက်ချင်းရွှေ့ပါ။
2. ကျပ်ညပ်နေတဲ့ အဝတ်အစားတွေကို ချွတ်ပစ်ပါ သို့မဟုတ် ဖျော့ပေးပါ။
3. ရိုးရိုးရေ (သို့) ရေအေးနဲ့ တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပါ။ ပန်ကာလေခတ်ပေးပါ။
4. ရေခဲကို လူနာရဲ့ "လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ" တို့မှာ ကပ်ပေးပါ။
လုံးဝ (လုံးဝ) မလုပ်ရမယ့် တားမြစ်ချက် (၂) ချက်
* ပါရာစီတမော လုံးဝမတိုက်ရပါ။
အပူရှပ်တာဟာ ပိုးဝင်လို့ဖျားတာ မဟုတ်လို့ အဖျားပျောက်ဆေး မတိုးပါဘူး။ ဆေးတိုက်ရင် အသည်းနဲ့ ကျောက်ကပ်ကို ပိုပျက်စီးစေပါတယ်။
* သတိလစ်နေရင် ရေမတိုက်ရပါ။
လူနာက စိတ်မကြည်ရင်၊ မိန်းမောနေရင် ရေလုံးဝမတိုက်ပါနဲ့။ အဆုတ်ထဲ ရေဝင်ပြီး အသက်ရှူကျပ်သွားတတ်ပါတယ်။
ဘယ်လို ကြိုတင်ကာကွယ်မလဲ။
* ရေငတ်တဲ့အထိ မစောင့်ဘဲ တစ်နေ့ကို ရေ (၂-၃) လီတာ ပုံမှန်သောက်ပါ။
* အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် အမြဲသုံးပါ။
* အရည်ရွှန်းတဲ့ အသီးအနှံတွေ စားပေးပါ။
* နေ့လယ် (၁၁) နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲ ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။
အပူဒဏ်ကြောင့် ဘယ်သူမှ အသက်အန္တရာယ်မဖြစ်ရအောင် ဒီပို့စ်လေးကို မျှဝေ (Share) ပေးပြီး သတိပေးလိုက်ကြရအောင်ဗျာ။
လူတိုင်း အပူဒဏ်ကနေ ကင်းဝေးကြပါစေ။
#ကျန်းမာရေးဗဟုသုတ
#HeatStroke
#အပူရှပ်ခြင်း
#HeatExhaustion
#fyp
Crd
ещё
69
2
4 ноя, 16:30
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней