Аналитика Telegram-канала
Подписчики
23 308
Охват за 24 ч
967
ER за 24 ч
4,15%
Публикаций
224 180
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
17 ноя20 ноя23 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
04:0004:2805:0207:1309:1610:34
49
Средний охват
111
Лучший результат
Показаны 6 публикаций за 23 ноября
Больше статистики →
Упоминания
26 845
Упоминаний
18 225
Из них репостов
319
Каналов
26
Упоминаний за 90 дней
26
Из них репостов
2
Каналов за 90 дней
Последние посты
3 из 224 180 2 из 224 180
OIC ၏ အထောက်အပံ့ကို ရယူထားသည့် NUGအကြမ်းဖက်အဖွဲ့ နှင့် အပေါင်းအပါအဖွဲ့များက ICJ၏ စီရင်ချက်များကို ထောက်ခံကြိုဆို
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှ မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းစေမှုကျူးလွန်ကြောင်း အပါအဝင် စီရင်ချက်များချမှတ်ခဲ့ရာ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက ICJ ၏ မှားယွင်းသော ဆုံးဖြတ်ချက်များကို ကန့်ကွက်ကြောင်း ထုတ်ပြန်ပြောဆိုလျက်ရှိသော်လည်း OIC ၏ အထောက်အပံ့ကို ရယူပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် NUG အကြမ်းဖက်အဖွဲ့နှင့် အပေါင်းအပါများက ICJ တရားရုံး၏ တွေ့ရှိချက်နှင့် စီရင်ချက်များကို ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။
ICJ တရားရုံး၏ စီရင်ချက်များ ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် OIC အဖွဲ့၏ အထောက်အပံ့ယူထားသည် NUG အကြမ်းဖက်အဖွဲ့ဦးဆောင်သော အဖွဲ့အစည်း နှစ်ရာကျော် က ICJ ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ပြောဆိုမှုများ ပူးတွဲလုပ်ဆောင်ခဲ့ကြသည်။
NUG အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင် ဒူဝါလရှီးလ က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ချမှတ်ခဲ့သည့် တွေ့ရှိချက်များနှင့် စီရင်ချက်များကို NUG အနေဖြင့် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် အလျင်အမြန်နှင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ဖျက်မီဒီယာများနှင့် ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးသမားများ၏ လုပ်ရပ်အပေါ် အမျိုးသားရေးလှုပ်ရှားသူ ကိုနောင်တော်လေး က "ပြည်ဖျက်မီဒီယာတွေက ဒီလူမျိုးလိမ်နာမည်နဲ့ ပတ်သက်လို့ အကဲဆတ်တာက ၂၀၁၂ လောက်ကတည်းက ဘင်္ဂါလီကို လူမျိုးလိမ်နာမည်နဲ့ ရေးသားဖော်ပြပေးဖို့ OIC က ငွေကြေးထောက်ပံ့ပေးတယ်။ အဲဒါကို ရပြီးတဲ့အချိန်ကတည်းက BBC, VOA, RFA ကတော့ အစောဆုံးပေါ့။ DVB, Mizzima, The Irrawaddy, Myanmar Now, Khit Thit တို့ က အဲဒီထောက်ပံ့ကြေး ရပြီးကတည်းက ဘင်္ဂါလီကနေ လူမျိုးလိမ်ဖြစ်သွားတယ်။ အဲဒါက အခိုင်အမာ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုရင် DVB သတင်းဌာနကနေ နားလိုက်တဲ့ ကိုဝင်းမော် ဆိုတာက အဲဒီလူမျိုးလိမ်နာမည်ကို ရေးသားမပေးနိုင်လို့ DVB က ထွက်ခဲ့တာ။ ကိုဝင်းမော် ကို မဲဆောက်အထိ ခေါ်ပြီး ဘင်္ဂါလီလို့ မရေးဘဲ လူမျိုးလိမ်နာမည်ကို ရေးသားပေးဖို့ ခိုင်းတာ။ သူတို့က ငွေယူထားပြီးပြီဆိုတော့ ကိုဝင်းမော် ပြောတာကို လက်မခံကြတော့ဘူး။ ဒါက ပြည်ဖျက်မီဒီယာတွေ အိုအိုင်စီလက်အောက်ကို ရောက်ရှိသွားတဲ့ အခြေအနေ။ NUG, CRPH နဲ့ အပေါင်းအပါတွေက NLD ကနေ ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်းတွေပဲ။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေလည်း အိုင်စီဂျေ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ထောက်ခံကြိုကြောင်း တစ်သံတည်း ထွက်လာတယ်။ အဲဒါ အဖြေပဲ။ အိုအိုင်စီရဲ့ အထောက်အပံ့ ယူမထားဘူးဆိုရင် ဒီကိစ္စက သူတို့နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ ကိုယ့်တိုင်းရင်းသားထဲကလည်း မဟုတ်ဘူး။ ဒါကို ဝင်ပြီး အာချောင်စရာ မလိုဘူး။ သူတို့က အိုအိုင်စီက ပေးတဲ့ငွေကို လက်ခံထားပြီးဖြစ်လို့ NUG, CRPH အပါအဝင် သူတို့ကို ဝန်းရံတဲ့ အရပ်ဘက်အဖွဲ့အစည်း အမည်ခံအဖွဲ့တွေကပါ တစ်သံတည်း ထွက်လာတယ်။ နောက်ဆုံးတော့ KNU အဖွဲ့ကပါ OIC လက်အောက် ရောက်သွားတာ တွေ့ရတယ်။" ဟု သုံးသပ်ပြောဆိုသည်။
NUG အကြမ်းဖက်အဖွဲ့မှ ဒူဝါ လရှီးလက ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် မြန်မာစစ်တပ်သည် ရိုဟင်ဂျာညီအစ်ကိုမောင်နှမများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက တွေ့ရှိဆုံးဖြတ်ခဲ့သည့်အတွက် ယင်းနေ့သည် ရိုဟင်ဂျာပြည်သူများသာမက တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသူအားလုံးအတွက် အရေးပါသည့်နေ့ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်အပေါ် ကိုနောင်တော်လေး က "NLD ပါတီ အစိုးရဖြစ်စဉ်ကာလ က ဒါမျိုး အသံမထွက်ရဲဘူး။ တစ်နိုင်ငံလုံးက NUG အပါအဝင် သူနဲ့ အပေါင်းအပါတွေက တရားဝင်အစိုးရလည်း မဟုတ်တော့ဘူး၊ ငွေကြေးရဖို့ပဲ အလုပ် လုပ်နေတဲ့သဘော၊ အမျိုးယုတ်တွေဖြစ်ကြောင်း မရှက်မကြောက် ဒီလို ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာပါ" ဟု သုံးသပ်ပြောဆိုသည်။
#Myanmar #News
ещё
1
0
23 ноя, 10:34
အိုင်စီဂျေ ၏ ဆုံးဖြတ်ချက်များအပေါ် တစ်ကိုယ်တော် ကန့်ကွက် ဆန္ဒဖော်ထုတ်မည်
ကိုစံလှ က အိုင်စီဂျေတရားရုံး၏ စီရင်ချက်များကို ကန့်ကွက်ဆန္ဒဖော်ထုတ်ရန် ၂၅-၁၁-၂၀၂၆ ရက်နေ့တွင် ရန်ကုန် မှ နေပြည်တော် အထိ ဆန္ဒပြလမ်းလျှောက်ရန် ရည်ရွယ်ထားပြီး သက်ဆိုင်ရာများက တားမြစ်ခဲ့ရင် ရန်ကုန်မြို့အတွင်း သာကေတမှ ဆူးလေအထိ ချီတက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ပြောပါတယ်။
#Myanmar #News
ещё
111
1
1 7 23 ноя, 09:16
ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် မှန်ကန်မှုမရှိသော စီရင်ချက်များ ချမှတ်ခဲ့ခြင်းအပေါ် ကန့်ကွက်ရှုတ်ချပွဲ
ဖိတ်ကြားလွှာ
ещё
25
1
23 ноя, 07:13
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней