Не попадитесь на накрученные каналы! Узнайте, не накручивает ли канал просмотры или подписчиков Проверить канал на накрутку
Прикрепить Телеграм-аккаунт Прикрепить Телеграм-аккаунт

Телеграм канал «Media Development Department»

Media Development Department
1.9K
0
83
43
0
Подписчики
Всего
1 075
Сегодня
0
Просмотров на пост
Всего
104
ER
Общий
9.65%
Суточный
6.14%
Динамика публикаций
Telemetr - сервис глубокой аналитики
телеграм-каналов
Получите подробную информацию о каждом канале
Отберите самые эффективные каналы для
рекламных размещений, по приросту подписчиков,
ER, количеству просмотров на пост и другим метрикам
Анализируйте рекламные посты
и креативы
Узнайте какие посты лучше сработали,
а какие хуже, даже если их давно удалили
Оценивайте эффективность тематики и контента
Узнайте, какую тематику лучше не рекламировать
на канале, а какая зайдет на ура
Попробовать бесплатно
Показано 7 из 1 917 постов
Смотреть все посты
Пост от 23.10.2026 06:21
43
0
0
သတင်းထုတ်ပြန်ချက်
Пост от 23.10.2026 06:21
44
0
0
သတင်းထုတ်ပြန်ချက်
=========
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာစေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိသည့်ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါသည်။

၃-၈-၂၀၂၆ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude De Baqque နှင့်တွေ့ဆုံခွင့်ပြုခဲ့ပါသည်။ ၁၉-၁၀-၂၀၂၆ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားလ်စ်ဘုရင်ကပေးပိုသည့် စာအုပ် ၂ အုပ်၊ အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့ကို ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံ ပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်သည် ဒေါ်အောင်ဆန်းစုကြည်အား လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းစဉ်များအရလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအတွင်းက ဆောင်ရွက်ပိုင်ခွင့်ရှိသော အထူးကိစ္စရပ်အနေဖြင့်လည်းကောင်း အကျဉ်းသူဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနှင့် ၂၂-၁၀-၂၀၂၆ ရက်နေ့၊ ၁၄၃၀ အချိန်မှ ၁၄၅၀ အချိန်အထိ လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် စကားပြောကြေးနန်းဖြင့် ကောင်စစ်ဆိုင်ရာဆက်သွယ်ပြောဆိုမှုပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
Пост от 22.10.2026 12:59
13
0
0
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အစားထိုးပြောင်းလဲ
Пост от 22.10.2026 12:59
13
0
0
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ခုနစ်ဦး အစားထိုးပြောင်းလဲ
Пост от 22.10.2026 12:59
13
0
0
မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်း (၂၇) ခုဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိ
=======
မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် ပြည်တွင်းပုဂ္ဂလိက အသက်အာမခံကုမ္ပဏီကိုးခု၊ ဖက်စပ်အသက်အာမခံ ကုမ္ပဏီသုံးခု၊ ရာနှုန်းပြည့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီငါးခု၊ ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံ ကုမ္ပဏီခြောက်ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီသုံးခု၊ အသက်နှင့် အထွေထွေအာမခံနှစ်မျိုးလုံး လုပ်ကိုင်သည့် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်း (၂၇) ခုဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၄၁) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၂/၂၀၂၆)မှ သိရသည်။
Пост от 22.10.2026 12:58
8
0
0
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ဇွဲကပင်နှင့် Young Lionesses အသင်း သရေကျ
========
ရန်ကုန် အောက်တိုဘာ ၂၁
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အပတ်စဉ် (၁၀) နောက်ဆုံးပွဲစဉ်ကို ယနေ့ညနေ ၃ နာရီခွဲက ပဒုံမာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယားအဆင့် (၈) နေရာမှ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် အဆင့် (၉) နေရာမှ Young Lionesses အသင်းတို့တွေ့ဆုံခဲ့ပြီး တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
Пост от 22.10.2026 12:57
11
0
0
တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ၁၃၅၀၀၀၀ ကျပ် သတ်မှတ်
============
အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက် ကြေညာချက်အမှတ် (၁/၂၀၂၆)
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်
၁။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂။ အစိုဓာတ် ၁၄ % ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါး ဈေးနှုန်းကို ၁၃၅၀၀၀၀ ကျပ် သတ်မှတ်လိုက်သည်။
၃။ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ပါသည်။ ယခုသတ်မှတ်သော အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၆ ခုနှစ် မိုးစပါးနှင့် ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
၄။ အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ် ရုံးချုပ် (ဖုန်း၊ ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆) သို့ဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့
Смотреть все посты