Аналитика Telegram-канала
Подписчики
2 762
Охват за 24 ч
80
ER за 24 ч
2,90%
Публикаций
129
Динамика подписчиков
7 дней
30 дней
6 месяцев
Больше
10 ноя13 ноя16 ноя
Показаны последние 7 дней
Больше истории →
Охваты публикаций
22.1025.1025.1028.1029.1013.11
37
Средний охват
164
Лучший результат
Показаны 6 публикаций — последние в канале
Больше статистики →
Упоминания
22
Упоминаний
22
Из них репостов
2
Каналов
0
Упоминаний за 90 дней
0
Из них репостов
0
Каналов за 90 дней
Последние посты
3 из 129 2 из 129
လရောင်ဖြူ အိုမီဂါဇနီးသည်လေး
Description
ရှီယိသည် ဂလင်းအကျိတ်(Gland)နှင့် သက်ဆိုင်သည့်ရောဂါအား ခံစားနေရသည့် အိုမီဂါလေးဖြစ်၏။ သူသည် ဖယ်ရိုမုန်းများ မထုတ်လုပ်နိုင်သည့်အပြင် အေးစက်ကာခံစားချက်များလည်း ကင်းမဲ့နေပြီး သူ၏အလုပ်ကိုသာဂရုစိုက်သည်။
နောက်ဆုံး၌ သူသည်ဆေးခပ်ခံရပြီး Estrus ကာလထဲသို့ ဆေး၏ဖိအားပေးမှုကြောင့်ရောက်လာပြီး မရင်းနှီးသည့် အယ်လ်ဖာသူစိမ်းနှင့် တစ်ညတာကုန်ဆုံးခဲ့ရ၏။
သူ့အား အမှတ်အသားပေးခဲ့သူမှာ ကောလဟာလသတင်းများထဲမှ လွှမ်းမိုးနိုင်ကာ အေးစက်ပြီး ရက်စက်သည့် ထိပ်တန်းအယ်လ်ဖာ လုယွမ်ယဲ့ ဖြစ်နေ၏။
လူထုအမြင်များ၏ ဖိအားပေးမှုအောက်၌ သူတို့၂ဦးသည် အတင်းအကြပ်လက်ထပ်ထိမ်းမြှားခဲ့ရသည်။ ထို့နောက် ချက်ချင်းပင် လုယွင်ယဲ့သည် စာချုပ်တစ်ခု သူ့အားပစ်ပေးခဲ့သည် : ငါ့မှာ လရောင်ဖြူလေးရှိတယ်၊ အဲ့တော့ ငါတို့ကြား အထိအတွေ့လုံးဝမရှိရဘူး၊ ၃နှစ်ကြာတာနဲ့ ကွာရှင်းကြရမယ်။
ရှီယိ : ကောင်းပြီ
...
ရှယ်ယာရှင်အစည်းအဝေး၌ လူတိုင်းကတော့ ရှီယိအား လှောင်ရယ်ကြရန် စောင့်မျှော်နေကြချိန်၌ လုယွမ်ယဲ့မှ စိတ်ခံစားချက်များ များပြားလာကာ ငိုတော့မည့်ပုံဖြစ်နေ၏ : “ဇနီးလေး ငါ့ဇနီးလေးက ငါ့ကိုမကြိုက်ဘူးပဲ...”
ရှီယိသည် အယ်လ်ဖာအမျိုးသား၏ ပါးစပ်အား သူ၏လက်ဖြင့်ပိတ်လိုက်ကာ အစည်းအဝေးထဲရှိ လုယွင်ယဲ့ဘက်မှဆွေမျိုးများအား တောင်းပန်လိုက်၏ : “ကျွန်တော် တောင်းပန်ပါတယ်၊ သူက...”
“ငါ့ဇနီးလေးရဲ့ ဖယ်ရိုမုန်းလိုချင်တယ်” မျက်လုံးများနီရဲနေကာ သူစကားမဆုံးခင်မှာပင် လုယွင်ယဲ့သည် သူ့အပေါ်သို့မှီလာ၏။ “ကျေးဇူးပြုပြီး နော်...”
ရှီယိသည် ရွေးချယ်စရာမရှိတော့ဘဲ ချော့ပြောရတော့သည် : “စိတ်ရှည်ရှည်ထား၊ ပြီးတာနဲ့ အိမ်ပြန်ရောက်ရင် ခင်ဗျားလိုချင်တာ အကုန်လိုက်လျောပေးမယ်”
အယ်လ်ဖာ : ထိတွေ့ချင်တယ်
အိုမီဂါ : ကောင်းပြီ
အယ်လ်ဖာ : နမ်းချင်တယ်
အိုမီဂါ : ...ကောင်းပြီ
အယ်လ်ဖာ : တစ်သက်တာအမှတ်အသားပေးချင်တယ်
အိုမီဂါ : ...
——————————
လုယွမ်ယဲ့၏နှလုံးသားအတွင်း၌ မြှုပ်နှံထားသည့် လရောင်ဖြူလေးရှိ၏။ သူသည် နူးညံ့ပြီးချစ်စရာကောင်းပြီး ချိုမြိန်သောဘန်းမုန့်လုံးနှင့်တူသော အိုမီဂါဖြစ်ကာ သူ၏မက်မွန်ရနံ့ဖယ်ရိုမုန်းသည်လည်း လူကိုရူးသွပ်သွားစေနိုင်၏။
သူ၏လရောင်ဖြူလေးအား ၁၀နှစ်ထက်မက မရပ်မနား ရှာဖွေနေခဲ့ပြီး လက်ထပ်ဖို့သဘောတူလိုက်ရပြီးနောက်မှာတောင် သူလက်မလျှော့နိုင်ခဲ့ပေ။ တစ်နေ့၌ သူ၏အိမ်ထောင်ဖက်လေး၏ ဂလင်းအကျိတ်သည် ဖွံ့ဖြိုးလာပြီး သူ့အားချိုမြိန်သော မှည့်ဝင်းနေသည့်မက်မွန်ရနံ့ဖြင့် လွှမ်းမိုးလာခဲ့သည်။
တကယ်တော့ ငါ့ဇနီးလေးက လရောင်ဖြူလေးဖြစ်နေခဲ့တာလား???
___
Hello
Reader လေးတို့ရေ ...
ဒီနေ့လဲ ✅completed ဖြစ်သွားတဲ့ Ichika_Yuko ရဲ့ "လရောင်ဖြူ အိုမီဂါဇနီးသည်လေး " ဆိုတဲ့ novel လေးကိုကြေညာပါရစေ
အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင်
ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင်
👇👇👇👇👇
https://mmstoryteller.com/novel-506-chapters
💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 4 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ်
💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖
အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်
အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️
THANK U 💙
www.mmstoryteller.com
🌸🌸🌸🌸🌸
ещё
17
0
13 ноя, 06:18
ဗီလိန်ယောက္ခမအဖြစ်ကူးပြောင်းပြီးနောက် ချွေးမတွေရဲ့သဲသဲလှုပ်ချစ်တာခံနေရတယ်
🍅 Intro
ဆေးပညာနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်လှသည့် ဒေါက်တာဝူယွီလန်တစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့ပြီးနောက် သူမ၏ဝိညာဉ်သည် အလွန်တရာအဆိပ်ပြင်းကာ ရက်စက်ယုတ်မာလှသော အဘွားအိုတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိသွားခဲ့သည်။
ခေတ်မီဆေးရုံ၏ပိုးသတ်ဆေးနံ့များအစား ရှေးဟောင်းအိမ်ကြီး၏ဖုန်နံ့များက သူမ အာရုံကို နှိုးဆွလိုက်ချိန်တွင် လူနာများအား ကယ်တင်ချင်သည့် သူ့မြင့်မြတ်သောဆန္ဒများက ဤခန္ဓာကိုယ်အိုကြီးထဲတွင် ပိတ်လှောင်ခံလိုက်ရတော့ ၏။
အဖွားကြီး၀ူသည် နယ်တစ်ဝိုက်တွင် နာမည်ဆိုးဖြင့်ကျော် ကြားလှသူဖြစ်သည်။ ချွေးမဖြစ်သူကို နှိပ်စက်ညှဉ်းပန်းရုံသာမက မြေးမလေးကိုပါ ငွေလောဘဖြင့် ရောင်းစားခဲ့သည့်အပြင်၌ မည်မျှယုတ်မာကောက်ကျစ်သော အလုပ်မျိုးကိုမဆို မျက်တောင်မခတ်ဘဲ လုပ်ရဲသူအဖြစ် နာမည်ကြီးလေသည်။
သူမထံ သားလေးယောက်ရှိသော်လည်း အငယ်ဆုံးသားလေးမှလွဲ၍ ကျန်သည့်သားများကိုမူ ခိုင်းနွား၊ ခိုင်းမြင်းများကဲ့သို့ သဘောထားကာ သေမတတ် အလုပ်ကြမ်းများ ခိုင်းစေလေ့ရှိသည်။
အချစ်တော် အငယ်ဆုံးသားလေး အသားစားရစေရန်အတွက် အေးစိမ့်ကာ နှင်းများကျနေသည့် ဆောင်းရာသီကြီးထဲတွင် သားအကြီးဆုံးကို တောင်ပေါ်သို့ အမဲလိုက်ခိုင်းခဲ့ရာ သားအကြီးဆုံးခမျာ သားရဲတိရစ္ဆာန်များ၏ကိုက်ဖြတ်မှုကြောင့် အသက်သေလုနီးပါးဖြစ်ခဲ့ရရှာ၏။
အငယ်ဆုံးသားလေး ပညာသင်ကြားနိုင်ရေးအတွက် ပူပြင်းလှသည့် နွေရာသီနေပူကျဲကျဲအောက်တွင် သားလတ်ကို မြစ်ကြောင်းတူးဖော်ရေး အလုပ်ကြမ်းလုပ်ရန် စေခိုင်းခဲ့ပြန်ရာ ဒုတိယသားဖြစ်သူမှာလည်း အမောဖောက်၍ အသက် ထွက်လုမတတ် ပင်ပန်းဆင်းရဲခဲ့ရသည်။
အငယ်ဆုံးသားလေး၏ရှေ့ရေး သာယာဖြောင့်ဖြူးစေရန်ဟူသော တစ်ကိုယ်ကောင်းဆန်သည့် ရည်မှန်းချက်ဖြင့် ခြေထောက်ကျိုးနေသော တတိယသားကိုပင် နယ်စပ်စစ်မြေပြင်သို့ ရက်ရက်စက်စက် စေလွှတ်ခဲ့သဖြင့် ထိုသားမှာလည်း စစ်ပွဲအတွင်း ကျဆုံးလုနီးပါးဖြစ်ခဲ့ရပြန်သည်။
သို့သော်လည်း တစ်နေ့တွင်တော့ အဘွားကြီးဝူသည် လုံးဝကို ပြောင်းလဲသွားခဲ့လေ၏။
ဆရာဝန်တစ်ဦး၏ အေးချမ်းသော မေတ္တာတရားနှင့် မိသားစုကို ကုစားလိုသည့် မှန်ကန်သောရည်မှန်းချက်များကို ကိုင်စွဲထားသည့် ဝိညာဉ်အသစ်လေးသည် အငယ်ဆုံးသားအပေါ် မျက်ကန်းတစ္ဆေ အလိုလိုက်နေမှုများကို ရပ်တန်းကရပ်လိုက်ပြီး သူမကိုယ်တိုင် စွန့်ပစ်ရောင်းစားခဲ့သည့် မြေးမလေးများကို တစ်ယောက်ချင်းစီ ပြန်လည်ရွေးယူလာခဲ့သည်။
သူ့ဇနီးသည် ကလေးမွေးဖွားကြောင်း သတင်းကြားသည်နှင့် ဆုန်းကျိခန်းတစ်ယောက် အဝေးမှနေ၍ အပြေးအလွှား ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် မိခင်ဖြစ်သူ၏ နှိပ်စက်မှုကြောင့် သူ့ဇနီးခမျာ လူရုပ်မပေါက်အောင် ပိန်ချုံးနွမ်းနယ်နေမည်ကိုတွေးပြီး ရင်တမမ ဖြစ်နေခဲ့၏။
သို့သော် အိမ်သို့ရောက်သည့်အခါ မြင်လိုက်ရသည့်မြင်ကွင်းက သူ့ကို အံ့ဩမှင်တက်သွားစေသည်။
သူ့ဇနီးမှာ ပါးပြင်နှစ်ဖက် ပန်းရောင်သန်းကာ ကျန်းမာဝဖြိုးနေသည်ကို တွေ့လိုက်ရလေသည်။ မွေးခါစ သမီးငယ်လေးမှာလည်း ကြာစွယ်လေးများပမာ အစ်အစ်ဖောင်းဖောင်း လက်ကလေးများနှင့် ချစ်စရာကောင်းလောက်အောင် ပြည့်ဖြိုးနေလေသည်။
အိမ်ထဲရှိ အခြားသော မိန်းမသားများကို လိုက်ကြည့်လိုက်ပြန်တော့လည်း အားလုံးက ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကျက်သ ရေရှိလှပြီး ပန်းထိုးရင်း သက်တောင့်သက်သာ အနားယူနေကြသည်။
ထိုအချိန်တွင် သူ၏ရက်စက်လှပါသည်ဆိုသော မိခင်ကြီးမှာမူ တံမြက်စည်းအကြီးကြီးကို ဝှေ့ယမ်းရင်း သူမ၏အချစ် တော် သားအငယ်ဆုံးကို အိမ်အနှံ့လိုက်လံရိုက်နှက်နေလေသည်။
စုန့်ကျစ်ခန်၏မျက်လုံးများ ပြူးကျယ်သွားပြီး နှုတ်ခမ်းများ ပွင့်ဟသွား၏။
“ဘုရားရေ၊ ဒါ ငါ့အိမ်ရော ဟုတ်သေးရဲ့လား၊ ငါ အိပ်မက် မက်နေတာများလား”
🍑🍑🍑🍑🍑
Hello
Reader လေးတို့ရေ ...
ဒီနေ့လဲ ✅ Completed ထားတဲ့ Xiao Nuhaii ရဲ့ "ဗီလိန်ယောက္ခမအဖြစ်ကူးပြောင်းပြီးနောက် ချွေးမတွေရဲ့သဲသဲလှုပ်ချစ်တာခံနေရတယ် " ဆိုတဲ့ novel လေးကိုကြေညာပါရစေ
အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင်
ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင်
👇👇👇👇👇
https://mmstoryteller.com/novel-690-chapters
💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ်
💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖
အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်
အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️
THANK U 💙
www.mmstoryteller.com
🌸🌸🌸🌸🌸
ещё
164
1
29 окт, 09:47
ငါကခွေးရူးဇာတ်လိုက်ရဲ့လရောင်ဖြူဖြစ်သွားတယ်
[ ညှို့ယူဖမ်းစားနိုင်မှန်း ကိုယ့်ကိုယ်ကိုမသိတဲ့ Shou × ပိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး အမှောင်ဖုံးနေတဲ့ ခွေးရူးလို Gong ]
စုဟန်သည် ဝတ္ထုတစ်အုပ်ထဲသို့ ကူးပြောင်းရောက်ရှိသွားခဲ့ပြီး ကမ္ဘာပျက်ကပ်နောက်ခံ ညှင်းပန်းနှိပ်စက်မှုများပြည့်နေသည့် ဝတ္ထုထဲမှ သာမန်ဇာတ်ရံအဆင့်ရှိသော ဇာတ်ကောင်လေးတစ်ယောက် ဖြစ်လာခဲ့သည် ။ ထို့အပြင် '၁၁၁' ဟုခေါ်သော စနစ် တစ်ခုနှင့်လည်း ချိတ်ဆက်မိသွားခဲ့သည် ။
မူရင်းဝတ္ထုထဲတွင် ဇာတ်လိုက်၏ နောက်ခံဇာတ်ကြောင်းမှာ အလွန်သနားစရာကောင်းပြီး လူတကာ၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
သူ အသက်ရှင်နိုင်ရန်အတွက် ဇာတ်ကြောင်းကို ပြောင်းလဲရန် နည်းလမ်းရှာရမည်ဖြစ်ပြီး ဇာတ်လိုက် အမှောင်ဘက် ကူးမသွားစေရန် တားဆီးရမည်။
ဇာတ်လိုက်ကို ဘယ်သူကပဲဖြစ်ဖြစ် လာနှိပ်စက်ရင် သူကပြန်ချမည် ။
ဇာတ်လိုက်ကို ဘယ်သူပဲ သစ္စာဖောက်ဖောက် သူက သတ်ပစ်မည် ။
ဇာတ်လိုက်ကို ဒုက္ခပေးခဲ့သမျှ လူတွေအားလုံးကိုလည်း သူကိုယ်တိုင် လက်တုံ့ပြန်ပြီး ရိုက်နှက်ဆုံးမပေးခဲ့သည်။
သို့သော်လည်း တစ်ခုခုမှားနေပြီဆိုသည်ကို စုဟန် ရိပ်မိသွားသည့်အချိန်တွင် အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်သည် ။
သနားစရာကောင်းတဲ့ ဇာတ်လိုက်လေးက ဘယ်မှာလဲ ?
ဇာတ်လိုက်မှာ ပိုင်ဆိုင်လိုစိတ်ကြီးပြီး အမှောင်ဖုံးနေသူဖြစ်သည် ။ သူ့ကို လာထိသည့် မည့်သူကိုမဆို ကိုက်သတ်မည့် ခွေးရူးတစ်ကောင် ဖြစ်နေသည်မှာ အထင်အရှားပင်။
ထို့အပြင် ထိုခွေးရူးကြီး သူ့ကို ကြည့်နေသည့် အကြည့်များကလည်း တစ်မျိုးကြီး ဖြစ်နေတော့သည်။
🍑🍑🍑🍑
Hello
Reader လေးတို့ရေ ...
ဒီနေ့လဲ FlamingRoseTeam ရဲ့ "ငါကခွေးရူးဇာတ်လိုက်ရဲ့လရောင်ဖြူဖြစ်သွားတယ်" ဆိုတဲ့ novel လေးကိုကြေညာပါရစေ
အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင်
ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင်
👇👇👇👇👇
https://mmstoryteller.com/novel-696-chapters
💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ်
💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖
အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်
အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️
THANK U 💙
www.mmstoryteller.com
🌸🌸🌸🌸🌸
ещё
13
0
1 28 окт, 06:19
Продолжить анализ этого канала
- История роста подписчиков
- Просмотры и охваты публикаций
- Кто упоминает канал и кого упоминает он
- Похожие каналы и подбор для рекламы
Открыть аналитику
Демо до 14 дней