Телеграм канал ''




393 подписчиков
454 просмотров на пост


Детальная рекламная статистика будет доступна после прохождения простой процедуры регистрации


Что это дает?
  • Детальная аналитика 783'936 каналов
  • Доступ к 307'692'131 рекламных постов
  • Поиск по 1'237'831'527 постам
  • Отдача с каждой купленной рекламы
  • Графики динамики изменения показателей канала
  • Где и как размещался канал
  • Детальная статистика по подпискам и отпискам
Telemetr.me

Telemetr.me Подписаться

Аналитика телеграм-каналов - обновления инструмента, новости рынка.

Найдено 13 постов

Видео/гифка, 1323 сек,
Movie Review

အေးမြမြဆောင်းတွင်း အရသာနဲ့ Homecoming ကို ခံစားလိုက်ပါ။
Homecoming ကDragon 3 ရဲ့
နိဂုံး ဇာတ်လမ်းတိုလေး တစ်ခုပါ။ ဒီထဲမှာ Hiccup နဲ့ Toothless တို့ရဲ့
သားသားမီးမီးလေးတွေကို တွေ့ရမှာဖြစ်တဲ့အပြင် Snoggletog Festival လို့ခေါ်တဲ့
ပွဲတော်အသစ်တစ်ခုလည်း ပါဝင်လာမှာပါ။အပိုင်းက အရမ်းမရှည်ပေမယ့်
အချစ်တော်တွေကို တစ်စုတစ်စည်းတည်း ပြန်မြင်ရမယ်ဆိုတော့
သေချာပေါက် ကြည့်သင့်တာနော်…

#Credit_Review
How to Train Your Dragon : Homecoming (2019)
Изображение
Видео/гифка, 6246 сек, How_to_Train_Your_Dragon_The_Hidden_World_2019_1080p_BluRay_DTS.mp4
IMDb – 7.5
How To Train Your Dragon ဟာ ၁ နဲ့ ယခုဇတ်သိမ်းမယ့် ၃ ဟာ ၉ နှစ်ခြားခဲ့ပါတယ်…
How To Train Your Dragon ရဲ့ပရိတ်သတ်တွေ
အမြောက်အမြားဆိုတာယုံမှားဖွယ်မရှိပါဘူး…ဇာတ်လမ်းအကျဉ်းဟစ်ကပ်တို့ရဲ့ ဘာ့ခ်မှာ နဂါးတွေ တဖြည်းဖြည်းများပြားလာသလိုနဂါးမုဆိုးတွေရဲ့ ရန်ကလည်း ပိုကြီးမားလာပါတယ်။ဒါကြောင့် နဂါးတွေနဲ့ သူ့လူတွေ လုံခြုံစေဖို့ ဟစ်ကပ်ဟာကမ္ဘာကြီးရဲ့ အဆုံးက လျို့ဝှက်နေရာတစ်ခုကိုရှာဖွေဖို့ ကြိုးစားပါတော့တယ်။(ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်တဲ့သူကတော့ Littleneo ပဲဖစ်ပါတယ်ခင်ဗျ)
How to Train Your Dragon : The Hidden World (2019)
Изображение
Видео/гифка, 6115 сек,
IMDb – 7.8
နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။
ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။
ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။
အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။
အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။
Eret ဟာ သူ့ရဲ့ ရွာပျက်သွားတာကြောင့် နဂါးတွေကို ကြည့်မရသူဖြစ်ပြီး Drago Bludvist လို့ခေါ်တဲ့ နဂါးနိုင်မင်းတစ်ယောက်အတွက် နဂါးတွေ လိုက်ဖမ်းပေးနေတာပါ။
ဒီကိစ္စကို အသိပေးဖို့ Hiccup နဲ့ Astrid တို့ဟာ ရွာကို ပြန်ခဲ့ကြပါတယ်။
Hiccup နဲ့ Astrid တို့ဆီက သတင်းစကား ကြားရပြီးနောက်မှာတော့ Stoick က တစ်ရွာလုံးကို တပ်လှန့်လိုက်ပါတယ်။
Stoick ဟာ အရင်က Drago နဲ့ ရင်ဆိုင်ဖူးပြီး ရူးသွပ်နေတယ်လို့ ဆိုပါတယ်။
Drago ဟာ ရွာကို နဂါးတွေနဲ့ မီးလောင်တိုက်သွင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်။
ဒါပေမယ့် Hiccup ကတော့ အဲဒီ သုံးသပ်ချက်ကို လက်မခံပဲ Drago ကို သူဖြောင်းဖြရင် ရနိုင်မယ်လို့ ယုံကြည်ပြီး Eret ဆီမှာ သွားအဖမ်းခံလိုက်ပါတယ်။
အဲဒီလို အဖမ်းခံပေမယ့်လည်း Hiccup ကို တကယ်တမ်း မဖမ်းနိုင်ပဲ လွတ်မြောက်သွားပြီး Hiccup နဲ့ Astrid တို့ဟာ တခြားသူတစ်ယောက် ဖမ်းဆီးတာ ခံလိုက်ရပါတယ်။
ဖမ်းလိုက်တဲ့သူကတော့ တခြား နဂါးစီးသူ တစ်ယောက်ဖြစ်ပြီး Valka လို့ အမည်ရပါတယ်။ သူဟာ Alpha အမျိုးအစား ဧရာမ နဂါးကြီးကို နိုင်နင်းသူဖြစ်ပြီး အဲဒီ Alpha နဂါးကြီးဟာ ကျန်တဲ့ နဂါးလေးတွေကို စောင့်ရှောက်သူ ဖြစ်ပါတယ်။
နောက်မှ သိရတာက Valka က Hiccup ရဲ့ မိခင်ဖြစ်ပြီး သူငယ်စဉ်က နဂါးတွေနဲ့အတူ ရွာကနေ ထွက်သွားခဲ့တာပါ။
Hiccup ဟာ သူ့မိခင်ကို ပြန်တွေ့ရပေမယ့် Drago ရဲ့ အန္တရာယ်ကနေ လွတ်မြောက်ခြင်း မရှိသေးပါဘူး။
ဗိုက်ကင်းကြီး Stoick ကလည်း Hiccup နောက်ကို လိုက်လာပါတယ်။
Hiccup တို့ မိသားစု ပြန်လည်ဆုံတွေ့ကြမှာလား။
Drago ကရော ဘာတွေ ကြံစည်ထားလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။
Kung Fu Panda ကနေ တောက်လျှောက် 3D နဲ့ အောင်မြင်မှု ရခဲ့တဲ့ DreamWorks Animation ဟာ ၂၀၁၀ ပြည့်နှစ်က အောင်မြင်ခဲ့တဲ့ How to Train Your Dragon ရဲ့ ဒုတိယမြောက် ဇာတ်ကားကို ဆက်လက်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ စာရေးဆရာမ Cressida Cowell ရဲ့ How to Train Your Dragon ဝတ္ထုကို သုံးပိုင်းခွဲ ရိုက်ကူးတဲ့ထဲက ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။
ဒါရိုက်တာ Dean DeBlois ရိုက်ကူးပြီး Jay Baruchel ၊ Cate Blanchett ၊ Gerald Butler ၊ Craig Ferguson ၊ America Ferrera နဲ့ Djimon Hounsou တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
IMDb မှာ Rating 7.8 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 91% ထိ ရရှိထားပါတယ်။
နဂါးတွေ အရောင်စုံနဲ့ ရုပ်ထွက်လှပမှုကလည်း Rio 2 နဲ့ အပြိုင်ပါပဲ။
ဗိုက်ကင်းတွေရဲ့ ဇာတ်အိမ်နဲ့ ခိုင်မာတဲ့ ဇာတ်ကြောင်းကိုလည်း ပရိသတ်နှစ်သက်မှာပါ။

#Credit_Review_by_Cm
How To Train Your Dragon 2 (2014)
Изображение
Видео/гифка, 5896 сек,
၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ DreamWorks Animation မှထုတ်လုပ်ထားတဲ့ Animation ကား
လေးတစ်ကားဘဲဖြစ်ပါတယ်။လက်ရှိအချိန်ထိ IMDB 8.1 , Rotten Tomatoes 98% ရရှိထားတဲ့
ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။
အညွှန်း
ဟိုး…ရှေးရှေးတုန်းက… မြောက်ပိုင်းကျွန်းဆွယ်လေး ဘက်ခ် လို့ခေါ်တဲ့နေရာလေးမှာပေါ့.
ဟစ်ကပ်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်က သူ့မြို့ငယ်လေးရဲ့ နဂါးနှိမ်နင်းရေးတပ်ဖွဲ့ထဲကို
အရမ်းကိုဝင်ချင်ခဲ့တာ။ဒါပေမယ့် သူ့အဖေ (မြို့ရဲ့ခေါင်းဆောင်ကြီးက) သူ့ကို ခန္ဒာကိုယ်အရွယ်
အစားသေးတာကြောင့် ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါပေမယ့် တီထွင်ဉာဏ်ရှိလှတဲ့ ဟစ်ကပ်တစ်ယောက်
သူ့အဖေစကားကို နားမထောင်ဘဲ တိုက်ပွဲအတွင်းကိုဝင်ရောက်ပြီးတော့ သူတီထွင်ထားတဲ့လက်
နက်နဲ့ နဂါးတစ်ကောင်ကိုပြစ်လိုက်ပါတယ်၊ သူပြစ်လို့မှန်သွားတဲ့ နဂါးက Night Fury မှန်းသိတဲ့
အခါ…. ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။

#Credit_Review
How to Train Your Dragon (2010)
Изображение

Найдено 13 постов